အလုပ်ထုတ်ခံ ဆရာ၊ ဆရာမများ ကိုယ်တိုင်ခံဝန် အသနားခံပြီး အလုပ်ပြန်လျှောက်နိုင်ဟု စစ်အုပ်စု ကြေညာ
ရာထူးကနေ ထုတ်ပယ်၊ တာဝန်မှ ယာယီရပ်နား၊ ပုဒ်မ ၅၀၅-က နဲ့ တရားစွဲဆိုခံထားရတဲ့ CDM ပညာရေးဝန်ထမ်းတွေအနေနဲ့ ကိုယ်တိုင်ခံဝန်နဲ့ အသနားခံလျှောက်ထားပြီး တာဝန်တွေ ပြန်ထမ်းဆောင်မယ်ဆိုရင် စစ်ဆေး လက်ခံသွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီးပညာရေးရုံးက ဇွန်လ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ရာထူးထုတ်ပယ်ခံရပြီး တာဝန်ပြန်လည်ထမ်းဆောင်လိုတဲ့ ဝန်ထမ်းတွေနဲ့ တရားစွဲဆိုခံရတဲ့ ဝန်ထမ်းတွေအနေနဲ့ သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့ အကြီးအမှူး၊ ဦးဆောင်ညွှန်ကြားရေးမှူးချုပ်နဲ့ တာဝန်ပေးအပ်ထားသူတွေဆီမှာ ပြန်လည်တာဝန်ထမ်းဆောင်လိုကြောင်း ကိုယ်တိုင် ခံဝန်ကတိတွေ လျှောက်ထားနိုင်ကြောင်းကို စစ်အကြမ်းဖက်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Zawgyi
အလုပ္ထုတ္ခံ ဆရာ၊ ဆရာမမ်ား ကိုယ္တိုင္ခံဝန္ အသနားခံၿပီး အလုပ္ျပန္ေလွ်ာက္ႏိုင္ဟု စစ္အုပ္စု ေၾကညာ
ရာထူးကေန ထုတ္ပယ္၊ တာဝန္မွ ယာယီရပ္နား၊ ပုဒ္မ ၅၀၅-က နဲ႔ တရားစြဲဆိုခံထားရတဲ့ CDM ပညာေရးဝန္ထမ္းေတြအေနနဲ႔ ကိုယ္တိုင္ခံဝန္နဲ႔ အသနားခံေလွ်ာက္ထားၿပီး တာဝန္ေတြ ျပန္ထမ္းေဆာင္မယ္ဆိုရင္ စစ္ေဆး လက္ခံသြားမယ္လို႔ ဧရာဝတီတိုင္းေဒသႀကီးပညာေရး႐ုံးက ဇြန္လ ၁ ရက္ေန႔မွာ ထုတ္ျပန္ပါတယ္။
ရာထူးထုတ္ပယ္ခံရၿပီး တာဝန္ျပန္လည္ထမ္းေဆာင္လိုတဲ့ ဝန္ထမ္းေတြနဲ႔ တရားစြဲဆိုခံရတဲ့ ဝန္ထမ္းေတြအေနနဲ႔ သက္ဆိုင္ရာ ဝန္ထမ္းအဖြဲ႕ အႀကီးအမႉး၊ ဦးေဆာင္ၫႊန္ၾကားေရးမႉးခ်ဳပ္နဲ႔ တာဝန္ေပးအပ္ထားသူေတြဆီမွာ ျပန္လည္တာဝန္ထမ္းေဆာင္လိုေၾကာင္း ကိုယ္တိုင္ ခံဝန္ကတိေတြ ေလွ်ာက္ထားႏိုင္ေၾကာင္းကို စစ္အၾကမ္းဖက္အဖြဲ႕က ထုတ္ျပန္ထားပါတယ္။