ရန်ကုန်မြို့နေ ပြည်သူများထံသို့ ပြောက်ကျားတော်လှန်ရေး တပ်သားများက မေတ္တာရပ်ခံချက်ထုတ်ပြန်၊ အခွန်မဆောင်ရန်နှင့် နေအိမ်ပြင်ပ မထွက်ခွာရန် အသိပေး
ရန်ကုန်၊ မေ ၂၈
ရန်ကုန်မြို့နေ ပြည်သူများအနေဖြင့် မဖြစ်နေ လိုက်နာရန် ပြောက် ကျား တော်လှန်ရေး တပ်သားများအမည်ဖြင့် မေတ္တာရပ်ခံချက်တစ်စောင်ကို ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်ပြီး အဆိုပါ မေတ္တာရပ်ခံချက်တွင် အချက် ၄ ချက်ကို အဓိက မေတ္တာရပ်ခံထားကြောင်း သိရှိရသည်။
အဆိုပါ မေတ္တာရပ်ခံချက်တွင် ရန်ကုန်မြို့နေပြည်သူများလိုက်နာရန်ဟု ဆိုကာ အချက် ၄ ချက်ကို ဖော်ပြထားရာတွင်
၁။ အာဏာသိမ်းစစ်ကောင်စီသို့ အခွန်ပေးဆောင်ရန် အတွက် စုဝေးခြင်း များ မပြုလုပ်ရ။ (ဥပမာ -မီတာဆောင်ခြင်း)
၂။ လိုအပ်မှု မရှိဘဲ နေအိမ် ပြင်ပသို့ ထွက်ခွာခြင်းမပြုလုပ်ရ။
၃။ စစ်သား၊ရဲ များနှင့် စကားပြောဆိုခြင်း၊ ကူညီဆောင်ရွက်ခြင်းများ မပြုလုပ်ရ၊
၄။ စစ်ကောင်စီ၊ ဒလန်များ၏ သားသမီးများဆွေမျိုးများနှင့် တွေ့ဆုံခြင်း အတူတကွ နေထိုင်ခြင်းများမပြုလုပ်ရ တို့ပါဝင်သည်။
“ကျနော်တို့ ပြည်သူတွေကို ဒါက မေတ္တာရပ်ခံတာပါ။ ဒါတွေက မဖြစ်မနေ လိုက်နာဖို့ လိုပါတယ်” ဟု ပြောက်ကျားတော်လှန်ရေးတပ်သားများ ခေါင်း ဆောင်တစ်ဦးက ပြောဆိုသည်။
ရန်ကုန်မြို့တော်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များကို ပစ်ခတ်မှုဖြစ်စဉ် တောက်လျောက်ဆိုသလို ဖြစ်ပေါ်နေချိန်တွင် အဆိုပါ မေတ္တာရပ်ခံချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
Zawgyi
ရန္ကုန္ၿမိဳ႕ေန ျပည္သူမ်ားထံသို႔ ေျပာက္က်ားေတာ္လွန္ေရး တပ္သားမ်ားက ေမတၱာရပ္ခံခ်က္ထုတ္ျပန္၊ အခြန္မေဆာင္ရန္ႏွင့္ ေနအိမ္ျပင္ပ မထြက္ခြာရန္ အသိေပး
ရန္ကုန္၊ ေမ ၂၈
ရန္ကုန္ၿမိဳ႕ေန ျပည္သူမ်ားအေနျဖင့္ မျဖစ္ေန လိုက္နာရန္ ေျပာက္ က်ား ေတာ္လွန္ေရး တပ္သားမ်ားအမည္ျဖင့္ ေမတၱာရပ္ခံခ်က္တစ္ေစာင္ကို ယေန႔ ေန႔စြဲျဖင့္ ထုတ္ျပန္ၿပီး အဆိုပါ ေမတၱာရပ္ခံခ်က္တြင္ အခ်က္ ၄ ခ်က္ကို အဓိက ေမတၱာရပ္ခံထားေၾကာင္း သိရွိရသည္။
အဆိုပါ ေမတၱာရပ္ခံခ်က္တြင္ ရန္ကုန္ၿမိဳ႕ေနျပည္သူမ်ားလိုက္နာရန္ဟု ဆိုကာ အခ်က္ ၄ ခ်က္ကို ေဖာ္ျပထားရာတြင္
၁။ အာဏာသိမ္းစစ္ေကာင္စီသို႔ အခြန္ေပးေဆာင္ရန္ အတြက္ စုေဝးျခင္း မ်ား မျပဳလုပ္ရ။ (ဥပမာ -မီတာေဆာင္ျခင္း)
၂။ လိုအပ္မႈ မရွိဘဲ ေနအိမ္ ျပင္ပသို႔ ထြက္ခြာျခင္းမျပဳလုပ္ရ။
၃။ စစ္သား၊ရဲ မ်ားႏွင့္ စကားေျပာဆိုျခင္း၊ ကူညီေဆာင္႐ြက္ျခင္းမ်ား မျပဳလုပ္ရ၊
၄။ စစ္ေကာင္စီ၊ ဒလန္မ်ား၏ သားသမီးမ်ားေဆြမ်ိဳးမ်ားႏွင့္ ေတြ႕ဆုံျခင္း အတူတကြ ေနထိုင္ျခင္းမ်ားမျပဳလုပ္ရ တို႔ပါဝင္သည္။
“က်ေနာ္တို႔ ျပည္သူေတြကို ဒါက ေမတၱာရပ္ခံတာပါ။ ဒါေတြက မျဖစ္မေန လိုက္နာဖို႔ လိုပါတယ္” ဟု ေျပာက္က်ားေတာ္လွန္ေရးတပ္သားမ်ား ေခါင္း ေဆာင္တစ္ဦးက ေျပာဆိုသည္။
ရန္ကုန္ၿမိဳ႕ေတာ္တြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ားကို ပစ္ခတ္မႈျဖစ္စဥ္ ေတာက္ေလ်ာက္ဆိုသလို ျဖစ္ေပၚေနခ်ိန္တြင္ အဆိုပါ ေမတၱာရပ္ခံခ်က္ ထြက္ေပၚလာျခင္းျဖစ္သည္။