အမေရင်းမဟုတ်ပေမဲ့လည်း အရွယ်နဲ့မလိုက်အောင် မိထွေးရဲ့ဆေးကုသစရိတ်အတွက် ရုန်းကန်နေရတဲ့ ကလေးငယ်

အမေရင်းမဟုတ်ပေမဲ့လည်း အရွယ်နဲ့မလိုက်အောင် မိထွေးရဲ့ဆေးကုသစရိတ်အတွက် ရုန်းကန်နေရတဲ့ ကလေးငယ်

တရုတ်နိုင်ငံမှာနေထိုင်တဲ့ အသက် 12 အရွယ် ၊ Wangzhen အမည်ရှိတဲ့ ကောင်လေးဟာ အပူချိန် 40 ဒီဂရီကျော်တဲ့ နေ့လယ်ခင်မှာ အိတ်လေးတစ်လုံးလွယ်ပြီး အပူတပြင်း ပလပ်စတစ်ဘူးခွံလေးတွေကို လိုက်လံကောက်ယူနေခဲ့ပါတယ် ။

အကြောင်းကတော့ Wangzhen ဟာ သူ့ရဲ့ မိထွေးဖြစ်သူ ဆေးကုသစရိတ်အတွက် ယခုလိုကြိုးစားရုန်းကန်နေရတာပါပဲ ။ Wangzhen ရဲ့ ဘဝအကြောင်းကို ပြောရမယ်ဆိုရင် 2 နှစ်သားအရွယ်က မိခင်အရင်းဟာ နေအိမ်ကနေထွက်ခွာသွားခဲ့တာပါ ။

ဖခင်ဖြစ်သူကလည်း လုပ်ငန်းခွင်မှာ မတော်တဆမှုတစ်ခုကြောင့် လက်ထိခိုက်သွားခဲ့ပြီးနောက် အရင်လို အလုပ်အကိုင်မျိုးကောင်မွန်စွာ မလုပ်နိုင်တော့ဘဲ အချိန်ပိုင်းအလုပ်သမားအဖြစ်သာ လုပ်ကိုင်နေခဲ့ရတာပါ ။

အဘွားဖြစ်သူမှာလည်း အကြွေးတွေများစွာထားရစ်ခဲ့ပြီးမှ သေဆုံးသွားခဲ့တာကြောင့် Wangzhen ဟာ အဘိုးဖြစ်သူကိုသာ အားကိုးမှီခိုနေခဲ့ရတာပါ ။ 9 နှစ်သားအရွယ်သို့ ရောက်ရှိလာခဲ့ချိန်မှာတော့ ဖခင်ဖြစ်သူဟာ နောက်အိမ်ထောင်ပြုခဲ့ပါတယ် ။

မိထွေးဖြစ်သူဟာလည်း စိတ်သဘောထားကောင်းမွန်လွန်းသူဖြစ်တာကြောင့် မိသားစုဝင်တွေ အတော်လေးပျော်ရွှင်ခဲ့ရပါတယ် ။ သို့ပေမဲ့လည်း Wangzhen ရဲ့ ပျော်ရွှင်မှုက မကြာခဲ့ပါဘူး ။

မိထွေးဖြစ်သူဟာ သွေးကင်ဆာရောဂါ ခံစားခဲ့ရချိန်မှာတော့ ဆေးကုသမှုမခံရင် အသက်ဆုံးရှုံးနိုင်လို့ ယခုလို Wangzhen ဟာ နေအိမ်အပြင်ထွက်ပြီး အလုပ်လုပ်ကိုင်နေရတာပါ ။ Wangzhen ဟာ အရွယ်နဲ့မလိုက်အောင်

ကြိုးစားနေမှုဟာ တွေ့မြင်ရသူတွေတိုင်းကို ရင်ထဲခံစားမှုတွေဖြစ်စေခဲ့ပါတယ် ။ Wangzhen ဟာ မိထွေးအကြောင်းပြောလိုက်ချိန်တိုင်း မျက်နှာလေးမှာ အပြုံးလေးတစ်ပွင့်ရှိနေခဲ့ပြီး ‘ သူမက ကျွန်တော့်အမေပါ ‘ ဆိုပြီးတော့လည်း ပြောဆိုနေလေ့ရှိပါတယ် ။

Zawgyi

အေမရင္းမဟုတ္ေပမဲ့လည္း အ႐ြယ္နဲ႔မလိုက္ေအာင္ မိေထြးရဲ႕ေဆးကုသစရိတ္အတြက္ ႐ုန္းကန္ေနရတဲ့ ကေလးငယ္

တ႐ုတ္ႏိုင္ငံမွာေနထိုင္တဲ့ အသက္ 12 အ႐ြယ္ ၊ Wangzhen အမည္ရွိတဲ့ ေကာင္ေလးဟာ အပူခ်ိန္ 40 ဒီဂရီေက်ာ္တဲ့ ေန႔လယ္ခင္မွာ အိတ္ေလးတစ္လုံးလြယ္ၿပီး အပူတျပင္း ပလပ္စတစ္ဘူးခြံေလးေတြကို လိုက္လံေကာက္ယူေနခဲ့ပါတယ္ ။

အေၾကာင္းကေတာ့ Wangzhen ဟာ သူ႔ရဲ႕ မိေထြးျဖစ္သူ ေဆးကုသစရိတ္အတြက္ ယခုလိုႀကိဳးစား႐ုန္းကန္ေနရတာပါပဲ ။ Wangzhen ရဲ႕ ဘဝအေၾကာင္းကို ေျပာရမယ္ဆိုရင္ 2 ႏွစ္သားအ႐ြယ္က မိခင္အရင္းဟာ ေနအိမ္ကေနထြက္ခြာသြားခဲ့တာပါ ။

ဖခင္ျဖစ္သူကလည္း လုပ္ငန္းခြင္မွာ မေတာ္တဆမႈတစ္ခုေၾကာင့္ လက္ထိခိုက္သြားခဲ့ၿပီးေနာက္ အရင္လို အလုပ္အကိုင္မ်ိဳးေကာင္မြန္စြာ မလုပ္ႏိုင္ေတာ့ဘဲ အခ်ိန္ပိုင္းအလုပ္သမားအျဖစ္သာ လုပ္ကိုင္ေနခဲ့ရတာပါ ။

အဘြားျဖစ္သူမွာလည္း အေႂကြးေတြမ်ားစြာထားရစ္ခဲ့ၿပီးမွ ေသဆုံးသြားခဲ့တာေၾကာင့္ Wangzhen ဟာ အဘိုးျဖစ္သူကိုသာ အားကိုးမွီခိုေနခဲ့ရတာပါ ။ 9 ႏွစ္သားအ႐ြယ္သို႔ ေရာက္ရွိလာခဲ့ခ်ိန္မွာေတာ့ ဖခင္ျဖစ္သူဟာ ေနာက္အိမ္ေထာင္ျပဳခဲ့ပါတယ္ ။

မိေထြးျဖစ္သူဟာလည္း စိတ္သေဘာထားေကာင္းမြန္လြန္းသူျဖစ္တာေၾကာင့္ မိသားစုဝင္ေတြ အေတာ္ေလးေပ်ာ္႐ႊင္ခဲ့ရပါတယ္ ။ သို႔ေပမဲ့လည္း Wangzhen ရဲ႕ ေပ်ာ္႐ႊင္မႈက မၾကာခဲ့ပါဘူး ။

မိေထြးျဖစ္သူဟာ ေသြးကင္ဆာေရာဂါ ခံစားခဲ့ရခ်ိန္မွာေတာ့ ေဆးကုသမႈမခံရင္ အသက္ဆုံးရႈံးႏိုင္လို႔ ယခုလို Wangzhen ဟာ ေနအိမ္အျပင္ထြက္ၿပီး အလုပ္လုပ္ကိုင္ေနရတာပါ ။ Wangzhen ဟာ အ႐ြယ္နဲ႔မလိုက္ေအာင္

ႀကိဳးစားေနမႈဟာ ေတြ႕ျမင္ရသူေတြတိုင္းကို ရင္ထဲခံစားမႈေတြျဖစ္ေစခဲ့ပါတယ္ ။ Wangzhen ဟာ မိေထြးအေၾကာင္းေျပာလိုက္ခ်ိန္တိုင္း မ်က္ႏွာေလးမွာ အၿပဳံးေလးတစ္ပြင့္ရွိေနခဲ့ၿပီး ‘ သူမက ကြၽန္ေတာ့္အေမပါ ‘ ဆိုၿပီးေတာ့လည္း ေျပာဆိုေနေလ့ရွိပါတယ္ ။

Leave a Reply

Your email address will not be published.