သားအဖသုံးယောက်လုံး ရုပ်ရှင်အစည်းအရုံး အဖွဲ့ဝင်မှ နှုတ်ထွက်ကြောင်းကို အသိပေးပြောကြားလိုက်တဲ့ သဇင်ထူးမြင့်
သဇင်ထူးမြင့် ကတော့ တတ်သစ်စ အနုပညာရှင် တစ်ယောက်ဖြစ်ပေမယ့်လည်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာ ရယူထားနိုင်တဲ့ မင်းသမီးချောလေးပဲ ဖြစ်ပါတယ်။ ပြည်သူချစ်အနုပညာရှင်ဖြစ်တဲ့ ခင်လှိုင်ရဲ့ သမီးအငယ်ဆုံးလေးဖြစ်တဲ့ သူမကတော့ အနုပညာပိုးအပြည့်ပါပြီး အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်လျက်ရှိနေပါ တယ်။
ချိုသာလွန်းပြီး ချစ်စရာ ကောင်းတဲ့ စကားပြောဟန်လေးတွေ အသည်းယား စရာကောင်းတဲ့ ပုံစံလေးတွေကြောင့် ပရိသတ်တွေ အချစ်ပို ရတဲ့ အနုပညာရှင် တစ်ယောက်ဆိုရင်လည်းမမှားပါဘူးနော်။ သဇင်ထူးမြင့်တို့ သားအဖသုံးယောက်လုံး ကတော့ လတ်တလောမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ ရပ်တည်ကာ လှုပ်ရှားမှုတွေ မှာ ပါဝင်ခဲ့တာကြောင့် ခြိမ်းခြောက်ခံရမှုတွေရှိနေပြီး ထွက်ပြေးတိမ်ရှောင်နေရတာလည်းဖြစ်ပါတယ်။
ဒါပေမယ့် လူမှုကွန်ယက် စာမျက်နှာထက် မှာတော့ ပြည်သူတွေနဲ့ တစ်သားတည်း ရှိနေကြောင်း အမြဲဖော်ပြလျက် ရှိပါတယ်။ ဒီနေ့မှာတော့ သားအဖ သုံးယောက်လုံး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အဖွဲ့ဝင်မှ နှုတ်ထွက်ကြောင်းကို အသိပေးပြောကြားလာပါတယ်။ ပရိသတ်ကြီးလည်း ဒီသတင်းလေးကို သိရှိနိုင်စေရန် ပြန်လည်ဝေမျှပေးလိုက်ပါ တယ်။
Zawgyi
သားအဖသံုးေယာက္လံုး ႐ုပ္ရွင္အစည္းအ႐ုံး အဖြဲ႕ဝင္မွ ႏႈတ္ထြက္ေၾကာင္းကို အသိေပးေျပာၾကားလိုက္တဲ့ သဇင္ထူးျမင့္
သဇင္ထူးျမင့္ ကေတာ့ တတ္သစ္စ အႏုပညာရွင္ တစ္ေယာက္ျဖစ္ေပမယ့္လည္း ပရိသတ္ေတြရဲ့ ခ်စ္ခင္အားေပးမႈကို အခိုင္အမာ ရယူထားနိုင္တဲ့ မင္းသမီးေခ်ာေလးပဲ ျဖစ္ပါတယ္။ ျပည္သူခ်စ္အႏုပညာရွင္ျဖစ္တဲ့ ခင္လွိုင္ရဲ့ သမီးအငယ္ဆုံးေလးျဖစ္တဲ့ သူမကေတာ့ အႏုပညာပိုးအျပည့္ပါၿပီး အႏုပညာအလုပ္ေတြကို ႀကိဳးစားလုပ္ကိုင္လ်က္ရွိေနပါ တယ္။
ခ်ိဳသာလြန္းၿပီး ခ်စ္စရာ ေကာင္းတဲ့ စကားေျပာဟန္ေလးေတြ အသည္းယား စရာေကာင္းတဲ့ ပုံစံေလးေတြေၾကာင့္ ပရိသတ္ေတြ အခ်စ္ပို ရတဲ့ အႏုပညာရွင္ တစ္ေယာက္ဆိုရင္လည္းမမွားပါဘူးေနာ္။ သဇင္ထူးျမင့္တို႔ သားအဖသုံးေယာက္လုံး ကေတာ့ လတ္တေလာမွာျဖစ္ေပၚေနတဲ့ အေျခအေနေတြမွာ ျပည္သူေတြနဲ႔အတူ ရပ္တည္ကာ လႈပ္ရွားမႈေတြ မွာ ပါဝင္ခဲ့တာေၾကာင့္ ၿခိမ္းေျခာက္ခံရမႈေတြရွိေနၿပီး ထြက္ေျပးတိမ္ေရွာင္ေနရတာလည္းျဖစ္ပါတယ္။
ဒါေပမယ့္ လူမႈကြန္ယက္ စာမ်က္ႏွာထက္ မွာေတာ့ ျပည္သူေတြနဲ႔ တစ္သားတည္း ရွိေနေၾကာင္း အျမဲေဖာ္ျပလ်က္ ရွိပါတယ္။ ဒီေန႔မွာေတာ့ သားအဖ သုံးေယာက္လုံး ျမန္မာနိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံး အဖြဲ႕ဝင္မွ ႏႈတ္ထြက္ေၾကာင္းကို အသိေပးေျပာၾကားလာပါတယ္။ ပရိသတ္ႀကီးလည္း ဒီသတင္းေလးကို သိရွိနိုင္ေစရန္ ျပန္လည္ေဝမၽွေပးလိုက္ပါ တယ္။