မိမိ ကံတွေအညံ့ဖက်ရောက်နေပြီထင်ရင် ဒီအချက်တွေလုပ်ဖို့ မမေ့ပါနှင့်
တစ်ခါတစ်လေဘဝခရီးကိုလျှောက်နေရင်းနဲ့အဆင်မပြေမူ့များစွာကြုံလာရတတ်တယ် အလုပ်ကိုဘယ်လောက်ပဲကြိုးစားကြိုးစားလုပ်နေပေမယ့်ခရီးမတွင်တော့ဘူး လာဘ်တွေပိတ်လာတယ် အကြွေးတွေပါတင်လာမယ် ရစရာရှိတာတွေလည်းမရတော့ဘူး။အချစ်ရေးအိမ်ထောင်ရေးတွေပါအဆင်မပြေတော့ဘူး အလုပ်တွေကလည်းလုပ်သာလုပ်နေရပေမယ့်အလုပ်မှာမပျော်တော့ဘူး လုပ်လက်စအလုပ်တွေပါဆက်လုပ်ရမှာစိတ်မပါဘူးဖြစ်လာမယ်။
အဲဒီလိုတွေဖြစ်နေတယ်ဆိုရင် အခုပြောတာလေးလုပ်ကြည့်ပါတကယ်ထူးပါတယ် ပိတ်နေတဲ့ကံတွေတဖြည်းဖြည်းချင်းပြန်ပွင့်လာပါလိမ့်မယ် နောက်ဆုံးကံအနေအထားပြန်ကောင်းသွားပါလိမ့်မယ် ကံအနေအထားတွေအထူးပဲအားကောင်းစွာပွင့်လန်းလာပါလိမ့်မယ်။ တနင်္ဂနွေသားသမီးများ ဘယ်နေ့ဘယ်အချိန်မဆို တစ်ပတ်တစ်ရက် သောကြာထောင့်နှင့်ကြာသာပတေးထောင့်တွင်ပဌာန်းအကျယ်ရွတ်ဖတ်ပူဇော်၍သန့်ရှင်းရေးပြုလုပ်ပေးပါ။တနင်္လာသားသမီးများ ဘယ်နေ့ဘယ်အချိန်မဆို တစ်ပတ်တစ်ရက် ဗုဒ္ဓဟူးထောင့်နှင့်ရာဟုထောင့်တွင်ပဌာန်းအကျယ်ရွတ်ဖတ်ပူဇော်၍သန့်ရှင်းရေးပြုလုပ်ပေးပါ။
အင်္ဂါသားသမီးများ ဘယ်နေ့ဘယ်အချိန်မဆို တစ်ပတ်တစ်ရက် သောကြာထောင့်နှင့်ကြာသာပတေးထောင့်တွင်ပဌာန်းအကျယ်ရွတ်ဖတ်ပူဇော်၍သန့်ရှင်းရေးပြုလုပ်ပေးပါ။ ဗုဒ္ဓဟူးသားသမီးများ ဘယ်နေ့ဘယ်အချိန်မဆို တစ်ပတ်တစ်ရက် တနင်္လာထောင့်နှင့်စနေထောင့်တွင်ပဌာန်းအကျယ်ရွတ်ဖတ်ပူဇော်၍သန့်ရှင်းရေးပြုလုပ်ပေးပါ။ကြာသာပတေးသားသမီးများ ဘယ်နေ့ဘယ်အချိန်မဆို တစ်ပတ်တစ်ရက် တနင်္ဂနွေထောင့်နှင့်အင်္ဂါထောင့်တွင်ပဌာန်းအကျယ်ရွတ် ဖတ်ပူဇော်၍သန့်ရှင်းရေးပြုလုပ်ပေးပါ။သောကြာသားသမီးများ ဘယ်နေ့ဘယ်အချိန်မဆို တစ်ပတ်တစ်ရက်
တနင်္ဂနွေထောင့်နှင့်အင်္ဂါထောင့်တွင်ပဌာန်းအကျယ်ရွတ်ဖတ်ပူဇော်၍သန့်ရှင်းရေးပြုလုပါပေးပါ။စနေသားသမီးများ ဘယ်နေ့ဘယ်အချိန်မဆို တစ်ပတ်တစ်ရက် ရာဟုထောင့်နှင့်ဗုဒ္ဓဟူးထောင့်တွင်ပဌာန်းအကျယ်ရွတ်ဖတ်ပူဇော်၍သန့်ရှင်းရေးပြုလုပ်ပေးပါ။အားလုံးပြီးပါက ၃၁ဘုံသားအားလုံးကိုအမျှကျယ်ကျယ်ဝေပေးပါ။တကယ်လုပ်ကြည့်ပါ တကယ်ထူးပါတယ် ၅ပတ်ကျော်တာနဲ့ကံတွေထူးခြားစွာပြန်ပွင့်လာပါလိမ့်မယ် မရပ်ပြစ်ပါနဲ့ဆက်လုပ်သွားပါ။
Zawgyi