နတ်တွေ မဖြစ်မနေ စောင့်ရှောက်တဲ့ ဂါထာနဲ့ ဘုရားဂုဏ်တော်ကို စွဲမြဲစွာ ရွတ်ဆိုပူဇော်တဲ့ အကျိုး

နတ်တွေ မဖြစ်မနေ စောင့်ရှောက်တဲ့ ဂါထာနဲ့ ဘုရားဂုဏ်တော်ကို စွဲမြဲစွာ ရွတ်ဆိုပူဇော်တဲ့ အကျိုး

ကျနော်၈တန်း၉တန်းလောက်ကပေါ့ လူငယ်ဆိုတော့ ဘယ်ဂါထာကောင်းနိုးနိုး လူကြီးတွေပြောတဲ့ဂါထာ စာအုပ်တွေထဲ့ကဂါထာတွေ အကုန်ရှောက်ရွတ်တယ် ပုတီးလဲအမြဲစိတ်တယ် နောက်တော့မဟုတ်သေးပါဘူး

ငါတစ်ခုပဲ စွဲစွဲမြဲမြဲလုပ်တော့မယ်ဆိုပြီး ကိုယ့်ကြိုက်တာရွေးတော့ ဂုဏ်တော်ကိုးပါးရယ် သံဗုဒ္ဓေရယ် သရဏဂုံရယ်သုံးခုပဲရွတ်တယ် အဲဂါထာသုံးခုကို တစ်ခုပြီးတစ်ခု ရွတ်နေတာ ဟိူဟာပြီးဒါရွတ် ဒါပြီးဟိုဟာရွတ်ပေါ့

နောက်တော့သုံးခုထဲက တစ်ခုရွေးမယ်ပေါ့ အဲတာနဲ့ ညအိပ်ခါနီး ဘုရားတိုင်တည် အထက်အဘတွေတိုင်တည် (အဲဒီတုန်းကအဘတွေဆိုတာ အဘဘိုးမင်းခေါင်ပဲသိတာ အဘပဲတိုင်တည်တာပေါ့)ပြီးအိပ်တော့ အိပ်မက်ထဲမှာကိုယ့်က လယ်ကွင်းကြီးတစ်ကွင်းထဲရောက်နေတာ

အဲဒီမှာပဲ ဘာကောင်းကြီးလဲမသိဘူး အမွှေးရှည်ခြေလက်ရှည်ကြီးနဲ့ ကိုယ့်ဆီတန်းတန်းပြေးလာတာ ကိုယ့်ကလဲကြောက်ကြောက်နဲ့ပြေးလို့ကလဲမရ အဲဒီမှာပဲ အသံကြားတယ် သားရတဲ့ဘုရားစာရွတ်ပါတဲ့ အသံပဲကြားတာ

လူမမြင်ဘူး သံဗုဒ္ဓေစရွတ်တယ် အကောင်ကြီးကပြေးလာရင် တန်းရပ်သွားတာ ပြီးတော့ရပ်ကြည့်နေတာ ကိုယ့်လဲဆက်မရွတ်ဘူးသူကြောက်ပြီး ပြန်ကြည့်နေ့တုန်း ဗြန်းဆိုပြန်ပြေးလာရော

အဲဒီမှာဂုဏ်တော် ရွတ်တော့ တစ်ခါရပ်ပြီးကြည့်နေပြန်ရော ကိုယ့်ကလဲမောတော့ရပ်တော့ တန်းပြေးလာတာပဲ ကိုယ့်ဆီရောကဖို့ နီးနီးလေးပဲလို့တယ်

ကိုယ့်လဲအရမ်းကြောက်ပြီး လက်အုပ်ချီပြီး သရဏဂုံရွတ်လိုက်တော့ ဝုန်းဆိုအကောင်ကြီးနောက်ကို လွင်ထွက်သွားတယ် ပြီးတော့မီးတော့ လောင်နေတယ် အဲဒီမှာပဲလန့်နိုးလာတယ်

ဒါပေမဲ့ပါးစပ်က သရဏဂုံရွတ်တုန်း အဲဒီနောက်ပိုင်းတော့ ပုတီးစိတ်လဲသရဏဂုံပဲရွတ်တယ် အမြဲတိုင်းလိုလိုသရဏဂုံရွတ်တော့တယ် အဲဒီမှာတစ်ခုပြောချင်တာက ဘုရားဂါထာပဲ အတူတူပဲဘာလိုမတူတာလဲပြောလိမ်မယ် ဘုရားဂါထာကအတူတူပဲအားလုံးကအတူတူစွမ်းကြပါတယ် ဒါပေမဲ့ မတူတာရှိပါတယ်

ကျနော်ငယ်ငယ်ကတိုင် အဖွားကဘယ်သွားသွားဘယ်လာလာ ရတနာမြတ်သုံးပါးမမေ့ရဘုးဆိုပြီး သရဏဂုံပဲအမြဲတိုင်ပေးတယ်ချပေးတယ် ကိုယ့်လဲအားတိုင်းရွတ်တယ်

ကြာတော့ထုံလာတာပေါ့ အစကတိုင်ရွတ်လာတော့ ဒုက္ခရောက်တဲ့အချိန်ကြတော့ ထုံလာအောင်ရွတ်တဲ့ဂါထာတန်းခိုးကြောင့် ကွင်းလုံးကျွတ်လွတ်တာပါပဲ အရေးကြုံမှရွတ်တာနဲ့ ကိုယ့်အမြဲထုံအောင်ရွတ်လာတာနဲ့ ကွာတာပါ

ဘုရားဂါထာတွေအတူတူပါပဲ ဒါကအိမ်မက်ထဲမှာပါ အပြင်မှာလဲ ကားနဲ့တိုက်ခံရဘူးတယ် ဆိုင်ကယ်နဲ့အတိုက်ခံရဘူးတယ် ကိုယ့်ကဘာမှမဖြစ်ဘူး ခြစ်ရာတောင်မဖြစ်ဘူး

ကိုယ့်နဲ့ပါတဲသူ့က သွေးထွက်သံယို ဖြစ်တယ် ကျနော်ပြောချင်တာက ဘာပဲရွတ်ရွတ်တစ်ခုပဲ တစ်ခုပဲရွတ်ပါ ရွတ်တာများလို့ထုံလာရင် အကျိုးများပါတယ် ကိုယ်တိုင် ကြုံမှယုံကြပါစေ.

အဲလို့ ဂါထာတစ်ခုကို စွဲမြဲစွာရွတ်ဖက်ပူဇော်လာတော့ ကြာတော့ထုံလာပြီး ဂါထာရွတ်ဖတ်ပူဇော်သူမှာ အစောင့်ကပ်လာပါတယ် (အရေးကြုံမှ ရွတ်ဖတ်သူကို သူဒုက္ခနေတဲ့နေရာက သက်ဆိုင်ရာပုဂ္ဂိုလ်က ကူညီစောက်ရှောက်ပါတယ်

“ဥပမာ အဲနားက ရုက္ခစိုးနတ် ဘုက္ခစိုးနတ် ကွင်းပိုင် အာကာသစိုးနတ် စသောနတ်ကောင်းနတ်မြတ်တွေက စောက်ရှောက်တာပဲ မစောက်ရှောက်လို့မရပါဘူး ဘာလို့လဲဆိုတော့

အဲလို့ဒုက္ခနေတဲ့သူက ဘုရားဂုဏ်တော်ကို အရေးကြုံသော်လည်း သူယုံကြည်ပြီး အန္တာရာယ်မှလွတ်ကင်းရအောင် ရွတ်ဖတ်သူကို မစောက်ရှောက်တဲ့ အဲနေရာက ရုက္ခစိုးနတ် ဘုက္ခစိုးနတ် အာကာသစိုးနတ် တွေကို အထက်နတ်တွေက နတ်သဘင်အစည်းအဝေးကို တက်ခွင့်မပေးဘူးတဲ့

အဲလို့မတတ်ရတော့ သူတို့ဖြစ်နေတဲ့ ဒုက္ခတွေ အခက်အခဲတွေကို နတ်သဘင်အစည်းအဝေးမှာ ချပြအကူအညီတောင်းခွင့်မရှိတော့ဘူး

ကျနော်ဖတ်ဘူးတဲ့ဘုရားစာအုပ်ထဲက အကြောင်းတစ်ခုပြောပြပါရစေ

တစ်ခါက သာဝတ္ထိပြည့်မှမိန်းမတစ်ယောက်သည် တခြားမြို့က သူအကိုဆီသွားလည့်ဖို့ သူခင်ပွန်းဆီခွင့်တောင်းတယ်။ သူခင်ပွန်းက ကိုယ့်ဝန်အရင့်အမာကြီးနဲ့မို့ မသွားဖို့ ကလေးမီးပွားပြီးမှ သွားဖို့နားချတယ် မရဘူး။ သူအကိုဆီသွားတာပဲပေါ့

အဲတာနဲ့သူခင်ပွန်းက သူကတော့ ကုန်းရောင်းကုန်ဝယ်သွားစရာရှိလို့ လိုက်ပို့မယ် နောက်မှပြန်လာခေါ်မယ်ဆိုပြီး လိုက်ပို့တယ် အဲမာ ဘုရားရှင်က အဲအမျိုးသမီးရဲ့ အဖြစ်ကို၎င်း သူခလေးက

နောက်တစ်ချိန်မှာ သာသနာတော်မှာ ထင်းရှားတဲ့ ရဟန္တာမထေရ်ဖြစ်မယ်ဆိုတာကို မြင်တော်မူပြီး ချီးမြှောက်ဖို့ လမ်းကစောင့်ပြီး အလှူခံတော်မူတယ်

လမ်းမှာ လင်မယားနှစ်ယောက်လုံး ဘုရားနဲ့တွေ့တော့ လှူဖွယ်ပစ္စည်းလှူပြီး ဘုရားရှင်က ငါးပါးသီလနဲ့တကွ သရဏဂုံသုံးပါးကို တည်ဆောက်ခိုင်းပြီး ဘယ်လို့ဘေးအန္တရာယ်နဲ့တွေ့တွေ့ သရဏဂုံသုံးပါးကို မမေ့ဖို့မှာကြားပြီး ကြွတော်မူတယ်

သူတို့လဲ သူအကိုဆီရောက်တော့ သူခင်ပွန်းက ထားပြီးပြန်သွားတယ် အဲမာ သူအကိုက ဘာမှမဖြစ်ပေမဲ့ အကိုမိန်းမ သူညီမဆီက လက်ဝတ်ရတနာတွေကိုလိုချင်လို့ သူခင်ပွန်းကို နည်းပေါင်းစုံနဲ့ မြူစွယ်တော့ ရသွားတယ်

အဲမှာသူအကိုက ညီမရေ ဟိုဘက်ရွာမှာ အဖေတို့အမေတို့ရှိစဉ်က ရစရာရှိတဲ့အကြွေးတွေ သွားတောင်းရအောင် ငါ့ညီမပြန် အကိုပေးမယ်ပေါ့ ညီမလဲ မလိုက်ဘူးပေါ့ ကိုယ့်ဝန်အရင့်အမာကြီးနဲ့ အကိုက ဇွတ်အတင်းခေါ်တော့ပါသွားတယ်

အဲတာ တောထဲရောက်တော့ တွန်းချလိုက်ပြီး နင်ကိုသတ်ပြီး ပစ္စည်းတွေယူမယ်ပေါ့။ ညီမလုပ်သူက ကိုယ့်ဝန်အရင့်အမာကြီးနဲ့မိုမလုပ်ပါနဲ့ အကိုတူလေးကိုလဲ သနားပါအုံးပေါ့

ဟိုကလဲ မစိတ်မွှန်းနေတာမရဘူး သေတော့ဆိုပြီး ဓားနဲ့ခုတ်မို့အချိန် သူညီမကလဲ ကွောကျလနျပွီး “ဗုဒ္ဓံသရဏံ ဂစ္ဆာမိ ဓမ္မသရဏံ ဂစ္ဆာမိ သံဃံသရဏံဂစ္ဆာမိ “ဆိုပြီဂ လက်အုပ်ချီ မျက်လုံးမှိတ်ပြီး ရွတ်ဖတ် ပူဇော်လိုက်တယ်။

အဲအချိန်မှာ သစ်ပင်ကြီးနောက်က သူညီမရဲ့ ခင်ပွန်းက ဓားကြီးဆွဲပြီး မင်းသေပေတော့ဆိုပြီး ပြေးလာတာ ဟိုကလဲ ချက်ချင်းပေါ်လာတာဆိုတော့ ကြောက်လန်ပြီး ထွက်ပြေးသွားတယ်

အဲတာ လင်မယားနှစ်ယောက်လုံးပြန်လာတော့ ညမိုးချုပ်တော့ မြို့တံခါးပိတ်သွားလို့ သာဝတ္ထိပြည့်အပြင်က ဇရပ်မှာညအိပ်ကြတယ်။

အဲညမှာ ခလေးမီးဖွားတယ် သူလဲမနက်မိုးလင်းတော့ သူခင်ပွန်းဘယ်ရောက်သွားလဲပေါ့ ခေါ်ကြည့် လိုက်ကြည့်တော့လဲမတွေ့ဘူး။ အဲအချိန်မှာပဲ လူတစ်ယောက်သူဆီတန်းတန်းလာနေတာတွေ့တယ်

အနီးကပ်ကြမှ သူခင်ပွန်းဖြစ်နေတယ် သူလဲမေးတာပေါ့ ဘယ်သွားနေတာလဲပေါ့ သူလဲအံသြနေတာ ငါအခုမှလာတာပေါ့ အခုညက အိမ်မက်မက်လို့ ဇရပ်မှာလာခေါ်တာ ဒါဆို့ ညက ကျမခင်ပွန်းကဘယ်သူလဲပေါ့ လမ်းမှာလဲစောက်ရှောက်လာတာပေါ့

ဒါနဲ့ ဘုရားဆီသွားပြီး ဖြစ်ကြောင်းကုန်စင်လျှောက်တော့ ဘုရားရှင်က သရဏဂုံသုံးပါးကို ရွတ်ဖက်ပူဇော်သူဟာ ဘုရားရဲ့သားသမီးမြည်တယ် အဲလို့ သရဏဂုံသုံးပါးကိုရွတ်ဖတ်ပူဇော်တဲ့သူကို ဒုက္ခရောက်နေရင်

နတ်ကောင်းနတ်မြတ်တွေ စောက်ရှောက်ရတယ် ညက ချစ်သမီးကို လမ်းခရီးမှာကော့ လိုက်ပြီးစောက်ရှောက်တဲ့သူဟာ အဲတောမှာ နေထိုင်တဲ့ ရုက္ခစိုးနတ်ဖြစ်တယ်

သရဏဂုံသုံးပါးကို ရွတ်ဖတ်ပူဇော်တဲ့သူ ဒုက္ခရောက်နေတာကို မကူညီရင် အဲနတ်ကို အထက်နတ်တွေက နတ်သဘင်အစည်းအဝေးကို တက်ခွင့်မပေးဘူး။

ကိုယ့်နေထိုင်ရာ ပတ်ဝန်းကျင်မှာ သူတော်ကောင်းတွေ ဒုက္ခရောက်နေရင် အဲပတ်ဝန်းကျင်က နတ်တွေက ဝိုင်းဝန်ကူညီရမယ်လို့ အထက်နတ်တွေက စည်းကမ်းချက်ချထားတယ် လို့မိန့်တော်မူတယ်

စွဲမြဲစွာ ရွတ်ဖက်ပူဇော်လာတဲ့သူနဲ့ အကျိုးပေးမတူပါဘူး ဘာကွာလဲဆိုတော့ စွဲမြဲစွာ ရွတ်ဖက်ပူဇော်လာကြာလာတာနဲ့အမျှ ဂါထာထုံလာပြီးဆိုရင် အဲဒီးလူကို အမြဲစောင့်ရှောက်မဲ့အစောင့်ပုဂ္ဂိုလ်က စောင့်ပါပြီး ဘာလို့လဲဆိုတော့

သူခန္ဓာမှာ ဂုဏ်တော်ရဲ့သတ္တိတွေ အစွမ်းတွေ ဘုရားရဲ့ဂုဏ်တော်တွေ ထုံလာတာနဲ့အမျှကိန်းအောင်းနေလိုပါ။ တစ်ခုရှိတာက စွဲမြဲစွာထုံအောင်ရွတ်ဖတ်တဲ့သူက ဘာအကြောင်းနဲ့မှ ရက်ပြတ်လို့မရပါဘူး။ ဥပမာ လည်နေတဲ့ ပန်ကာက တစ်ချောင်းကျိုးသွားရင် လေအားအပြည့်အဝမရတော့ပါဘူး

ဒါကြောင့် ကျနော်ထပ်ပြီး စေတနာနဲ့ တိုက်တွန်းပါရစေ။ ဘာပဲလုပ်လုပ် ဘာဂါထာ ဘယ်ဂုဏ်တော်နဲ့ပဲ ရွတ်ဖက်ပူဇော်ပါစေ တစ်ခုပဲစွဲစွဲပူဇော်သွားပါ တကယ်ပေါက်မြောက်အောင်မြင်တဲ့သူတွေက တစ်ခုပဲ စွဲစွဲမြဲမြဲလုပ်သွားတာပါ

ဒါမှလဲ အကျိုးပေးမြန်မှာပါ အဲလို့မဟုတ်ပဲ ဟိုလူပြောလို့ဒါရွတ် ဒီလူပြောလို့ ဒါရွတ်ဆိုရင် အသက် ၆၀ သာပြည့်သွားမယ် ဘာမှ ဖြစ်မှာမဟုတ်ပါဘူး ကုသိုလ်တော့ရပါလိမ့်မယ်။

ကျနော်က ဆရာကြီးလုပ်တာမဟုတ်ပါဘူး မိတ်ဆွေတို့ကို စိတ်ရင်းစေတနာနဲ့ပါ ကျနော်မျက်စိသွေးကြောပေါက်ထားတာတောင် အခုလို့ ဓမ္မဒါနလေးတွေ ဖြန့်ဝေရရင်ပျော်တယ်

တစ်ချို့ cb မှာလာပြီးတော့ ကျနော်အခုအကိုပိုစ့်ကြောင့် အရင်ကသိပ်မလုပ်ပေမဲ့ အခုပုံမှန်လေး ပူဇော်ဖြစ်တယ် ဘယ်ဂါထာရွတ်ဖက်ပူဇော်တယ်။ ဘယ်လို့ အဓိဌာန်ပုတီးဝင်တယ်။ အဲလို့ပြန်ကြားရတာ တကယ်ပီတီဖြစ်ပါတယ်။

လက်ညောင်းတာလဲတန်တာတန်ပါတယ်။ တကယ်လုပ်လို့ တကယ်ရတာ မိတ်ဆွေတို့ပါ ဒါကြောင့်မိတ်ဆွေတို့က ကိုယ့်တိုင်လုပ်တဲ့အတွက်ပိုပြီး အကျိုးကျေးဇူးများပါတယ်

ကျနော်ကတော့ စေတနာနဲ့သတိပေး တိုက်တွန်းတဲ့သဘောပါပဲ။ မိတ်ဆွေတို့အားလုံးလဲ လောကီ လောကုတ်နှစ်ဖြာသော အကျိုးတွေရကြပါစေ….

Zawgyi



ငါတစ်ခုပဲ စွဲစွဲမြဲမြဲလုပ်တော့မယ်ဆိုပြီး ကိုယ့်ကြိုက်တာရွေးတော့ ဂုဏ်တော်ကိုးပါးရယ် သံဗုဒ္ဓေရယ် သရဏဂုံရယ်သုံးခုပဲရွတ်တယ် အဲဂါထာသုံးခုကို တစ်ခုပြီးတစ်ခု ရွတ်နေတာ ဟိုဟာပြီးဒါရွတ် ဒါပြီးဟိုဟာရွတ်ပေါ့








































Leave a Reply

Your email address will not be published. Required fields are marked *