ဖြစ်သလိုဆောက်ထားတဲ့ သူတို့ရဲ့တဲအိမ်လေးမှာအိပ်စရာနေရာမရှိအောင်ဒုက္ခတွေကိုခါးစည်းခံနေတဲ့ ဟားငါးကောင်

ဖြစ်သလိုဆောက်ထားတဲ့ သူတို့ရဲ့တဲအိမ်လေးမှာအိပ်စရာနေရာမရှိအောင်ဒုက္ခတွေကိုခါးစည်းခံနေတဲ့ ဟားငါးကောင်

ဖြစ်သလိုဆောက်ထားတဲ့ သူတို့ရဲ့တဲအိမ်လေးကမိုးထဲလေထဲညဘက်အိပ်စရာနေရာမရှိအောင်ဒုက္ခတွေရောက်နေပေမယ့်လည်း ခါးစည်းခံနေတဲ့ ဟားငါးကောင်ရဲ့ဗီဒီယို

ပရိတ်သတ်ြင်္ကီးရေ…နာမည်ကြီးလူရွှင်တော်အဖွဲ့ဖြစ်တဲ့ ဟားငါးကောင်အဖွဲ့ကတော့ ပြည်သူတွေ နဲ့အတူ အမှန်တရားဘက်က ရဲရဲဝင့်ဝင့် ရပ်တည်ခဲ့ကြတာ ဖြစ်ပါတယ် ။

ဒါကြောင့် သူတို့အဖွဲ့က တောထဲတောင်ထဲမှာ သွားရောက်နေထိုင်ပြီး လေ့ကျင့်ရေးသင်တန်းတွေ တက်ရောက်နေတာ ဖြစ်ပါတယ်။ ပြည်သူတွေကတော့ ဟားငါးကောင်အဖွဲ့ရဲ့လုပ်ရပ်ကို ချီးကျူးပြီး သူတို့ရဲ့ပြတ်သားတဲ့စိတ်ဓာတ် ကိုလေးစားနေကြတာ ဖြစ်ပါတယ် ။

တိုင်းကျော်တို့အဖွဲ့က တောထဲမှာနေထိုင်ဖို့အတွက် တာလပတ်မိုးပြီး ဝါးကာတဲ့အိမ်လေးကို ကိုယ်တိုင်ဆောက်လုပ်ခဲ့ကြတာ ဖြစ်ပါတယ် ။ ရှိတာလေးနဲ့ အဆင်ပြေအောင် ဆောက်လုပ်ထားတဲ့ သူတို့ရဲ့အိမ်လေးကတော့ မနေ့ညက မိုးသည်းထန်စွာရွာသွန်းတဲ့အချိန်မှာ အတော်လေးကို ဒုက္ခရောက်ခဲ့ရတာ ဖြစ်ပါတယ် ။ စောင်တွေနဲ့ ကာထားပေမယ့်လည်း မိုးကအရမ်းသည်းလာတာကြောင့် တဲထဲကိုပါ ရေတွေဝင်လာခဲ့တာ ဖြစ်ပါတယ်။

လူရွှင်တော်ပိုးလေးကလည်း မိုးမလုံဘဲ ရေတွေဝင်လာတာကြောင့် အိပ်စရာနေရာတောင်မရှိတော့တဲ့ သူတို့ရဲ့အဖြစ်ကို Live လွှင့်ကာ ပြသခဲ့တာပဲ ဖြစ်ပါတယ် ။ တောထဲမှာ ဒီလိုဒုက္ခတွေကိုခါးစည်းခံကာ နေနေရပေမယ့်လည်းသူတို့အဖွဲ့က လုံးဝအားမလျှော့ဘဲ လက်သုံးချောင်ထောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသေးတာ ဖြစ်ပါတယ် ။

တိုင်းကျော် ကတော့ မိုးသည်းည အမှတ်တရအောင်ပွဲဆိုပြီး ပုံရိပ်တစ်ချို့ကို လူမှုကွန်ယက်စာမျက်နှာထက်မှာ မျှဝေခဲ့သေးတာ ဖြစ်ပါတယ် ။ မိုးရွာထဲမှာ ဒုက္ခရောက်ခဲ့ရတဲ့ဟားငါးကောင်အဖွဲ့ရဲ့ဗီဒီယိုကိုလည်း ပြန်လည်ဖော်ပြပေး လိုက်ပါတယ်။

Zawgyi



ပရိတ်သတ်င်္ကြီးရေ…နာမည်ကြီးလူရွှင်တော်အဖွဲ့ဖြစ်တဲ့ ဟားငါးကောင်အဖွဲ့ကတော့ ပြည်သူတွေ နဲ့အတူ အမှန်တရားဘက်က ရဲရဲဝင့်ဝင့် ရပ်တည်ခဲ့ကြတာ ဖြစ်ပါတယ် ။





Leave a Reply

Your email address will not be published. Required fields are marked *