သူ့ကို ဖမ်းမမိလို့ ကျောင်းကလူတွေကို ဖမ်း ဆီး ခေါ်ဆောင်သွားတာကြောင့် စိတ်မကောင်းဖြစ် နေ တဲ့ ဦးဇင်းကေသရ

သူ့ကို ဖမ်းမမိလို့ ကျောင်းကလူတွေကို ဖမ်း ဆီး ခေါ်ဆောင်သွားတာကြောင့် စိတ်မကောင်းဖြစ် နေ တဲ့ ဦးဇင်းကေသရ

ဦးဇင်းဘဝကနေ လူထွက်ပြီး ပြည်သူဘက်တော်သား တော်လှန်ရေးရဲဘော်တစ်ဦးဖြစ်လာတဲ့ ဦးဇင်းကေသရကိုတော့ ပြည်သူတွေနဲ့ အထူး တ လည်မိတ်ဆက်ပေးစရာမလိုတော့ပါဘူး..။

အရေးတော်ပုံအောင်မြင်ဖို့အတွက် တောထဲတောင်ထဲမှာ လက်နက်ကိုင်ကာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေတဲ့အချိန်မှာလည်း ပြည်သူ တွေနဲ့အတူ တတ်နိုင်တဲ့ဘက်ကနေ ကြိုးစားတော်လှန်တိုက်ပွဲဝင်နေတာပဲ ဖြစ်ပါတယ်..။

၁၃နှစ်ကြာ သာသနာ့ဘောင်ဝင်ကာ ကောင်းမှုပြုခဲ့ပေမယ့် လက်ရှိအခြေအနေတွေကြောင့် တောထဲမှာ လက်နက်ကိုင်နေရတဲ့ ဦးဇင်းကေ သ ရ ကတော့ သူ့ကိုဖမ်းမမိတာကြောင့် ဘုန်းကြီးကျောင်းကလူတွေကို ဖမ်းဆီးခေါ်ဆောင်သွားလို့ စိတ်မကောင်းဖြစ်နေရတာ တွေ့ရပါ တ ယ်..။

ကျောင်းမှာနေတဲ့ ကပ္ပယလူငယ်လေးအပြင် အခြားအမျိုးသမီးနဲ့ ကလေးငယ်ကို ည (၁၀) နာရီအချိန်လောက်က ဖမ်းဆီးခေါ်ဆောင်သွား တာ ဖြစ်တယ်လို့ သိရပါတယ်..။

“ကျောင်းမှာနေတယ် အသက်မပြည့်သူ ၁၅ နှစ်အရွယ် အမျိုးသမီးကလေးငယ် တစ်ဦး အပြင် ၊ ဒုက္ခသည်ရင်ခွင်ပိုက် အမျိုးသမီး တစ်ဦး၊ ကျောင်း ကပ္ပယ ကု+လားလေးခေါ် ရာဇာထွန်း ပါ တစ်ဦးအား စကစမှ ည ၁၀:၀၀ တွင်ခေါ်ယူ ထိန်းသိမ်းသွားပါသည် ကျောင်းမှ ကလေး များ အခက်တွေနေပြီ..” စိတ်မကောင်းစွာ ပြောပြထားတာပါ..။

“တစ်ချိန်က ကျွန်တော်နဲ့ပတ်သတ်သူတွေ ဘေးကင်းကြပါစေဗျာ …ခွေး တွေ ညထဲက လိုက်ကိုက်နေပါပြီး ဖြစ်နိုင်ရင် ရှောင်နေကြပါ ..” ဆို ကာ ပြီးခဲ့တဲ့ရက်ကလည်း သတိပေးစကားဆိုထားပါသေးတယ်..။

Zawgyi








Leave a Reply

Your email address will not be published. Required fields are marked *