သရုပ်ဆောင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်နှင့် မေတိုးခိုင်တို့အား ယနေ့ရုံးထုတ်စစ်ဆေးမည်…

နိုင်ငံအတွက် ရှေဆုံးကနေ ရဲရဲတောက် ရပ်တည်ပြောဆိုပေးခဲ့ကြတဲ့ သရုပ်ဆောင် ပြေတီဦး၊ အိန္ဒြာကျော်ဇင်နှင့် မေတိုးခိုင်တို့အား ယနေ့ရုံးထုတ်စစ်ဆေးမည်…

ဖေဖော်ဝါရီလအစပိုင်းတည်းက ပြည်သူနဲ့အတူတစ်သားတည်းရပ်တည်ကာ အရေးတော်ပုံကြီးအောင်မြင်ရေးအတွက် ပါဝင်ခဲ့ကြတဲ့ ပြေတီဦး၊အိန္ဒြာကျော်ဇင်နဲ့ မေတိုးခိုင်တို့ကို ပရိသတ်တွေလည်းသိကြမယ်ထင်ပါတယ်။ ၅၀၅(က)နဲ့ အမှုဖွင့်အရေးယူခံရတဲ့ သူတို့သုံးဦးလုံးဟာဆိုရင် ဖမ်းဆီးထိန်းသိမ်းခံထားရတာ တစ်လကျော်ကြာမြင့်နေပြီပဲဖြစ်ပါတယ်။

ပြည်သူချစ်အနုပညာရှင်တွေဖြစ်ကြတဲ့အတွက် ၎င်းတို့သုံးဦးဖမ်းဆီးထိန်းသိမ်းခံရတဲ့သတင်းကြောင့် ပရိသတ်တွေလည်းများစွာစိတ်မကောင်းဖြစ်နေကြတာပါ။

၅၀၅(က)နဲ့ အရေးယူခံထားရတဲ့ အနုပညာရှင်တွေလည်းများစွာရှိနေတာဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။ သူတို့သုံးဦးလုံးဟာ နေအိမ်မှာဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီး ယနေ့မေလ (၂၇)ရက်နေ့မှာ ရုံးထုတ်စစ်ဆေးသွားမည်လို့သိရှိရပါတယ်။

ဒီအကြောင်းအရာနဲ့ပက်သက်ပြီး Facebookစာမျက်နှာမှာ ချက်ချင်းပျံ့နှံ့လာကာ ပရိသတ်အတော်များများလည်း ဘေးကင်းစေဖို့အတွက် ဆုတောင်းပေးနေကြတာတွေ့ရပါတယ်။

အနုပညာအရည်အချင်းပြည့်ဝပြီး သတ္တိလည်းမနည်းခဲ့ကြတဲ့ သူတို့သုံးယောက်လုံးအမြန်ဆုံးလွတ်မြောက်ပါစေလို့ဆုတောင်းပေးရင်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Zawgyi

Leave a Reply

Your email address will not be published. Required fields are marked *