တစ်ခြားသူတွေကိုကာကွယ်ရင်းကျဆုံးခဲ့ရတဲ့ သူရဲကောင်းလေး
ပြည်သူတွေကတော့ ဒီကာလအတွင်းမှာ ကျဆုံးခဲ့ရတဲ့ ပြည်သူ့သူရဲကောင်းတွေကို အမြဲတမ်း သတိရအောက်မေ့နေကြဆဲ ဖြစ်ပါတယ် ။ အခုဆိုရင်လည်း ပြည်သူတစ်ဦးက ကွယ်လွန်သွားတာ (၂) လပြည့်တော့မှာဖြစ်တဲ့ သူရဲကောင်း မောင်ရှိုင်းထက်အောင်ရဲ့အကြောင်းကို ရေးသားမျှဝေခဲ့တာ ဖြစ်ပါတယ်။
မောင်ရှိုင်းထက်အောင်ကတော့ ပြီးခဲ့တဲ့ မတ်လ (၂၇) ရက်နေ့မှာ အသက်ပေးခဲ့ရတဲ့ သူရဲကောင်းတစ်ဦး ဖြစ်ပါတယ် ။အသက် (၂၇) နှစ်အရွယ်နဲ့ လူ့လောကကြီးကနေ ထွက်ခွာသွားခဲ့ရတဲ့ မောင်ရှိုင်းထက်အောင်က တောင်ငူနည်းပညာတက္ကသိုလ်ကနေ (B.ted, B.E Mechanical Power MP) ဘွဲ့ရရှိထားတဲ့ အင်ဂျင်နီယာတစ်ယောက်လည်း ဖြစ်ပါတယ် ။
သူကတော့ တစ်ဖက်က ဗုံးနဲ့ပစ်တာကို တစ်ခြားသူတွေထိမှာစိုးလို့ ပြန်ကောက်ပစ်ရင်းနဲ့ လက်ထဲမှာ တင်ပေါက်ကွဲသွားတာကြောင့် ကျဆုံးသွားခဲ့ရတာပဲ ဖြစ်ပါတယ်။ အလောင်းပြန်ရခဲ့ပေမယ့်လည်း ကလီစာတွေတောင် ပြန်မပါတော့တဲ့အထိဖြစ်ခဲ့ရတဲ့ သူ့ရဲ့အဖြစ်ကို ပြည်သူတွေကတွေးရင်း စိတ်မကောင်းဖြစ်နေကြဆဲဖြစ်ပါတယ် ။
ဒါ့အပြင် သူရဲကောင်းစိတ်ဓာတ်အပြည့်ရှိတဲ့ မောင်ရှိုင်းထက်အောင်ကို ပြည်သူတွေက အခုချိန်အထိ လေးစားဂုဏ်ပြုနေကြတာ ဖြစ်ပါတယ် ။
လာမယ့်မေလ (၂၇) ရက်နေ့မှာဆိုရင် မောင်ရှိုင်းထက်အောင် ကွယ်လွန်ခဲ့တာ (၂) လတိတိပြည့်တော့မှာပဲ ဖြစ်ပါတယ် ။ ဒါကြောင့် သူနဲ့ရင်းနှီးခဲ့တဲ့ မိတ်ဆွေတစ်ဦးက မောင်ရှိုင်းထက်အောင်ကို သတိရနေကြောင်းပြောထားတာ ဖြစ်ပါတယ် ။ပြည်သူ့သူရဲကောင်းတွေကတော့ အချိန်တွေဘယ်လောက်ကြာကြာ ပြည်သူတွေရဲ့ရင်ထဲမှာ အခိုင်အမာနေရာယူထားဆဲ ဖြစ်ပါတယ် ။
Zawgyi
တစ္ျခားသူေတြကိုကာကြယ္ရင္းက်ဆုံးခဲ့ရတဲ့ သူရဲေကာင္းေလး
ျပည္သူေတြကေတာ့ ဒီကာလအတြင္းမွာ က်ဆုံးခဲ့ရတဲ့ ျပည္သူ႔သူရဲေကာင္းေတြကို အၿမဲတမ္း သတိရေအာက္ေမ့ေနၾကဆဲ ျဖစ္ပါတယ္ ။ အခုဆိုရင္လည္း ျပည္သူတစ္ဦးက ကြယ္လြန္သြားတာ (၂) လျပည့္ေတာ့မွာျဖစ္တဲ့ သူရဲေကာင္း ေမာင္ရႈိင္းထက္ေအာင္ရဲ႕အေၾကာင္းကို ေရးသားမွ်ေဝခဲ့တာ ျဖစ္ပါတယ္။
ေမာင္ရႈိင္းထက္ေအာင္ကေတာ့ ၿပီးခဲ့တဲ့ မတ္လ (၂၇) ရက္ေန႔မွာ အသက္ေပးခဲ့ရတဲ့ သူရဲေကာင္းတစ္ဦး ျဖစ္ပါတယ္ ။အသက္ (၂၇) ႏွစ္အ႐ြယ္နဲ႔ လူ႔ေလာကႀကီးကေန ထြက္ခြာသြားခဲ့ရတဲ့ ေမာင္ရႈိင္းထက္ေအာင္က ေတာင္ငူနည္းပညာတကၠသိုလ္ကေန (B.ted, B.E Mechanical Power MP) ဘြဲ႕ရရွိထားတဲ့ အင္ဂ်င္နီယာတစ္ေယာက္လည္း ျဖစ္ပါတယ္ ။
သူကေတာ့ တစ္ဖက္က ဗုံးနဲ႔ပစ္တာကို တစ္ျခားသူေတြထိမွာစိုးလို႔ ျပန္ေကာက္ပစ္ရင္းနဲ႔ လက္ထဲမွာ တင္ေပါက္ကြဲသြားတာေၾကာင့္ က်ဆုံးသြားခဲ့ရတာပဲ ျဖစ္ပါတယ္။ အေလာင္းျပန္ရခဲ့ေပမယ့္လည္း ကလီစာေတြေတာင္ ျပန္မပါေတာ့တဲ့အထိျဖစ္ခဲ့ရတဲ့ သူ႔ရဲ႕အျဖစ္ကို ျပည္သူေတြကေတြးရင္း စိတ္မေကာင္းျဖစ္ေနၾကဆဲျဖစ္ပါတယ္ ။
ဒါ့အျပင္ သူရဲေကာင္းစိတ္ဓာတ္အျပည့္ရွိတဲ့ ေမာင္ရႈိင္းထက္ေအာင္ကို ျပည္သူေတြက အခုခ်ိန္အထိ ေလးစားဂုဏ္ျပဳေနၾကတာ ျဖစ္ပါတယ္ ။
လာမယ့္ေမလ (၂၇) ရက္ေန႔မွာဆိုရင္ ေမာင္ရႈိင္းထက္ေအာင္ ကြယ္လြန္ခဲ့တာ (၂) လတိတိျပည့္ေတာ့မွာပဲ ျဖစ္ပါတယ္ ။ ဒါေၾကာင့္ သူနဲ႔ရင္းႏွီးခဲ့တဲ့ မိတ္ေဆြတစ္ဦးက ေမာင္ရႈိင္းထက္ေအာင္ကို သတိရေနေၾကာင္းေျပာထားတာ ျဖစ္ပါတယ္ ။ျပည္သူ႔သူရဲေကာင္းေတြကေတာ့ အခ်ိန္ေတြဘယ္ေလာက္ၾကာၾကာ ျပည္သူေတြရဲ႕ရင္ထဲမွာ အခိုင္အမာေနရာယူထားဆဲ ျဖစ္ပါတယ္ ။