စီးပွားဥစ္စာတိုးတက်လာစေတဲ့ နမောငါးချက် စီးပွားတက်ဂါထာတော် နှင့် ပုတီးစိပ်နည်း

အကြွေးကျေ ငွေဝင် လာဘ်ရွှင်နေစေဖို့ နမောငါးချက် စီးပွားတက် ဂါထာအဓိဋ္ဌာန် ပုတီးစိပ်နည်းကို ပြန်လည်မျှဝေလိုက်ပါတယ်။နမော ငါးပိုင်း ဂါထာကို နမော ငါးချက်စီးပွားတက်ဂါထာ ဟုလည်း လူသိများပါသည်။မိမိအိမ်မှာ လူမြင်သာတဲ့နေရာမှာရှင်ဘုရင်ပုံကပ်ထားပါ။ မိမိမွေးနေ့မှာအိမ်ဘုရားမှာကံ့ကော်(၁၅)ညွှန့် ငွေအိုးထဲထည့်ပါ။ ငွေအိုးဆိုတာခက်ခက်ခဲခဲလိုက်ရှာမနေနဲ့ ငွေရောင်သုတ်ထားတဲ့အိုးဆိုရပါပြီ။ ခရေ(၂) ညွှန့်ကြေးအိုးထဲထည့်ပါ။

ကြေးအိုးဆိုတာခက်ခက်ခဲခဲလိုက်ရှာမနေပါနဲ့။ ကြေးသုတ်ထားတဲ့အိုးဆိုရင်ရပါပြီ။ ရွက်လှ (၁၇) ညွှန့်ရွှေအိုးထဲထည့်ပါ။ ရွှေအိုးဆိုတာလည်းခက်ခက်ခဲခဲလိုက်ရှာမနေပါနဲ့။ရွှေရောင်သုတ်ထားတဲ့အိုးဆိုရပါပြီ။ ရွှေအိုး၊ငွေအိုး၊ကြေးအိုး စီးပွားတိုး ဓာတ်တူ နာမ်တူ ဆေးဖက်ယူ နံတူသတ်ကအသေရ(ကြိမ်းသေရ)ပေါ့ ရွှေငွေဓာတ်ဖွင့်တာပေါ့။မိမိအိမ်ဘုရားမှာ မနက်/ညထိုပန်းအိုးတွေနဲ့ပန်းတွေထိုးပြီး စွဲစွဲမြဲမြဲသာရွတ်ဖတ်ပြီးပုတီးစိပ်တော့ပေါ့ဗျာ။

နမောငါးပိုင်း နတ်တွေဝိုင်းပုတီးစိပ်နည်း – ဤနမောငါးချက်စီးပွားတက်ဂါထာကို ပုတီး မစိပ်ခင် ဦးစွာပထမ သရဏဂုံသုံးပါးကို အရင်ဆုံးရွတ်ဆိုပူဇော်ပါ။ ဗုဒ္ဓံသရဏံဂစ္ဆာမိ၊ ဓမ္မံသရဏံဂစ္ဆာမိ၊ သံဃံသရဏံဂစ္ဆာမိ ပြီးလျင်။ ၁။ နမောတဿ။ ၂။ နမောတဿ ဘဂဝေတာ။ ၃။ နမောတဿ အရဟေတာ။ ၄။ နမောတဿ သမ္မာသမ္ဗုဒ္ဓဿ။ ၅။နေမာတဿ ဘဂဝေတာ အရဟေတာ သမ္မာသမ္ဗုဒ္ဓဿ။ ဤနမောငါးချက်စီးပွားတက်ဂါထာကို ပါဋ္ဌိ ငါးကြောင်း အစအဆုံးဆိုပြီးမှ ပုတီးတစ်လုံးချ၍စိပ်ပါ။ ၁၀၈လုံးပုတီးကုံးဖြင့်ပုတီးစိပ်ပါ။ တစ်နေ့ကိုပုတီး( ၉ )ပတ်အဓိဌာန် ( ၉ )ရက်တိတိစိပ်ပါ။အကျိုးတရားများကား ထိုသို့နမောငါးချက်စီးပွားတက်ဂါထာကို ပုတီးစိပ်သောသူသည် သိသာစွာစီးပွားတိုး၍ကောင်းကျိူးသုခများရရှိစေသည်။

Zawgyi

Leave a Reply

Your email address will not be published. Required fields are marked *