ထမင်းငတ်ခဲ့တဲ့နေ့တွေများသလို ရေဆာလွန်းလို့ အကောင်ပလောင်တွေပါတဲ့ ရေတောင်သောက်ခဲ့ရတဲ့

ထမင်းငတ်ခဲ့တဲ့နေ့တွေများသလို ရေဆာလွန်းလို့ အကောင်ပလောင်တွေပါတဲ့ ရေတောင်သောက်ခဲ့ရတဲ့ တောထဲက PDF အဖွဲ့ဝင်လူငယ်တွေရဲ့ဘဝများ

အသက်ဆုံးရှုံးနေရတဲ့သူတွေ များပြားလာတာနဲ့အမျှ ပြည်သူတွေကို ကာကွယ်ချင်စိတ်ရှိတဲ့ သူရဲကောင်းတွေကလည်း PDF အဖွဲ့တွေမှာ ပါဝင်လာကြတာ ဖြစ်ပါတယ် ။ အခုဆိုရင် မြန်မာနိုင်ငံရှိ မြို့နယ်အသီးသီးမှာ ကိုယ့်မြို့ကိုယ့်ရွာကို ကာကွယ်ဖို့အတွက် ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အများအပြားရှိနေပြီ ဖြစ်ပါတယ် ။

PDF အဖွဲ့တစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ လူငယ်တစ်ဦးကလည်း သူ့ရဲ့ရည်ရွယ်ချက်နဲ့ဆန္ဒတစ်ချို့ကို ပြောပြခဲ့တာ ဖြစ်ပါတယ် ။အသက် (၂၇) နှစ်အရွယ်ရှိတဲ့ အဲ့ဒီလူငယ်လေးကတော့ ဖေဖော်ဝါရီလကတည်းက ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာဖြစ်ပြီး ရှေ့တန်းကနေလည်း ပြည်သူတွေကိုကာကွယ်ပေးခဲ့တာ ဖြစ်ပါတယ် ။

Defender အဖြစ် တာဝန်ယူရင်းနဲ့ သူ့လက်ပေါ်မှာတင် အသက်ဆုံးရှုံးခဲ့ရတဲ့သူတွေရှိလာခဲ့တာကြောင့် “ငါတို့ ဒီလိုပဲ ဆန္ဒလေးပြလိုက် လာဖြိုခွဲရင် ပြန်ပြေးလိုက် ကျန်ရစ်ခဲ့တဲ့သူက သေလိုက်နဲ့ ဆက်သွားလို့ရပါဦးမလားပေါ့” ဆိုပြီး တွေးမိခဲ့တာ ဖြစ်ပါတယ် ။ ဒါကြောင့် သူ့အနေနဲ့ နောက်ဆုံးမှာတော့ အခုလို တောထဲတောင်ထဲမှာ အပင်ပန်းခံပြီး လေ့ကျင့်ရေးဆင်းနေတဲ့ PDF အဖွဲ့ဝင်တစ်ယောက် ဖြစ်လာကြောင်း ဖွင့်ဟထားတာ ဖြစ်ပါတယ် ။

ဒီလိုအခြေအနေ ရောက်သွားတဲ့အခါမှာတော့ သူချစ်ရတဲ့သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ ခွဲခွာပြီး အလုပ်တွေလည်းရပ်နားလိုက်ရတာ ဖြစ်ပါတယ် ။ ဒါ့အပြင် “တောထဲမှာ ဒဏ်ရာရရင်တောင် အရွက်အုံပြီးနေရကြောင်း၊ စားစရာမရှိလို့ ထမင်းငတ်ခဲ့ရတဲ့နေ့တွေလည်းရှိကြောင်း၊ ရေအရမ်းဆာတာကြောင့် အကောင်ပလောင်တွေပါတဲ့ ရေတွေတောင် သောက်ခဲ့ရကြောင်း” စသည်ဖြင့် သူတို့ကြုံတွေ့နေရတဲ့ ဒုက္ခတွေကိုလည်း ရင်ဖွင့်ထားပါသေးတယ်။

ဒါပေမဲ့လည်း သူမျှော်မှန်းထားတဲ့အတိုင်း အရင်လိုဘဝလေးပြန်ရပြီး မိသားစုနဲ့အတူ အေးအေးချမ်းချမ်းနေနိုင်ဖို့အတွက် ကြိုးစားနေဆဲ ဖြစ်ပါတယ် ။ အချိန်မရွေး အသက်ဆုံးရှုံးနိုင်သလို ကိုယ်လက်အင်္ဂါတွေပါ ဆုံးရှုံးနိုင်ခြေရှိမှန်းသိရက်နဲ့တောင် စွန့်လွှတ်အနစ်နာခံနေတဲ့ PDF အဖွဲ့ဝင်လူငယ်လေးရဲ့စာကိုဖတ်ပြီး ပြည်သူတွေပါ စိတ်မကောင်းဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ် ။

Zawgyi

ထမင္းငတ္ခဲ့တဲ့ေန႔ေတြမ်ားသလို ေရဆာလြန္းလို႔ အေကာင္ပေလာင္ေတြပါတဲ့ ေရေတာင္ေသာက္ခဲ့ရတဲ့ ေတာထဲက PDF အဖြဲ႕ဝင္လူငယ္ေတြရဲ႕ဘဝမ်ား

အသက္ဆုံးရႈံးေနရတဲ့သူေတြ မ်ားျပားလာတာနဲ႔အမွ် ျပည္သူေတြကို ကာကြယ္ခ်င္စိတ္ရွိတဲ့ သူရဲေကာင္းေတြကလည္း PDF အဖြဲ႕ေတြမွာ ပါဝင္လာၾကတာ ျဖစ္ပါတယ္ ။ အခုဆိုရင္ ျမန္မာႏိုင္ငံရွိ ၿမိဳ႕နယ္အသီးသီးမွာ ကိုယ့္ၿမိဳ႕ကိုယ့္႐ြာကို ကာကြယ္ဖို႔အတြက္ ဖြဲ႕စည္းထားတဲ့ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြ အမ်ားအျပားရွိေနၿပီ ျဖစ္ပါတယ္ ။

PDF အဖြဲ႕တစ္ခုမွာ တာဝန္ထမ္းေဆာင္ေနတဲ့ လူငယ္တစ္ဦးကလည္း သူ႔ရဲ႕ရည္႐ြယ္ခ်က္နဲ႔ဆႏၵတစ္ခ်ိဳ႕ကို ေျပာျပခဲ့တာ ျဖစ္ပါတယ္ ။အသက္ (၂၇) ႏွစ္အ႐ြယ္ရွိတဲ့ အဲ့ဒီလူငယ္ေလးကေတာ့ ေဖေဖာ္ဝါရီလကတည္းက ဆႏၵျပပြဲေတြမွာ ပါဝင္ခဲ့တာျဖစ္ၿပီး ေရွ႕တန္းကေနလည္း ျပည္သူေတြကိုကာကြယ္ေပးခဲ့တာ ျဖစ္ပါတယ္ ။

Defender အျဖစ္ တာဝန္ယူရင္းနဲ႔ သူ႔လက္ေပၚမွာတင္ အသက္ဆုံးရႈံးခဲ့ရတဲ့သူေတြရွိလာခဲ့တာေၾကာင့္ “ငါတို႔ ဒီလိုပဲ ဆႏၵေလးျပလိုက္ လာၿဖိဳခြဲရင္ ျပန္ေျပးလိုက္ က်န္ရစ္ခဲ့တဲ့သူက ေသလိုက္နဲ႔ ဆက္သြားလို႔ရပါဦးမလားေပါ့” ဆိုၿပီး ေတြးမိခဲ့တာ ျဖစ္ပါတယ္ ။ ဒါေၾကာင့္ သူ႔အေနနဲ႔ ေနာက္ဆုံးမွာေတာ့ အခုလို ေတာထဲေတာင္ထဲမွာ အပင္ပန္းခံၿပီး ေလ့က်င့္ေရးဆင္းေနတဲ့ PDF အဖြဲ႕ဝင္တစ္ေယာက္ ျဖစ္လာေၾကာင္း ဖြင့္ဟထားတာ ျဖစ္ပါတယ္ ။

ဒီလိုအေျခအေန ေရာက္သြားတဲ့အခါမွာေတာ့ သူခ်စ္ရတဲ့သူငယ္ခ်င္းေတြ၊ မိသားစုေတြနဲ႔ ခြဲခြာၿပီး အလုပ္ေတြလည္းရပ္နားလိုက္ရတာ ျဖစ္ပါတယ္ ။ ဒါ့အျပင္ “ေတာထဲမွာ ဒဏ္ရာရရင္ေတာင္ အ႐ြက္အုံၿပီးေနရေၾကာင္း၊ စားစရာမရွိလို႔ ထမင္းငတ္ခဲ့ရတဲ့ေန႔ေတြလည္းရွိေၾကာင္း၊ ေရအရမ္းဆာတာေၾကာင့္ အေကာင္ပေလာင္ေတြပါတဲ့ ေရေတြေတာင္ ေသာက္ခဲ့ရေၾကာင္း” စသည္ျဖင့္ သူတို႔ႀကဳံေတြ႕ေနရတဲ့ ဒုကၡေတြကိုလည္း ရင္ဖြင့္ထားပါေသးတယ္။

ဒါေပမဲ့လည္း သူေမွ်ာ္မွန္းထားတဲ့အတိုင္း အရင္လိုဘဝေလးျပန္ရၿပီး မိသားစုနဲ႔အတူ ေအးေအးခ်မ္းခ်မ္းေနႏိုင္ဖို႔အတြက္ ႀကိဳးစားေနဆဲ ျဖစ္ပါတယ္ ။ အခ်ိန္မေ႐ြး အသက္ဆုံးရႈံးႏိုင္သလို ကိုယ္လက္အဂၤါေတြပါ ဆုံးရႈံးႏိုင္ေျခရွိမွန္းသိရက္နဲ႔ေတာင္ စြန႔္လႊတ္အနစ္နာခံေနတဲ့ PDF အဖြဲ႕ဝင္လူငယ္ေလးရဲ႕စာကိုဖတ္ၿပီး ျပည္သူေတြပါ စိတ္မေကာင္းျဖစ္ခဲ့ရတာပဲ ျဖစ္ပါတယ္ ။

Leave a Reply

Your email address will not be published. Required fields are marked *