တောတောင်ထဲမှာ ခက်ခဲပင်ပန်းစွာရပ်တည်ပြီး ပြည်သူကိုကာကွယ်ဖို့အတွက် အသက်ပါရင်းထားတဲ့ ဦးဇင်းလူထွက်တစ်ဦး

တောတောင်ထဲမှာ ခက်ခဲပင်ပန်းစွာရပ်တည်ပြီး ပြည်သူကိုကာကွယ်ဖို့အတွက် အသက်ပါရင်းထားတဲ့ ဦးဇင်းလူထွက်တစ်ဦး

လတ်တလောမှာဆိုရင်တော့ ပြည်သူလူထုက ရရာလက်နက်ကိုဆွဲကိုင်ပြီး စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင်နဲ့ ရင်ဆိုင်နေကြတာဖြစ်ပါတယ်။လူငယ်တွေကလည်း စစ်ပညာသင်ကြားဖို့အတွက် တောထောင်ထဲမှာ အဆင်ပြေသလိုနေထိုင်ပြီးအပြင်းအထန်လေ့ကျင့်နေကြတာဖြစ်ပါတယ်။ဦးဇင်းတစ်ပါးဆိုရင် တိုင်းပြည်နဲ့ပြည်သူတွေကို ကာကွယ်ဖို့အတွက် (၁၃)နှစ်တိတိ သာသနာ့ဝန်ထမ်းရွက်ခဲ့ရာကနေ တောတောင်ထဲကို ဝင်ရောက်ပြီး ရည်မှန်းချက်ပန်းတိုင်အတွက် ကြိုးစားနေတာဖြစ်ပါတယ်။

တောထဲရောက်နေကြတဲ့ သူရဲကောင်းတွေအကုန်လုံးက လစာမရရှိတဲ့အပြင် အစားအသောက်ဆိုလည်း ချေးများမနေဘဲ ရှိသလိုစားသောက်ကြရတာဖြစ်ပါတယ်။အခုဆိုရင်တော့ ဦးဇင်းက လက်နက်ကိုင်ရဖို့အတွက် လူထွက်လိုက်ပြီး ရဲဘော်၊ရဲဘက်တွေနဲ့အတူ ခက်ခဲကြမ်းတမ်းတဲ့လမ်းခရီးကို လျှောက်လှမ်းနေတာဖြစ်ပါတယ်။ရဲစွမ်းသတ္တိအပြည့်ရှိနေတဲ့ ဦးကေသရရဲ့အကြောင်းလေးက တောင်ကိုရီးယားသတင်းမှာတောင် ဖော်ပြခြင်းခံခဲ့ရပါတယ်။အခုဆိုရင်တော့ ဦးကေသရက သူတို့တွေတောခိုပြီး ငွေကြေးဘာလို့လိုလဲ ဆိုတဲ့အကြောင်းသေသေချာချာ ရှင်းပြလာခဲ့တာဖြစ်ပါတယ်။

ရန်ပုံငွေကတော့ အပေါ်က လက်နက်ခဲယမ်းမရမှီ ကြားကာလမှာ အောက်ကနေပြန်လည် ဝယ်ယူဖြည့်တင်းထားရတဲ့အခါတွေ ရှိတယ်လို့သိရပါတယ်။လက်ရှိမှာတော့ အဆင်ပြေနေပေမယ့် နောက်ရောက်လာမယ့်သူရဲကောင်းတွေအတွက် ဦးကေသရက လက်လှမ်းမှီသလောက်ဆောက်ရွက်ပေးနေတာဖြစ်ပါတယ်။

တောထဲရောက်နေတဲ့သူတွေကတော့ NUG က ခေတ်မှီ လက်နက်ခဲယမ်းတွေ ပို့ပေးလိမ့်မယ်ဆိုတာကိုလည်း အပြည့်အဝယုံကြည်နေကြတာဖြစ်ပါတယ်။အခုချိန်မှာတော့ တောထဲရောက်လူငယ်တွေအကုန်လုံးက ထိုင်မနေဘဲ လိုအပ်တာတွေကိုကိုယ်ထူကိုယ်ထဆောင်ရွက်နေကြတဲ့အကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Zawgyi






Leave a Reply

Your email address will not be published. Required fields are marked *