စစ်အာဏာသိမ်းမှုကြောင့် ပြည်သူ၏တုံ့ပြန်မှု ပြင်းထန်လိမ့်မည်ဟု မထင်ခဲ့ကြောင်း ဗိုလ်ချုပ်မူးကြီးမင်းအောင်လှိုင်ဝန်ခံ

စစ်အာဏာသိမ်းမှုကြောင့် ပြည်သူ၏တုံ့ပြန်မှု ပြင်းထန်လိမ့်မည်ဟု မထင်ခဲ့ကြောင်း ဗိုလ်ချုပ်မူးကြီးမင်းအောင်လှိုင်ဝန်ခံ

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က စစ်အာဏာသိမ်းမှုကြောင့် ပြည်သူများ၏ တုံပြန်မှု ပြင်းထန်လိမ့်မည့်ဟု ၊

မထင်ခဲ့ကြောင်းတရုတ် Phoenix သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုလိုက်သည်။Phoenix က နိုင်ငံရေးဖြစ်စဉ်အပြီးမှာ ပြည်သူတွေရဲ့တုံ့ပြန်မှုတွေက နည်းနည်းလေး ပြင်းထန်လာတာမျိုးတွေ တွေ့ရပါတယ်။

အဲဒီအတွက်ရော မှန်းဆခဲ့တာမျိုး ကြိုတင်ပြီးတော့ မျှော်မှန်းခဲ့တဲ့ အခြေအနေမျိုးရော ရှိခဲ့ပါသလား ဟု မေးမြန်းရာတွင် မင်းအောင်လှိုင် ၎င်း မမျှော်မှန်းခဲ့ကြောင်း ဝန်ခံလိုက်ခြင်းဖြစ်သည်။

“ပြောရရင် အဲဒီလောက်အထိတော့ များလိမ့်မယ်လို့ မထင်ခဲ့ဘူး။ ခံစားချက်တော့ ရှိပါလိမ့်မယ်” ဟု မင်းအောင်လှိုင်က ဆိုသည်။

မင်းအောင်လှိုင် အဆိုပါဖြစ်စဉ်တွင် ၁၉၅၆ ခုနှစ် အစိုးရစစ် ၇ တန်းစာမေးပွဲ မေးခွန်းပေါက်ကြားမှုကြောင့် ဖျက်သိမ်းမှုကြောင့်ရိုးရိုးသားသား၊ဖြေဆိုသူရော မရိုးမသားဖြေဆိုသူပါ ထိခိုက်၍ အစိုးရကို ဆန္ဒပြသည့်ဖြစ်စဉ်နှင့် ခိုင်းနှိုင်းလိုက်ပြီး ထို့ကြောင့် အင်အားကြီးမားနေခြင်း ဖြစ်သည်ဟု ဝန်ခံပြောဆိုသည်။

NUG အမျိုးသားညီညွတ်ရေးအစိုးရကို မတရားအသင်း အကြမ်းဖက် အဖွဲ့ဟု ကြေညာထားပြီးဖြစ်ကြောင်း၊လေထဲတွင်သာ ရှိကြောင်း၊

ပြည်တွင်းစစ်ဖြစ်ရန်လည်း အလားအလာ မရှိကြောင်း တရုတ်သတင်းဌာနနှင့်တွေ့ဆုံမေးမြန်းခန်းတွင် ဖြေဆိုထားသည်။

အခုလိုအချိန်ပေးပြီး ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Zawgyi

စစ္အာဏာသိမ္းမႈေၾကာင့္ ျပည္သူ၏တုံ႔ျပန္မႈ ျပင္းထန္လိမ့္မည္ဟု မထင္ခဲ့ေၾကာင္း ဗိုလ္ခ်ဳပ္မူးႀကီးမင္းေအာင္လႈိင္ဝန္ခံ

စစ္ေကာင္စီေခါင္းေဆာင္ မင္းေအာင္လႈိင္က စစ္အာဏာသိမ္းမႈေၾကာင့္ ျပည္သူမ်ား၏ တုံျပန္မႈ ျပင္းထန္လိမ့္မည့္ဟု ၊

မထင္ခဲ့ေၾကာင္းတ႐ုတ္ Phoenix သတင္းဌာနႏွင့္ ေတြ႕ဆုံေမးျမန္းခန္းတြင္ ေျပာဆိုလိုက္သည္။Phoenix က ႏိုင္ငံေရးျဖစ္စဥ္အၿပီးမွာ ျပည္သူေတြရဲ႕တုံ႔ျပန္မႈေတြက နည္းနည္းေလး ျပင္းထန္လာတာမ်ိဳးေတြ ေတြ႕ရပါတယ္။

အဲဒီအတြက္ေရာ မွန္းဆခဲ့တာမ်ိဳး ႀကိဳတင္ၿပီးေတာ့ ေမွ်ာ္မွန္းခဲ့တဲ့ အေျခအေနမ်ိဳးေရာ ရွိခဲ့ပါသလား ဟု ေမးျမန္းရာတြင္ မင္းေအာင္လႈိင္ ၎ မေမွ်ာ္မွန္းခဲ့ေၾကာင္း ဝန္ခံလိုက္ျခင္းျဖစ္သည္။

“ေျပာရရင္ အဲဒီေလာက္အထိေတာ့ မ်ားလိမ့္မယ္လို႔ မထင္ခဲ့ဘူး။ ခံစားခ်က္ေတာ့ ရွိပါလိမ့္မယ္” ဟု မင္းေအာင္လႈိင္က ဆိုသည္။

မင္းေအာင္လႈိင္ အဆိုပါျဖစ္စဥ္တြင္ ၁၉၅၆ ခုႏွစ္ အစိုးရစစ္ ၇ တန္းစာေမးပြဲ ေမးခြန္းေပါက္ၾကားမႈေၾကာင့္ ဖ်က္သိမ္းမႈေၾကာင့္႐ိုး႐ိုးသားသား၊ေျဖဆိုသူေရာ မ႐ိုးမသားေျဖဆိုသူပါ ထိခိုက္၍ အစိုးရကို ဆႏၵျပသည့္ျဖစ္စဥ္ႏွင့္ ခိုင္းႏႈိင္းလိုက္ၿပီး ထို႔ေၾကာင့္ အင္အားႀကီးမားေနျခင္း ျဖစ္သည္ဟု ဝန္ခံေျပာဆိုသည္။

NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရကို မတရားအသင္း အၾကမ္းဖက္ အဖြဲ႕ဟု ေၾကညာထားၿပီးျဖစ္ေၾကာင္း၊ေလထဲတြင္သာ ရွိေၾကာင္း၊

ျပည္တြင္းစစ္ျဖစ္ရန္လည္း အလားအလာ မရွိေၾကာင္း တ႐ုတ္သတင္းဌာနႏွင့္ေတြ႕ဆုံေမးျမန္းခန္းတြင္ ေျဖဆိုထားသည္။

အခုလိုအခ်ိန္ေပးၿပီး ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္းသာယာေပ်ာ္႐ႊင္ေသာ ေန႔ေလးကိုပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *