ထမင်းအိုးကြီး ၁၀၀ ချက် တနေ့ ၃ကြိမ် လှူရသောကုသိုလ်နှင့် ညီမျှသည့် မေတ္တာပို့နည်း

ထမင်းအိုးကြီး ၁၀၀ ချက် တနေ့ ၃ကြိမ် လှူရသောကုသိုလ်နှင့် ညီမျှသည့် မေတ္တာပို့နည်း

“အနောဓိသ မေတ္တာ ပွားနည်း” – မေတ္တာပွားတဲ့ သူတော်စင်ဟာ ဘယ်ကိုပဲ သွားသွား၊ ဘယ်ကပဲ ပြန်လာလာ။သွားရင်းနေရင်းလည်း…။“အားလုံးသတ္တဝါတွေ ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ… ” လို့ သွားစရာကိစ္စ သွား၊လာစရာကိစ္စ လာပါလေ။ရထားစီးရင်းလည်း မေတ္တာပွား၊ကားစီးသွားရင်းလည်း မေတ္တာပွား၊ ကားမောင်းရင်းလည်း မေတ္တာပွား၊ လေယာဉ်စီးရင်းလည်း မေတ္တာပွား၊ လေယာဉ်ပေါ် စီးနင်း လိုက်ပါလာကြတဲ့ ပုဂ္ဂိုလ်တွေ…။“ကျမ်းမာကြပါစေ၊ ချမ်းသာကြပါစေ ” လို့မေတ္တာပွားနေရင် သိပ်ကောင်းတယ်တဲ့။တွေ့ရာမြင်ရာ အသံကြားရာ သတ္တဝါတွေကို မေတ္တာပွားလူတွေ့လူ, တိရိစ္ဆာန်တွေ့, တိရိစ္ဆာန်ကို မေတ္တာပွားပါ။

ဒါကြောင့်…“ပညတ်မြင်ရင် မေတ္တာပွား၊ ပရမတ်မြင်ရင် ဝိပဿနာပွား ” လို့ ဆိုကြတာပေါ့။ဘာအကြောင်းကြောင့်ပဲ ရပ်နေ ရပ်နေ၊ ရပ်နေရင်းလည်း…” အားလုံးသတ္တဝါတွေ ကျမ်းမာကြပါစေ၊ ချမ်းသာကြပါစေ ” လို့ မေတ္တာပွား။ဘာအကြောင်းကြောင့်ပဲ ထိုင်နေ ထိုင်နေ၊ထိုင်နေရင်းလည်း မေတ္တာပွားပါ။အိပ်ချိန်ရောက်လို့ အိပ်တောင်မှ အိပ်မပျော်သေးရင် စိတ်ထဲမှာ”အားလုံးသတ္တဝါတွေ ကျမ်းမာကြပါစေ၊ချမ်းသာကြပါစေ ” လို့ မေတ္တာပွားနေပါ။မေတ္တာပွားရင်း အိပ်ပျော်သွားရင် ပိုပြီးကောင်းပါတယ်။အိပ်ပျော်သွားမှပဲ မေတ္တာပွားတာကို နားရမယ်။ အိပ်ပျော်သွားတဲ့ အချိန်ကတော့ မေတ္တာပွားသူရဲ့ အနားယူချိန်ပဲ ဖြစ်ပါတယ်။အခြားအချိန်မှာတော့ အမြဲ မေတ္တာပွားနေရပါမယ်။ အမြဲတမ်း မေတ္တာပွားနေနိုင်အောင် ကြိုးစားကြည့်ပါ။

ထမင်းစားရင်း၊ ရေသောက်ရင်း၊မုန်စား, လဘက်ရည်သောက်ရင်း၊ရေချိုးရင်း၊ မျက်နှာသစ်ရင်း၊ အိမ်မှုကိစ္စ၊ ရုံးကိစ္စ၊ အရောင်းအဝယ်ကိစ္စ စတဲ့ လုပ်ငန်းကိစ္စ အဝဝတွေကိုပြုလုပ်ရင်းလည်း မေတ္တာပွားပါ။မေတ္တာပွားရင်း အဲဒီအလုပ်တွေကို လုပ်ပါ။ တံမြက်စည်း လှည်းနေရင်လည်း…”အားလုံးသတ္တဝါတွေ ကျမ်းမာကြပါစေ၊ ချမ်းသာကြပါစေ ” လို့ စိတ်က မေတ္တာပွား၊ လက်က တံမြက်စည်း လှည်းပါ။စိတ်အလုပ်မဟုတ်တဲ့ အခြားမည်သည့်ကိစ္စကိုပဲ ဆောင်ရွက်ဆောင်ရွက် မေတ္တာပွားရင်း ဆောင်ရွက်ပါ။ ပွားခါစမှာတော့ ခက်ကောင်းခက်လိမ့် မယ်။ အလေ့အကျင့်ရလာတော့ အလွယ်တကူပဲ ပွားနိုင်ပါလိမ့်မယ်။

ခုပြောခဲ့တဲ့နည်းက သတ္တဝါတွေကို ပိုင်းခြားကန့်သတ်ခြင်း မပြုဘဲ မေတ္တာပွားတဲ့နည်းဖြစ်လို့” အနောဓိသ မေတ္တာပွားနည်း ” လို့ ခေါ်ပါတယ်။ဒီလို မေတ္တာပွားနေရင်ကိုပဲ ကုသိုလ်တွေရလှပါပြီ။ နိဒါနသံယုတ် ဩက္ခာသုတ်ပါဠိတော်မှာ… နံနက်တစ်ကြိမ်၊ နေ့လည်တစ်ကြိမ်၊ ညနေတစ်ကြိမ် တစ်နေ့သုံးကြိမ် မေတ္တာကိုသုံးလေးစက္ကန့်လောက် ပွားတဲ့ကုသိုလ်ဟာ ထမင်းအိုးကြီး တစ်ရာနဲ့ နံနက်တစ်ကြိမ်၊ နေ့လည်တစ်ကြိမ်၊ ညနေတစ်ကြိမ်၊ တစ်နေ့သုံးကြိမ် ကြွေးမွေးလှူဒါန်းတဲ့ ဒါနကုသိုလ်ထက် ပိုမိုများပြား အကျိုးကြီးမားကြောင်း ရှင်တော်မြတ်ဘုရား မိန့်ကြားတော်မူခဲ့ပါတယ်။ ချမ်းမြေ့ အရှင်ဣန္ဒက – မေတ္တာဂုဏ်ရည်- တရားတော်- မှ မိတ်ဆွေ များအားလုံး နှလုံး စိတ်ဝမ်း အေးချမ်းကြပါစေ။

Zawgyi

ထမင္းအိုးႀကီး ၁၀၀ ခ်က္ တေန႔ ၃ႀကိမ္ လႉရေသာကုသိုလ္ႏွင့္ ညီမွ်သည့္ ေမတၱာပို႔နည္း

“အေနာဓိသ ေမတၱာ ပြားနည္း” – ေမတၱာပြားတဲ့ သူေတာ္စင္ဟာ ဘယ္ကိုပဲ သြားသြား၊ ဘယ္ကပဲ ျပန္လာလာ။သြားရင္းေနရင္းလည္း…။“အားလုံးသတၱဝါေတြ က်န္းမာၾကပါေစ၊ ခ်မ္းသာၾကပါေစ… ” လို႔ သြားစရာကိစၥ သြား၊လာစရာကိစၥ လာပါေလ။ရထားစီးရင္းလည္း ေမတၱာပြား၊ကားစီးသြားရင္းလည္း ေမတၱာပြား၊ ကားေမာင္းရင္းလည္း ေမတၱာပြား၊ ေလယာဥ္စီးရင္းလည္း ေမတၱာပြား၊ ေလယာဥ္ေပၚ စီးနင္း လိုက္ပါလာၾကတဲ့ ပုဂၢိဳလ္ေတြ…။“က်မ္းမာၾကပါေစ၊ ခ်မ္းသာၾကပါေစ ” လို႔ေမတၱာပြားေနရင္ သိပ္ေကာင္းတယ္တဲ့။ေတြ႕ရာျမင္ရာ အသံၾကားရာ သတၱဝါေတြကို ေမတၱာပြားလူေတြ႕လူ, တိရိစာၦန္ေတြ႕, တိရိစာၦန္ကို ေမတၱာပြားပါ။

ဒါေၾကာင့္…“ပညတ္ျမင္ရင္ ေမတၱာပြား၊ ပရမတ္ျမင္ရင္ ဝိပႆနာပြား ” လို႔ ဆိုၾကတာေပါ့။ဘာအေၾကာင္းေၾကာင့္ပဲ ရပ္ေန ရပ္ေန၊ ရပ္ေနရင္းလည္း…” အားလုံးသတၱဝါေတြ က်မ္းမာၾကပါေစ၊ ခ်မ္းသာၾကပါေစ ” လို႔ ​ေမတၱာပြား။ဘာအေၾကာင္းေၾကာင့္ပဲ ထိုင္ေန ထိုင္ေန၊ထိုင္ေနရင္းလည္း ေမတၱာပြားပါ။အိပ္ခ်ိန္​ေရာက္လို႔ အိပ္ေတာင္မွ အိပ္မေပ်ာ္ေသးရင္ စိတ္ထဲမွာ”အားလုံးသတၱဝါေတြ က်မ္းမာၾကပါေစ၊ခ်မ္းသာၾကပါေစ ” လို႔ ေမတၱာပြားေနပါ။ေမတၱာပြားရင္း အိပ္ေပ်ာ္သြားရင္ ပိုၿပီးေကာင္းပါတယ္။အိပ္ေပ်ာ္သြားမွပဲ ​ေမတၱာပြားတာကို နားရမယ္။ အိပ္ေပ်ာ္သြားတဲ့ အခ်ိန္ကေတာ့ ေမတၱာပြားသူရဲ႕ အနားယူခ်ိန္ပဲ ျဖစ္ပါတယ္။အျခားအခ်ိန္မွာေတာ့ အၿမဲ ေမတၱာပြားေနရပါမယ္။ အၿမဲတမ္း ေမတၱာပြားေနႏိုင္ေအာင္ ႀကိဳးစားၾကည့္ပါ။

ထမင္းစားရင္း၊ ေရေသာက္ရင္း၊မုန္စား, လဘက္ရည္ေသာက္ရင္း၊ေရခ်ိဳးရင္း၊ မ်က္ႏွာသစ္ရင္း၊ အိမ္မႈကိစၥ၊ ႐ုံးကိစၥ၊ အေရာင္းအဝယ္ကိစၥ စတဲ့ လုပ္ငန္းကိစၥ အဝဝေတြကိုျပဳလုပ္ရင္းလည္း ေမတၱာပြားပါ။ေမတၱာပြားရင္း အဲဒီအလုပ္ေတြကို လုပ္ပါ။ တံျမက္စည္း လွည္းေနရင္လည္း…”အားလုံးသတၱဝါေတြ က်မ္းမာၾကပါေစ၊ ခ်မ္းသာၾကပါေစ ” လို႔ စိတ္က ေမတၱာပြား၊ လက္က တံျမက္စည္း လွည္းပါ။စိတ္အလုပ္မဟုတ္တဲ့ အျခားမည္သည့္ကိစၥကိုပဲ ေဆာင္႐ြက္ေဆာင္႐ြက္ ေမတၱာပြားရင္း ေဆာင္႐ြက္ပါ။ ပြားခါစမွာေတာ့ ခက္ေကာင္းခက္လိမ့္ မယ္။ အေလ့အက်င့္ရလာေတာ့ အလြယ္တကူပဲ ပြားႏိုင္ပါလိမ့္မယ္။

ခုေျပာခဲ့တဲ့နည္းက သတၱဝါေတြကို ပိုင္းျခားကန႔္သတ္ျခင္း မျပဳဘဲ ေမတၱာပြားတဲ့နည္းျဖစ္လို႔” အေနာဓိသ ေမတၱာပြားနည္း ” လို႔ ေခၚပါတယ္။ဒီလို ေမတၱာပြားေနရင္ကိုပဲ ကုသိုလ္ေတြရလွပါၿပီ။ နိဒါနသံယုတ္ ဩကၡာသုတ္ပါဠိေတာ္မွာ… နံနက္တစ္ႀကိမ္၊ ေန႔လည္တစ္ႀကိမ္၊ ညေနတစ္ႀကိမ္ တစ္ေန႔သုံးႀကိမ္ ေမတၱာကိုသုံးေလးစကၠန႔္ေလာက္ ပြားတဲ့ကုသိုလ္ဟာ ထမင္းအိုးႀကီး တစ္ရာနဲ႔ နံနက္တစ္ႀကိမ္၊ ​ေန႔လည္တစ္ႀကိမ္၊ ညေနတစ္ႀကိမ္၊ တစ္ေန႔သုံးႀကိမ္ ေႂကြးေမြးလႉဒါန္းတဲ့ ဒါနကုသိုလ္ထက္ ပိုမိုမ်ားျပား အက်ိဳးႀကီးမားေၾကာင္း ရွင္ေတာ္ျမတ္ဘုရား မိန႔္ၾကားေတာ္မူခဲ့ပါတယ္။ ခ်မ္းေျမ့ အရွင္ဣႏၵက – ေမတၱာဂုဏ္ရည္- တရားေတာ္- မွ မိတ္ေဆြ မ်ားအားလုံး ႏွလုံး စိတ္ဝမ္း ေအးခ်မ္းၾကပါေစ။

Leave a Reply

Your email address will not be published. Required fields are marked *