ကြွေလွင့်သွားခဲ့ရရှာတဲ့သူနာပြုဆရာမလေးရဲ့ ကဗျာလေးကိုပြန်ဖတ်ရင်း မျက်ရည်ဝဲခဲ့ကြတဲ့ပြည်သူများ

ကြွေလွင့်သွားခဲ့ရရှာတဲ့သူနာပြုဆရာမလေးရဲ့ ကဗျာလေးကိုပြန်ဖတ်ရင်း မျက်ရည်ဝဲခဲ့ကြတဲ့ပြည်သူများ

ကြွေလွင့်သွားခဲ့ရရှာတဲ့သူနာပြုဆရာမလေးရဲ့နှစ်လပြည့်မှာ သူရေးထားခဲ့တဲ့ကဗျာလေးကိုပြန်ဖတ်ရင်း မျက်ရည်ဝဲခဲ့ကြတဲ့ပြည်သူအများ

လွန်ခဲ့တဲ့နှစ်လကဒီလိုအချိန်မှာ လူ့လောကကြီးကနေ အပြီးတိုင်ထွက်ခွာသွားခဲ့ရတဲ့သူရဲကောင်းတစ်ယောက်ကတော့ ပြည်သူတွေရဲ့ရင်ထဲမှာ အခုချိန်အထိနေရာယူထားဆဲ ဖြစ်ပါတယ်။ သူမရဲ့နာမည်ကမသဉ္ဇာဟိန်းဖြစ်ပြီးသူနာပြုတက္ကသိုလ်ကဒုတိယနှစ်ကျောင်းသူလေးပဲ ဖြစ်ပါတယ်။ မသဉ္ဇာဟိန်းကလူထုလှုပ်ရှားမှုပွဲတွေမှာ

တက်တက်ကြွကြွပါဝင်ခဲ့သူဖြစ်သလို ပြည်သူတွေကို Medical Cover လုပ်ပေးရင်းနဲ့သူမရဲ့အသ.က်ကိုစွ.န့်လွှ.တ်

အန.စ်နာခံခဲ့ရတာဖြစ်ပါတယ် ။အသက် (၂၀)နှစ်အရွယ်ရှိတဲ့သူရဲကောင်းမလေး မသဉ္ဇာဟိန်းကတော့ ပြီးခဲ့တဲ့မတ်လ (၂၈) ရက်နေ့က ရတနာပုံရပ်၊ သာစည်လမ်းမှာခေါ.င်.းကိုကျ.ည်ထိမှ.န်ပြီး ကျဆုံးခဲ့ရတာ ဖြစ်ပါတယ်။

မသဉ္ဇာဟိန်းက မကွယ်လွန်ခင်အချိန်လေးမှာတိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာကနေတာဝန်ကျေပွန်ခဲ့တာပဲ ဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုပွဲတွေမှာပါဝင်‌တာကို အိမ်ကမကြိုက်တာကြောင့် မုံရွာကအဆောင်မှာလာနေပြီးကိုယ့်နိုင်ငံရေးအတွက်တိုက်ပွဲဝင်ခဲ့တဲ့သူမရဲ့စိတ်ဓာတ်ကတကယ့်ကိုလေးစားအတုယူစရာကောင်းလှပါတယ်။

ဒီနေ့မေလ (၂၈) ရက်နေ့မှာဆိုရင်သူနာပြုဆရာမလေး မသဉ္ဇာဟိန်းကွ.ယ်လွ.န်သွားတာ (၂) လတိတိပြည့်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေက ဆရာမလေးကိုအခုချိန်အထိသတိရလွမ်းဆွတ်နေကြောင်းပြောပြပြီးသူမအတွက် ဆုမွန်ကောင်းတွေတောင်းပေးနေကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူတွေကသူနာပြု

ဆရာမလေးမသဉ္ဇာဟိန်းရေးခဲ့တဲ့ ကဗျာလေးကိုဖတ်ပြီး မျက်ရည်ပါဝဲခဲ့ရတာဖြစ်ပါတယ်။ လေးစားချင်စရာကောင်းတဲ့စိတ်ဓာတ်ပိုင်ရှင်သူရဲကောင်းမလေး မသဉ္ဇာဟိန်းရဲ့ကဗျာကိုလည်း အောက်မှာဖော်ပြပေးလိုက်ပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။

Zawgyi








Leave a Reply

Your email address will not be published. Required fields are marked *