ဆေးဝါးကုသမှု ခံယူနေရသည့် MMA Fighter ဖိုးသော်၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ ဖိုးသော်၏ ဖခင်ပြော ဆိုချက်

ဆေးဝါးကုသမှု ခံယူနေရသည့် MMA Fighter ဖိုးသော်၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ ဖိုးသော်၏ ဖခင်ပြော ဆိုချက်

ဗုံးပေါက်ကွဲမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး လက်ရှိတပ် မတော်စစ်ဆေးရုံ၌ ဆေးဝါးကုသမှု ခံယူနေရသည့် MMA fighter ဖိုးသော်၏ ကျန်းမာရေး အခြေအနေနှင့် ပတ်သက် ၍ Media မှ ဖိုးသော်၏ ဖခင်ဖြစ်သူ ဦးအောင်နိုင်နှင့် ဆက်သွယ်မေးမြန်းခဲ့သည်။

Media -ကိုဖိုးသော်ရဲ့ ဖခင် ဦးအောင်နိုင် မင်္ဂလာပါ။ ပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် ရရှိခဲ့ဒဏ်ရာများနဲ့ ပတ်သက်ပြီး ကိုဖိုးသော် ဘယ်မှာ ဆေးဝါးကုသမှု ခံယူနေရာလဲ။

ဖြေ – အမှတ်(၂)စစ်ဆေးရုံမှာပါ။

Media – ကိုဖိုးသော်ရဲ့ ကျန်းမာရေးအခြေအနေရော ဘယ်လိုရှိလဲ။

ဖြေ- သူတို့လုံခြုံရေးတွေကတော့ ကောင်းတယ်လို့ပဲ ပြောပါတယ်။ လူချင်းတော့ မတွေ့ရဘူးလေ။ သူတို့ ပစ္စည်းလိုတယ်ဆိုရင်တော့ သွားသွားပို့ပေးရတယ်။ ဒါပဲရှိတာပဲ။

Media – တပ်မတော်ဆေးရုံမှာ ကုသနေတယ်ဆိုတော့ တပ်မတော်ရဲ့ ကျန်းမရေးစောင့်ရှောက်မှု အပြည့်အဝပေးတဲ့ အခြေအနေရှိလား။

ဖြေ – အဲဒါက သူတို့ပြောပြတာကတော့ လိုလေသေးမရှိအောင် သူတို့ ပြုစုနေပါတယ်တဲ့။ အဲဒါဘာမှ စိတ်မပူနဲ့ ဆေး ဝါးလည်း သူတို့မှာရှိတဲ့ဟာတွေ အကုန်ထုတ်ပြီးတော့ သုံးပေးနေတယ်တဲ့။ ဒါပေမဲ့ ဟိုမှာမရှိတဲ့ ဟာလောက်သာ အန်ကယ်တို့ဆီ အကူအညီတောင်းတာလို့ ပြောတယ်။

Media – ကိုဖိုးသော်ရဲ့ ကျန်းမာရေးအခြေအနေက မူလအတိုင်း ဘယ်တော့လောက် ပြန်လည်ကောင်း မွန်လာနိုင်မလဲ။

ဖြေ – အဲဒါတော့ ကျွန်တော်လည်း မခန့်မှန်းနိုင်ဘူး။ သူတို့ပြုစုတဲ့အပေါ်မှာပဲ မူတည်တာပဲ။

Media – ဆေးဝါးကုသမှု ခံယူနေတဲ့အချိန်မှာ ကိုဖိုးသော်ရဲ့ ဖခင်တစ်ယောက်အနေနဲ့ လွတ်လပ်စွာ သွားရောက်တွေ့ ဆုံခွင့်ရတဲ့ အခြေအနေရှိလား။

ဖြေ- အခုချိန်ထိတော့ တွေ့လို့မရသေးဘူး။ သူတို့လိုတဲ့ ပစ္စည်းလေးပဲ ပို့ပေးလို့ရတယ်။ လူချင်းက မတွေ့ရသေးဘူး။

Media – ကိုဖိုးသော်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး သူ့ရဲ့ပရိသတ်နဲ့ ပြည်သူတွေကို ဘာများပြောနိုင်မလဲ။

ဖြေ- ပရိသတ်တွေရဲ့ အားပေးမှုကြောင့် သူမကြာခင်မှာ ပြန်ပြီးတော့ ကောင်းမွန် လန်းဆန်းလာမယ်လို့ ထင်ပါတယ်။

Media – အန်ကယ့်အနေနဲ့ရော အခြားဘာများဖြည့်စွက် ပြောကြားချင်ပါသေးလဲ။

ဖြေ – တခြားတော့ မရှိပါဘူးကွယ်။ မြန်မြန်ပြန်ပြီး ပျောက် ကင်းပြီးတော့ လူကောင်းပကတိ ပြန်ဖြစ်ပါစေလို့ပဲ ဆုတောင်းရတာပေါ့လေ။

အခုလိုဖြေကြားပေးတဲ့ ကိုဖိုးသော်ရဲ့ဖခင် ဦးအောင်နိုင်ကို Media မှ ကျေးဇူးတင်ရှိပါတယ်။

Zawgyi

ေဆးဝါးကုသမႈ ခံယူေနရသည့္ MMA Fighter ဖိုးေသာ္၏ က်န္းမာေရးအေျခအေနႏွင့္ ပတ္သက္၍ ဖိုးေသာ္၏ ဖခင္ေျပာ ဆိုခ်က္

ဗုံးေပါက္ကြဲမႈေၾကာင့္ ဖမ္းဆီးထိန္းသိမ္းခံထားရၿပီး လက္ရွိတပ္ မေတာ္စစ္ေဆး႐ုံ၌ ေဆးဝါးကုသမႈ ခံယူေနရသည့္ MMA fighter ဖိုးေသာ္၏ က်န္းမာေရး အေျခအေနႏွင့္ ပတ္သက္ ၍ Media မွ ဖိုးေသာ္၏ ဖခင္ျဖစ္သူ ဦးေအာင္ႏိုင္ႏွင့္ ဆက္သြယ္ေမးျမန္းခဲ့သည္။

Media -ကိုဖိုးေသာ္ရဲ႕ ဖခင္ ဦးေအာင္ႏိုင္ မဂၤလာပါ။ ေပါက္ကြဲမႈ ျဖစ္စဥ္ေၾကာင့္ ရရွိခဲ့ဒဏ္ရာမ်ားနဲ႔ ပတ္သက္ၿပီး ကိုဖိုးေသာ္ ဘယ္မွာ ေဆးဝါးကုသမႈ ခံယူေနရာလဲ။

ေျဖ – အမွတ္(၂)စစ္ေဆး႐ုံမွာပါ။

Media – ကိုဖိုးေသာ္ရဲ႕ က်န္းမာေရးအေျခအေနေရာ ဘယ္လိုရွိလဲ။

ေျဖ- သူတို႔လုံၿခဳံေရးေတြကေတာ့ ေကာင္းတယ္လို႔ပဲ ေျပာပါတယ္။ လူခ်င္းေတာ့ မေတြ႕ရဘူးေလ။ သူတို႔ ပစၥည္းလိုတယ္ဆိုရင္ေတာ့ သြားသြားပို႔ေပးရတယ္။ ဒါပဲရွိတာပဲ။

Media – တပ္မေတာ္ေဆး႐ုံမွာ ကုသေနတယ္ဆိုေတာ့ တပ္မေတာ္ရဲ႕ က်န္းမေရးေစာင့္ေရွာက္မႈ အျပည့္အဝေပးတဲ့ အေျခအေနရွိလား။

ေျဖ – အဲဒါက သူတို႔ေျပာျပတာကေတာ့ လိုေလေသးမရွိေအာင္ သူတို႔ ျပဳစုေနပါတယ္တဲ့။ အဲဒါဘာမွ စိတ္မပူနဲ႔ ေဆး ဝါးလည္း သူတို႔မွာရွိတဲ့ဟာေတြ အကုန္ထုတ္ၿပီးေတာ့ သုံးေပးေနတယ္တဲ့။ ဒါေပမဲ့ ဟိုမွာမရွိတဲ့ ဟာေလာက္သာ အန္ကယ္တို႔ဆီ အကူအညီေတာင္းတာလို႔ ေျပာတယ္။

Media – ကိုဖိုးေသာ္ရဲ႕ က်န္းမာေရးအေျခအေနက မူလအတိုင္း ဘယ္ေတာ့ေလာက္ ျပန္လည္ေကာင္း မြန္လာႏိုင္မလဲ။

ေျဖ – အဲဒါေတာ့ ကြၽန္ေတာ္လည္း မခန႔္မွန္းႏိုင္ဘူး။ သူတို႔ျပဳစုတဲ့အေပၚမွာပဲ မူတည္တာပဲ။

Media – ေဆးဝါးကုသမႈ ခံယူေနတဲ့အခ်ိန္မွာ ကိုဖိုးေသာ္ရဲ႕ ဖခင္တစ္ေယာက္အေနနဲ႔ လြတ္လပ္စြာ သြားေရာက္ေတြ႕ ဆုံခြင့္ရတဲ့ အေျခအေနရွိလား။

ေျဖ- အခုခ်ိန္ထိေတာ့ ေတြ႕လို႔မရေသးဘူး။ သူတို႔လိုတဲ့ ပစၥည္းေလးပဲ ပို႔ေပးလို႔ရတယ္။ လူခ်င္းက မေတြ႕ရေသးဘူး။

Media – ကိုဖိုးေသာ္ရဲ႕ က်န္းမာေရးနဲ႔ပတ္သက္ၿပီး သူ႔ရဲ႕ပရိသတ္နဲ႔ ျပည္သူေတြကို ဘာမ်ားေျပာႏိုင္မလဲ။

ေျဖ- ပရိသတ္ေတြရဲ႕ အားေပးမႈေၾကာင့္ သူမၾကာခင္မွာ ျပန္ၿပီးေတာ့ ေကာင္းမြန္ လန္းဆန္းလာမယ္လို႔ ထင္ပါတယ္။

Media – အန္ကယ့္အေနနဲ႔ေရာ အျခားဘာမ်ားျဖည့္စြက္ ေျပာၾကားခ်င္ပါေသးလဲ။

ေျဖ – တျခားေတာ့ မရွိပါဘူးကြယ္။ ျမန္ျမန္ျပန္ၿပီး ေပ်ာက္ ကင္းၿပီးေတာ့ လူေကာင္းပကတိ ျပန္ျဖစ္ပါေစလို႔ပဲ ဆုေတာင္းရတာေပါ့ေလ။

အခုလိုေျဖၾကားေပးတဲ့ ကိုဖိုးေသာ္ရဲ႕ဖခင္ ဦးေအာင္ႏိုင္ကို Media မွ ေက်းဇူးတင္ရွိပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *