ရေဗက္ကာဝင်းရဲ့ ဂွင်ဆင်ခြင်းကို ခံလိုက်ရတာပါလို့ ဖြေရှင်းလာတဲ့ နေရွှေသွေးအောင်
လက်ရှိလူပြောများနေတဲ့ အမျိုးသမီးအဆိုတော် တဦးနဲ့ ဓာတ်ပုံမှာ တဖက်က
သူ့ခွင့်ပြုချက်မရှိဘဲ တင်လိုက်တာဖြစ်ပြီး ဂွင်ဆင် ခံလိုက်ရတာပါလို့
ဖြေရှင်းလာတဲ့ နေရွှေသွေးအောင် (ခ) ဖိုးလပြည့်
မကြာသေးခင် ရက်ပိုင်းလောက်က အဆိုတော်တစ်ဦးမှ နေရွှေသွေးအောင်နဲ့
အတူ ရိုက်ကူးထားတဲ့ ပုံတစ်ပုံကိုFacebook ပေါ်တွင် တင်ခဲ့တာ ဖြစ်ပါတယ်။
တင်တင်ပြီးချင်း နာရီပိုင်းအတွင်းမှာ ပြန် ဖျက်ပစ်ခဲ့ပေမယ့်လည်း ဒီပုံနဲ့ ပတ်သက်ပြီး
ပရိသတ်တွေကြားမှာ အတော်လေးကို ဂယက်ထသွားခဲ့တာ ဖြစ်ပါတယ်။
မနေ့ညက နေရွှေသွေးအောင်ရဲ့ Instagram Story တွင် စာအချို့ ရေးတင်ထားတာ ဖြစ်ပါတယ်။
ဒါကတော့ လူမှုကွန်ယက်တွင် နာမည်ကြီးသွားတဲ့ ဓာတ်ပုံနဲ့ ပတ်သက်ပြီး ပြန်လည်ဖြေရှင်းလိုက်တာပဲ ဖြစ်ပါတယ်။
တစ်ဖက်လူမှ သူ့အတွက် မွေးနေ့ကိတ်လုပ်ထားလို့ဖိတ်လို့ သွားရောက်ခဲ့ပြီး ပုံမတင်ဘူးလို့
ပြောခဲ့တဲ့အတွက် ဓာတ်ပုံရိုက်ခဲ့မိကြောင်း ပြောပြထားပါတယ်။
Facebook ပေါ် တင်ထားတဲ့ ပုံကို ဖျက်ပေးဖို့အတင်းပြောတာတောင်
လူသိအောင် စောင့်ပြီး နှစ်ပေါက် တစ်ပေါက် ရိုက်ခဲ့ကြောင်း ရှင်းပြထားတာ ဖြစ်ပါတယ်
။နောက်ဆို အခုလိုတွေ ထပ်မဖြစ်ဖို့ ဂရုစိုက်သွားမယ့် အကြောင်းကိုလည်း
အခုလို ရေးသားထားတာ ဖြစ်ပါတယ်။
” အတိုချုံးပြောရရင် အရင်ကသိခဲ့တာနဲ့ မွေးနေ့ကိတ်လုပ်ထားတာ အကြောင်းပြဖိတ်၊
ပုံလုံးဝ မတင်ဘူးပြော၊ဓာတ်ပုံရိုက်ပြီး ပတ်သက်မှုရှိသယောင်လုပ်၊
ပုံဖျက်ဖို့ အတင်းပြောတာတောင် လူသိအောင် စောင့်ပြီးမှ နှစ်ပေါက်တစ်ပေါက်ရိုက်။
ကျွန်တော်နဲ့ ဓာတ်ပုံတွေအများကြီးရိုက်ခဲ့တဲ့ မိတ်ဆွေတွေများထဲမှာ အဲ့လိုဂွင်ဆင်တတ်တဲ့သူတွေမရှိခဲ့ဖူးတော့
ကျွန်တော်လိုအပ်သွားတယ်လို့ပဲ ပြောရမှာပါ။ ဂရုစိုက်ပါ့မယ် ခင်ဗျာ ကျေးဇူးတင်ပါတယ် ”
ဆိုပြီးရေးသားထားတာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အခုမှသာ ကာယကံရှင်ကိုယ်တိုင် ပြန်လည် ရှင်းလင်းလိုက်တာ ဖြစ်ပါတယ်။
မသိသေးကြသူများ အားလုံးလည်း သိရှိ စေရန်အတွက် ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်။
Zawgyi
ေရဗကၠာဝင္းရဲ႕ ဂြင္ဆင္ျခင္းကို ခံလိုက္ရတာပါလို႔ ေျဖရွင္းလာတဲ့ ေနေ႐ႊေသြးေအာင္
လက္ရွိလူေျပာမ်ားေနတဲ့ အမ်ိဳးသမီးအဆိုေတာ္ တဦးနဲ႔ ဓာတ္ပုံမွာ တဖက္က
သူ႔ခြင့္ျပဳခ်က္မရွိဘဲ တင္လိုက္တာျဖစ္ၿပီး ဂြင္ဆင္ ခံလိုက္ရတာပါလို႔
ေျဖရွင္းလာတဲ့ ေနေ႐ႊေသြးေအာင္ (ခ) ဖိုးလျပည့္
မၾကာေသးခင္ ရက္ပိုင္းေလာက္က အဆိုေတာ္တစ္ဦးမွ ေနေ႐ႊေသြးေအာင္နဲ႔
အတူ ႐ိုက္ကူးထားတဲ့ ပုံတစ္ပုံကိုFacebook ေပၚတြင္ တင္ခဲ့တာ ျဖစ္ပါတယ္။
တင္တင္ၿပီးခ်င္း နာရီပိုင္းအတြင္းမွာ ျပန္ ဖ်က္ပစ္ခဲ့ေပမယ့္လည္း ဒီပုံနဲ႔ ပတ္သက္ၿပီး
ပရိသတ္ေတြၾကားမွာ အေတာ္ေလးကို ဂယက္ထသြားခဲ့တာ ျဖစ္ပါတယ္။
မေန႔ညက ေနေ႐ႊေသြးေအာင္ရဲ႕ Instagram Story တြင္ စာအခ်ိဳ႕ ေရးတင္ထားတာ ျဖစ္ပါတယ္။
ဒါကေတာ့ လူမႈကြန္ယက္တြင္ နာမည္ႀကီးသြားတဲ့ ဓာတ္ပုံနဲ႔ ပတ္သက္ၿပီး ျပန္လည္ေျဖရွင္းလိုက္တာပဲ ျဖစ္ပါတယ္။
တစ္ဖက္လူမွ သူ႔အတြက္ ေမြးေန႔ကိတ္လုပ္ထားလို႔ဖိတ္လို႔ သြားေရာက္ခဲ့ၿပီး ပုံမတင္ဘူးလို႔
ေျပာခဲ့တဲ့အတြက္ ဓာတ္ပုံ႐ိုက္ခဲ့မိေၾကာင္း ေျပာျပထားပါတယ္။
Facebook ေပၚ တင္ထားတဲ့ ပုံကို ဖ်က္ေပးဖို႔အတင္းေျပာတာေတာင္
လူသိေအာင္ ေစာင့္ၿပီး ႏွစ္ေပါက္ တစ္ေပါက္ ႐ိုက္ခဲ့ေၾကာင္း ရွင္းျပထားတာ ျဖစ္ပါတယ္
။ေနာက္ဆို အခုလိုေတြ ထပ္မျဖစ္ဖို႔ ဂ႐ုစိုက္သြားမယ့္ အေၾကာင္းကိုလည္း
အခုလို ေရးသားထားတာ ျဖစ္ပါတယ္။
” အတိုခ်ဳံးေျပာရရင္ အရင္ကသိခဲ့တာနဲ႔ ေမြးေန႔ကိတ္လုပ္ထားတာ အေၾကာင္းျပဖိတ္၊
ပုံလုံးဝ မတင္ဘူးေျပာ၊ဓာတ္ပုံ႐ိုက္ၿပီး ပတ္သက္မႈရွိသေယာင္လုပ္၊
ပုံဖ်က္ဖို႔ အတင္းေျပာတာေတာင္ လူသိေအာင္ ေစာင့္ၿပီးမွ ႏွစ္ေပါက္တစ္ေပါက္႐ိုက္။
ကြၽန္ေတာ္နဲ႔ ဓာတ္ပုံေတြအမ်ားႀကီး႐ိုက္ခဲ့တဲ့ မိတ္ေဆြေတြမ်ားထဲမွာ အဲ့လိုဂြင္ဆင္တတ္တဲ့သူေတြမရွိခဲ့ဖူးေတာ့
ကြၽန္ေတာ္လိုအပ္သြားတယ္လို႔ပဲ ေျပာရမွာပါ။ ဂ႐ုစိုက္ပါ့မယ္ ခင္ဗ်ာ ေက်းဇူးတင္ပါတယ္ ”
ဆိုၿပီးေရးသားထားတာ ျဖစ္ပါတယ္။
ဒီကိစၥနဲ႔ ပတ္သက္ၿပီး အခုမွသာ ကာယကံရွင္ကိုယ္တိုင္ ျပန္လည္ ရွင္းလင္းလိုက္တာ ျဖစ္ပါတယ္။
မသိေသးၾကသူမ်ား အားလုံးလည္း သိရွိ ေစရန္အတြက္ ဒီသတင္းေလးကို တင္ဆက္ေပးလိုက္ ရပါတယ္။