ခန္ဓာကိုယ် အဆစ်အမြစ်များ ကိုက်ခဲနေတာတွေအတွက် သဘာဝ ဆေးနည်း
ကျွန်တော် ယခုထပ်မံပြီး ဖော်ပြပေးချင်တဲ့ ဆေးနည်းလေးကတော့ မိမိ၏ ခန္ဓာကိုယ် အဆစ်အ မြစ်များ ကိုက်ခဲနေတာတွေကို ပျောက်ကင်းသက်သာစေမည့် သဘာဝ ဆေးနည်းတလက်ဖြစ်ပါတယ်။ပါဝင်အမယ်မျာ: – (၁)ဆနွင်းမှုန့်(နနွင်း)။ (၂)ဂျင်း(ချင်း)။ (၃)သစ်ချပိုးခေါက် အမှုန့်။ (၄) သံပုရာရည်။ဤ (၄)မျိုးကို စတီးဇွန်းဖြင့် တစ်ဇွန်းစီရောစပ်၍ အိုးထဲ၌ ရေအနည်းငယ်ထည့်ပြီး သုံးခွက် တစ်ခွက်တင်ကျန်အောင် ကျိုချက်၍ အိပ်ယာမဝင်ခင် ဖန်ခွက်တစ်ခွက်ခန့်သောက်သုံးပေးပါက အဆစ်အမြစ် ကိုက်ခဲဝေဒနာများကို ပျောက်ကင်းသက်သာစေပါတယ်။
ဒူးနာ လက်အဆစ်နာနေသူများအတွက် ဆနွင်းမှုန့်ကို ကွမ်းစားထုံးဖြင့် ရောစပ်၍ ပွတ်လိမ်းပေးပါက အဆစ်မြစ်ယောင်တာတွေ လျော့ကျစေပါတယ်။ ပျားရည်နှင့် နနွင်းမှုန့်ကို ရောစပ်၍ လိမ်းပေးပါကလည်း သက်သာစေပါတယ်။အရိုး အဆစ်အမြစ်များ ကိုက်ခဲနေပါက အင်္ဂလိပ်ဆေးဝါးများကို အလွန်အကျွံသောက်သုံးခြင်းကို ရှောင်ကျဉ်ပါ။ ပြန်လည်မျှဝေပေးခြင်းဖြင့် ကုသိုလ်ယူနိုင်ပါတယ် ခင်ဗျာ…။
Zawgyi