စစ်ကောင်စီ လက်အောက်ခံ ရုပ်ရှင်အစည်းအရုံးမှ သရုပ်ဆောင် မင်းမော်ကွန်း နှင့်အတူအနုပညာရှင်အချို့ နှုတ်ထွက်

စစ်ကောင်စီ လက်အောက်ခံ ရုပ်ရှင်အစည်းအရုံးမှ သရုပ်ဆောင် မင်းမော်ကွန်း နှင့်အတူအနုပညာရှင်အချို့ နှုတ်ထွက်

စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပြင်းပြင်းထန်ထန် ပါဝင်နေကြတဲ့ သရုပ်ဆောင် မင်းမော်ကွန်း၊ ဒါရိုက်တာ ကိုပေါက်၊ ဒါရိုက်တာစတီးနဲ့ သရုပ်ဆောင် ဆင်မတို့ဟာ ဒီကနေ့ ဇွန်လ ၄ ရက်နေ့မှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကနေ အစည်းအရုံးအဖွဲ့ဝင် အဖြစ်မှ နှုတ်ထွက်ကြောင်း အသိပေးကြေညာခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့ နောက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင် နှုတ်ထွက်ပြီး ဥက္ကဋ္ဌ နေရာ လစ်လပ်နေခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် သရုပ်ဆောင်ခန့်စည်သူက မြန်မာနိူင်ငံရုပ်ရှင်အစည်းရုံးဥက္ကဌအဖြစ် တာဝန်ယူမှာဖြစ်တယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးက ဒီကနေ့ ထုတ်ပြန်ခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအစပိုင်းကလည်း ဒါရိုက်တာ သည်ခေတ်နေနဲ့ သရုပ်ဆောင် တိုင်ရွန်တို့နဲ့ အတူ အနုပညာရှင်အချို့ နှုတ်ထွက်ခဲ့ကြပါသေးတယ်။“ကျွန်တော်ကတော့ ဒင်းတို့လက်အောက်ရောက်နေသမျှ ဘာရုပ်ရှင်၊ဘာဇာတ်လမ်းတွဲ၊ဘာဖန်တီးမှုမှ ထပ်လုပ်ဖြစ်မှာ မဟုတ်ဘူး။” လို့ ဒါရိုက်တာ သည်ခေတ်နေက ပြောပါတယ်။

အလားတူပဲ စစ်ကောင်စီမှ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) ရဲ့ ယာယီ အမှုဆောင်အဖွဲ့ကနေ ဂီတစာဆို ဟင်္သာတမြင့်ငွေ၊ အဆိုတော် ကိုင်ဇာတို့ ယနေ့ နုတ်ထွက်ခဲ့ကြပြီး၊ အဆိုတော် မနော၊ ညီမင်းခိုင်နဲ့ တေးရေး ဝေကြီးတို့ကလည်း အသီးသီး နှုတ်ထွက်ထားကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သရုပ်ဆောင် ၊ အဆိုတော် နဲ့အနုပညာရှင် ၅ဝ ကျော်ကို စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဝရမ်းထုတ်ထားပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အနုပညာရှင် ၁ဝဦးထက်မနည်းရှိနေပါတယ်။

Zawgyi

စစ္ေကာင္စီ လက္ေအာက္ခံ ႐ုပ္ရွင္အစည္းအ႐ုံးမွ သ႐ုပ္ေဆာင္ မင္းေမာ္ကြန္း ႏွင့္အတူအႏုပညာရွင္အခ်ိဳ႕ ႏႈတ္ထြက္

စစ္အာဏာရွင္ ဆန႔္က်င္ေရး လႈပ္ရွားမႈေတြမွာ ျပင္းျပင္းထန္ထန္ ပါဝင္ေနၾကတဲ့ သ႐ုပ္ေဆာင္ မင္းေမာ္ကြန္း၊ ဒါ႐ိုက္တာ ကိုေပါက္၊ ဒါ႐ိုက္တာစတီးနဲ႔ သ႐ုပ္ေဆာင္ ဆင္မတို႔ဟာ ဒီကေန႔ ဇြန္လ ၄ ရက္ေန႔မွာ ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံးကေန အစည္းအ႐ုံးအဖြဲ႕ဝင္ အျဖစ္မွ ႏႈတ္ထြက္ေၾကာင္း အသိေပးေၾကညာခဲ့ၾကပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးတဲ့ ေနာက္ ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံး ဥကၠ႒ ဦးညီညီထြန္းလြင္ ႏႈတ္ထြက္ၿပီး ဥကၠ႒ ေနရာ လစ္လပ္ေနခဲ့တာျဖစ္ပါတယ္။ အဲ့ဒီအတြက္ သ႐ုပ္ေဆာင္ခန႔္စည္သူက ျမန္မာႏိူင္ငံ႐ုပ္ရွင္အစည္း႐ုံးဥကၠဌအျဖစ္ တာဝန္ယူမွာျဖစ္တယ္လို႔ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္း႐ုံးက ဒီကေန႔ ထုတ္ျပန္ခဲ့ပါတယ္ ။

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလအစပိုင္းကလည္း ဒါ႐ိုက္တာ သည္ေခတ္ေနနဲ႔ သ႐ုပ္ေဆာင္ တိုင္႐ြန္တို႔နဲ႔ အတူ အႏုပညာရွင္အခ်ိဳ႕ ႏႈတ္ထြက္ခဲ့ၾကပါေသးတယ္။“ကြၽန္ေတာ္ကေတာ့ ဒင္းတို႔လက္ေအာက္ေရာက္ေနသမွ် ဘာ႐ုပ္ရွင္၊ဘာဇာတ္လမ္းတြဲ၊ဘာဖန္တီးမႈမွ ထပ္လုပ္ျဖစ္မွာ မဟုတ္ဘူး။” လို႔ ဒါ႐ိုက္တာ သည္ေခတ္ေနက ေျပာပါတယ္။

အလားတူပဲ စစ္ေကာင္စီမွ ဖြဲ႕စည္းထားတဲ့ ျမန္မာႏိုင္ငံ ဂီတအစည္းအ႐ုံး (ဗဟို) ရဲ႕ ယာယီ အမႈေဆာင္အဖြဲ႕ကေန ဂီတစာဆို ဟသၤာတျမင့္ေငြ၊ အဆိုေတာ္ ကိုင္ဇာတို႔ ယေန႔ ႏုတ္ထြက္ခဲ့ၾကၿပီး၊ အဆိုေတာ္ မေနာ၊ ညီမင္းခိုင္နဲ႔ ေတးေရး ေဝႀကီးတို႔ကလည္း အသီးသီး ႏႈတ္ထြက္ထားၾကပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း သ႐ုပ္ေဆာင္ ၊ အဆိုေတာ္ နဲ႔အႏုပညာရွင္ ၅ဝ ေက်ာ္ကို စစ္ေကာင္စီက ပုဒ္မ ၅၀၅ (က) နဲ႔ ဖမ္းဝရမ္းထုတ္ထားၿပီး ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ အႏုပညာရွင္ ၁ဝဦးထက္မနည္းရွိေနပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *