သူချစ်ရတဲ့ပရိတ်သတ်တွေကို နှုတ်ဆက်သွားရတော့မယ့်အကြောင်းပြောပြလာတဲ့ လူရွှင်တော် ဦးအုန်းသီး

သူချစ်ရတဲ့ပရိတ်သတ်တွေကို နှုတ်ဆက်သွားရတော့မယ့်အကြောင်းပြောပြလာတဲ့ လူရွှင်တော် ဦးအုန်းသီး

အသက် (၅၃)နှစ်အရွယ်မှာ သူချစ်ရတဲ့ပရိတ်သတ်တွေကို နှုတ်ဆက်သွားရတော့မယ့်အကြောင်းပြောပြလာတဲ့ လူရွှင်တော် ဦးအုန်းသီး

အုန်းသီးဟာ ဘုရားမှာအမြဲတောင်းနေကြဆု ဖြစ်တဲ့ “သတ္တဝါတွေကို ကယ်ပြီးတော့ မရှိသူဆင်းရဲတွေကို

ပေးကမ်းတဲ့သူဖြစ်ရပါလို၏” ဆိုတဲ့ ဆုတောင်းကြောင့် သတ္တဝါတွေရဲ့ အသက်ကို ကယ်တင်နေတယ်လို့ ဆိုပါတယ်။

ပရိသတ်တွေကို ရယ်မောစရာပြက်လုံးတွေနဲ့ အမြဲတမ်း ဖျော်ဖြေလေ့ရှိတဲ့ အုန်းသီးကတော့

အခုချိန်မှာ လူတွေရဲ့ အသက်ကို ကယ်တင်ပေးနေတယ်လို့ ဆိုပါတယ်။

ဒါဟာ ဇာလီတောင် ဆရာတော်ကြီးရဲ့ မေတ္တာကြောင့် အခုလို ကယ်ခွင့်ရေ နတာလို့လည်း သူက ပြောပါတယ်။

ဇာလီတောင် ဆိုတာ ရှိတယ် အဲဒီက ဆရာတော်ဘုရားကြီးက လူတွေ အများကြီး ကြားထဲမှ

ာ တစ်ယောက်တည်းကို ခေါ်ပြီးတော့ မင်းကို ဒီနေ့က စပြီးတော့ ပျောက်စေ “ စေ” တစ်လုံးပိုင် ပေးမယ်ဆိုပြီးတော့

မိုးကြိုးသွားတွေနဲ့ ကျောကုန်းကို ထုတယ်၊ ပျောက်စေ အော်စမ်း ဆိုပြီးတော့ပေါ့။

ပြီးလည်း ပြီးသွားရော ပရိတ်စိလေး တစ်ခုပေးတယ်။မင်း သတ္တဝါတွေကို ကယ်တော့ ဆိုပြီးတော့

ဆရာတော်ကြီးရဲ့ မေတ္တာတွေနဲ့ သတ္တဝါတွေကို လိုက်ကယ်ပါတယ်။

အခုချိန်ထိ ကိုယ် ကယ်လိုက်တဲ့ သူတွေဆီက ပိုက်ဆံတစ်ပြားမှလည်း မစားခဲ့ဖူးဘူး

အဲဒီ သစ္စာနဲ့ အလုပ် လုပ်ပါတယ်” ပြောခဲ့ပါတယ်။ အုန်းသီးဟာ အခုဆိုရင်

သူ့ရဲ့ အနုပညာ ညီအစ်ကိုတွေသာမက ရပ်ကွက်မှာ အတူတူနေထိုင်တဲ့ ပတ်ဝန်းကျင်က

လူတွေရဲ့ အသက်ကိုပါ ကယ်ပေးခဲ့ဖူးတယ်လို့ သိရပါတယ်။

ဒါ့အပြင် သူကိုယ်တိုင်ကလည်း အသက်(၅၃) နှစ်အရွယ်မှာ

ပရိသတ်တွေကို နှုတ်ဆက်သွားရမှာလို့လည်း ပြောခဲ့ပါသေး တယ်။

“ ဦး အုန်းသီး လူတော်တော်များများကို ကယ်ဖူးပါတယ်။ ကိုယ်နေတဲ့ ရပ်ကွက်မှာရော၊

ဦးနဲ့ ပတ်သက်တဲ့ လူတော်တော်များများကိုရော ကယ်ဖူးတယ်။

မှတ်မှတ်ရရ ဆေးရုံမှာ အသက်ကယ်ဆေး(၂) လုံး ထိုးထားတဲ့ အမေကြီးတစ်ယောက်ပေါ့

အဲဒါက ဦးရဲ့ တပည့်အရင်းရဲ့ အမေပါ။ မင်းအမေကို အိမ်ခေါ်သွားလို့ရတယ်

လမ်းမှာ သေသွားရင် ငါ့ကို ဓားနဲ့ခုတ်သတ် ဆိုပြီးပြောတာ။

ဒါပေမယ့် ငါပြောတဲ့ ယတြာအတိုင်းလုပ်၊ ငါပြောတဲ့ လမ်းကြောင်းအတိုင်းသွားပြီ။

အဲဒီလိုနဲ့ အခုဆိုရင် အဲဒီအမေကြီးက အသက်(၆၆) နှစ်ကနေ အသက်(၆၉) နှစ်ရှိပြီ။

ဦး ကယ်ထားတာ အခုဆို (၃) နှစ်ရှိပြီ။ လွန်ခဲ့တဲ့ ၃ နှစ်က သူ လုံးဝ

လမ်းမလျှောက်နိုင်ဘူး အခုကျတော့ လမ်းတောင် လျှောက်နေပြီ။

ဦး အုန်းသီးကိုယ်တိုင်ကလည်း ဘုရားမှာ ဆု တစ်ဆုပဲ တောင်းတယ်

သတ္တဝါတွေကို ကယ်ပြီးတော့ မရှိသူဆင်းရဲတွေကို ပေးကမ်းတဲ့သူဖြစ်ရပါလို၏

လို့ဆုတောင်းတယ်။ အခု အသက်(၅၀) ထဲဝင်တော့မယ် ဘယ်အချိန် ကိုယ်တွေ သွားရတော့မလဲ

မသိဘူး ဒါပေမယ့် ဦး မှန်းထားတယ်။ အသက်(၅၃) နှစ်ရောက်ရင် ဦးအုန်းသီး သေလိမ့်မယ်။

ကိုယ့်ဘာသာကိုယ် တွက်ပြီးသားပါ။ နေရာတကာ တိုင်းလည်း မမှန်တတ်ဘူးကွာ” လို့

ဆက်လက် ပြောပြလာပါတယ်။

လက်ရှိမှာတော့ လူရွှင်တော် အုန်းသီးဟာ လူရွှင်တော်အသင်းရဲ့

ဒုဥက္ကဌ ရာထူးနဲ့ တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်။

ဒါ့အပြင် သက်ကြီးလူရွှင်တော်တွေအတွက် ဘိုးဘွားရိပ်သာ ဆောက်လုပ်ရေး

လုပ်ငန်းတွေ အပြင် နောက်ထပ် ပရဟိတ လုပ်ငန်းတွေမှာလည်း

လူရွှင်တော်အသင်း အဖွဲ့သားတွေနဲ့ အတူ အလှူအတန်းတွေကို

တက်တက်ကြွကြွ လုပ်ဆောင်နေတာ တွေ့ရပါတယ်။

လက်ရှိမှာတော့ သူ့ရဲ့ အနုပညာသက်တမ်းဟာ (၁၀) စုနှစ်

တစ်စုကိုကျော်လွန် လာခဲ့ပါပြီ။

Zawgyi

သူခ်စ္ရတဲ့ပရိတ္သတ္ေတြကို ႏႈတ္ဆက္သြားရေတာ့မယ့္အေၾကာင္းေျပာျပလာတဲ့ လူ႐ႊင္ေတာ္ ဦးအုန္းသီး

အသက္ (၅၃)ႏွစ္အ႐ြယ္မွာ သူခ်စ္ရတဲ့ပရိတ္သတ္ေတြကို ႏႈတ္ဆက္သြားရေတာ့မယ့္အေၾကာင္းေျပာျပလာတဲ့ လူ႐ႊင္ေတာ္ ဦးအုန္းသီး

အုန္းသီးဟာ ဘုရားမွာအၿမဲေတာင္းေနၾကဆု ျဖစ္တဲ့ “သတၱဝါေတြကို ကယ္ၿပီးေတာ့ မရွိသူဆင္းရဲေတြကို

ေပးကမ္းတဲ့သူျဖစ္ရပါလို၏” ဆိုတဲ့ ဆုေတာင္းေၾကာင့္ သတၱဝါေတြရဲ႕ အသက္ကို ကယ္တင္ေနတယ္လို႔ ဆိုပါတယ္။

ပရိသတ္ေတြကို ရယ္ေမာစရာျပက္လုံးေတြနဲ႔ အၿမဲတမ္း ေဖ်ာ္ေျဖေလ့ရွိတဲ့ အုန္းသီးကေတာ့

အခုခ်ိန္မွာ လူေတြရဲ႕ အသက္ကို ကယ္တင္ေပးေနတယ္လို႔ ဆိုပါတယ္။

ဒါဟာ ဇာလီေတာင္ ဆရာေတာ္ႀကီးရဲ႕ ေမတၱာေၾကာင့္ အခုလို ကယ္ခြင့္ေရ နတာလို႔လည္း သူက ေျပာပါတယ္။

ဇာလီေတာင္ ဆိုတာ ရွိတယ္ အဲဒီက ဆရာေတာ္ဘုရားႀကီးက လူေတြ အမ်ားႀကီး ၾကားထဲမွ

ာ တစ္ေယာက္တည္းကို ေခၚၿပီးေတာ့ မင္းကို ဒီေန႔က စၿပီးေတာ့ ေပ်ာက္ေစ “ ေစ” တစ္လုံးပိုင္ ေပးမယ္ဆိုၿပီးေတာ့

မိုးႀကိဳးသြားေတြနဲ႔ ေက်ာကုန္းကို ထုတယ္၊ ေပ်ာက္ေစ ေအာ္စမ္း ဆိုၿပီးေတာ့ေပါ့။

ၿပီးလည္း ၿပီးသြားေရာ ပရိတ္စိေလး တစ္ခုေပးတယ္။မင္း သတၱဝါေတြကို ကယ္ေတာ့ ဆိုၿပီးေတာ့

ဆရာေတာ္ႀကီးရဲ႕ ေမတၱာေတြနဲ႔ သတၱဝါေတြကို လိုက္ကယ္ပါတယ္။

အခုခ်ိန္ထိ ကိုယ္ ကယ္လိုက္တဲ့ သူေတြဆီက ပိုက္ဆံတစ္ျပားမွလည္း မစားခဲ့ဖူးဘူး

အဲဒီ သစၥာနဲ႔ အလုပ္ လုပ္ပါတယ္” ေျပာခဲ့ပါတယ္။ အုန္းသီးဟာ အခုဆိုရင္

သူ႔ရဲ႕ အႏုပညာ ညီအစ္ကိုေတြသာမက ရပ္ကြက္မွာ အတူတူေနထိုင္တဲ့ ပတ္ဝန္းက်င္က

လူေတြရဲ႕ အသက္ကိုပါ ကယ္ေပးခဲ့ဖူးတယ္လို႔ သိရပါတယ္။

ဒါ့အျပင္ သူကိုယ္တိုင္ကလည္း အသက္(၅၃) ႏွစ္အ႐ြယ္မွာ

ပရိသတ္ေတြကို ႏႈတ္ဆက္သြားရမွာလို႔လည္း ေျပာခဲ့ပါေသး တယ္။

“ ဦး အုန္းသီး လူေတာ္ေတာ္မ်ားမ်ားကို ကယ္ဖူးပါတယ္။ ကိုယ္ေနတဲ့ ရပ္ကြက္မွာေရာ၊

ဦးနဲ႔ ပတ္သက္တဲ့ လူေတာ္ေတာ္မ်ားမ်ားကိုေရာ ကယ္ဖူးတယ္။

မွတ္မွတ္ရရ ေဆး႐ုံမွာ အသက္ကယ္ေဆး(၂) လုံး ထိုးထားတဲ့ အေမႀကီးတစ္ေယာက္ေပါ့

အဲဒါက ဦးရဲ႕ တပည့္အရင္းရဲ႕ အေမပါ။ မင္းအေမကို အိမ္ေခၚသြားလို႔ရတယ္

လမ္းမွာ ေသသြားရင္ ငါ့ကို ဓားနဲ႔ခုတ္သတ္ ဆိုၿပီးေျပာတာ။

ဒါေပမယ့္ ငါေျပာတဲ့ ယၾတာအတိုင္းလုပ္၊ ငါေျပာတဲ့ လမ္းေၾကာင္းအတိုင္းသြားၿပီ။

အဲဒီလိုနဲ႔ အခုဆိုရင္ အဲဒီအေမႀကီးက အသက္(၆၆) ႏွစ္ကေန အသက္(၆၉) ႏွစ္ရွိၿပီ။

ဦး ကယ္ထားတာ အခုဆို (၃) ႏွစ္ရွိၿပီ။ လြန္ခဲ့တဲ့ ၃ ႏွစ္က သူ လုံးဝ

လမ္းမေလွ်ာက္ႏိုင္ဘူး အခုက်ေတာ့ လမ္းေတာင္ ေလွ်ာက္ေနၿပီ။

ဦး အုန္းသီးကိုယ္တိုင္ကလည္း ဘုရားမွာ ဆု တစ္ဆုပဲ ေတာင္းတယ္

သတၱဝါေတြကို ကယ္ၿပီးေတာ့ မရွိသူဆင္းရဲေတြကို ေပးကမ္းတဲ့သူျဖစ္ရပါလို၏

လို႔ဆုေတာင္းတယ္။ အခု အသက္(၅၀) ထဲဝင္ေတာ့မယ္ ဘယ္အခ်ိန္ ကိုယ္ေတြ သြားရေတာ့မလဲ

မသိဘူး ဒါေပမယ့္ ဦး မွန္းထားတယ္။ အသက္(၅၃) ႏွစ္ေရာက္ရင္ ဦးအုန္းသီး ေသလိမ့္မယ္။

ကိုယ့္ဘာသာကိုယ္ တြက္ၿပီးသားပါ။ ေနရာတကာ တိုင္းလည္း မမွန္တတ္ဘူးကြာ” လို႔

ဆက္လက္ ေျပာျပလာပါတယ္။

လက္ရွိမွာေတာ့ လူ႐ႊင္ေတာ္ အုန္းသီးဟာ လူ႐ႊင္ေတာ္အသင္းရဲ႕

ဒုဥကၠဌ ရာထူးနဲ႔ တာဝန္ထမ္းေဆာင္ေနတာျဖစ္ပါတယ္။

ဒါ့အျပင္ သက္ႀကီးလူ႐ႊင္ေတာ္ေတြအတြက္ ဘိုးဘြားရိပ္သာ ေဆာက္လုပ္ေရး

လုပ္ငန္းေတြ အျပင္ ေနာက္ထပ္ ပရဟိတ လုပ္ငန္းေတြမွာလည္း

လူ႐ႊင္ေတာ္အသင္း အဖြဲ႕သားေတြနဲ႔ အတူ အလႉအတန္းေတြကို

တက္တက္ႂကြႂကြ လုပ္ေဆာင္ေနတာ ေတြ႕ရပါတယ္။

လက္ရွိမွာေတာ့ သူ႔ရဲ႕ အႏုပညာသက္တမ္းဟာ (၁၀) စုႏွစ္

တစ္စုကိုေက်ာ္လြန္ လာခဲ့ပါၿပီ။

Leave a Reply

Your email address will not be published. Required fields are marked *