တောထဲမှာအစော်ကားခံနေရတယ်ဆိုကာ အောက်တန်းကျကျဝါဒဖြန့်တဲ့ သတင်းအမှားတွေအပေါ် ဖြေရှင်းလာတဲ့ ထားထက်ထက်

သူမရဲ့နိုင်ငံတကာ အင်တာဗျူးဗီဒီယိုဖိုင်က English လိုဖြေထားတဲ့ ပုံတွေကို ss ရိုက်ပြီး တောထဲမှာအစော်ကားခံနေရတယ်ဆိုကာ အောက်တန်းကျကျဝါဒဖြန့်တဲ့ သတင်းအမှားတွေအပေါ် ဖြေရှင်းလာတဲ့ ထားထက်ထက်..

အခုရက်ပိုင်းတွေမှာထားထက်ထက်ဟာ နိူင်ငံခြားက အင်တာဗျူးတစ်ခုကိုဖြေဆိုခဲ့ပြီး၊ထိုအင်တာဗျူးနဲ့ပတ်သတ်ပြီး မလိုလားသူတွေက မဟုတ်မမှန်ရေးသားပြောဆိုနေကြတာကိုတွေ့လာရပါတယ်။ ထိုသိုရေးသားခဲ့အကြောင်းအရာအပေါ်မှာ ထားထက်ထက် ဟာပြန်လည်ဖြေရှင်းခဲ့ပါတယ်

ကျွန်မ ထားထက်ထက် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ လုံခြုံစွာ ရှိနေပါတယ်ရှင် …ကျွန်မရဲ့ သတင်းတခုခု တက်လာတဲ့အခါတိုင်း တဖက်က ရည်ရွယ်ချက်ရှိရှိနဲ့ သတင်းအမှားဖြန့်ပြီး ကျွန်မရဲ့ သိက္ခာ နဲ့ အများရဲ့သိက္ခာကို တိုက်ခိုက်နေကြတာ မြင်တွေ့ရပါတယ်…ကျွန်မရဲ့ နိုင်ငံတကာက အင်တာဗျူးထဲမှ ပုံအချို့ကို SS ရိုက် ၊ English လို video နဲ့ ဖြေထားတာကို နားမလည် ကိုယ်နဲ့ခိုင်းနှိုင်းပြီး ရိုင်းစိုင်းစွာ သတင်းပုံဖျက်တိုက်ခိုက်မှုတွေကို

ဒီရက်ပိုင်းတွေမှာ တော်တော်များများ တွေ့လာရတဲ့အခါ စိတ်ဓါတ်အလွန်ယုတ်ညံ့တဲ့ လူတွေနဲ့ ကျွန်မတို့တွေ ရင်ဆိုင်နေရပါလားလို့ ပိုပြီး သတိထားမိပါတယ်ရှင်…တိုင်းရင်းသားတွေရဲ့ ရိုးဖြောင့်မှု သစ္စာရှိမှု မိသားစုစိတ်ရှိမှုတွေကို ပုံဖျက်ဖို့ ကြိုးစားနေတာကို ရပ်တန့်ဖို့ သင့်ပြီလို့ ထင်ပါတယ်..

ကျွန်မ ဒီဒေသမှာ နေထိုင်လာခဲ့တာ လအတော်ကြာလာတဲ့ အချိန်အထိ စော်ကားခံရဖို့ မဆိုထားနဲ့ ထိကပါး ရိကပါး ပြောဆိုခံရမှုတောင် မရှိပါဘူးရှင်… တချို့ဆို ကျွန်မအကိုကြီး အရွယ် တချို့ဆို ကျွန်မရဲ့မောင်ငယ်တွေ အရွယ်တွေပါ…သူတို့အားလုံးရဲ့ ဖြူစင်တဲ့ မေတ္တာစစ်စစ်ကို ခံစားရပါတယ်ရှင်…သူတို့မှာ တင်းကျပ်တဲ့ စစ်စည်းကမ်းတွေ ရှိတာကြောင့်လဲ ဖြစ်နိုင်ပါတယ် …

သူတို့မှာ သူတို့ရဲ့ အမျိုးဂုဏ်ကို ထိန်းသိမ်းနေတာကြောင့်လဲ ဖြစ်နိုင်ပါတယ်… သူတို့ဟာ လူယောက်ျားတယောက်ရဲ့ ကိုယ်ကျင့်သိက္ခာကို ထိန်းသိမ်းကြတာလဲ ဖြစ်နိုင်ပါတယ်… သေချာတာကတော့ တဖက်က ကိုယ့်စိတ်နဲ့နှိုင်းပြီး သတင်းမှား ဖော်ပြနေကြတဲ့ လူတွေပြောသလို မဟုတ်ကြတာတော့ အမှန်ပါပဲရှင် …

ကျွန်မသည် အမှန်တရားအပေါ် မြတ်နိုးမှု ရှိလို့ ကျွန်မ ယုံကြည်မှုနဲ့ တော်လှန်ရေးလမ်းကို လျှောက်ခဲ့ပါတယ် .. ယနေ့အထိ ကျွန်မအပေါ် စခန်းမှ တိုင်းရင်းသား ရဲဘော်ရဲဘက်များသည် နှုတ်အားဖြင့်တောင် အိန္ဒြေ ပျက်အောင် စ နောက်ခဲ့ခြင်းများ မရှိခဲ့သည်ကို တောစောင့်နတ် ၊ တောင်စောင့်နတ်များ သက်သေထား၍ ကျွန်မ သစ္စာ ဆိုပါတယ်ရှင် .. 🙏🙏🙏

ကျွန်မနှင့် တိုင်းရင်းသား ရဲဘော် ရဲဘက်များ၏ ဖြူစင်သော ညီအကို မောင်နှမ စိတ် သစ္စာမှန်ကန်ပါက ဤတော ဤတောင် ဤရေမြေတွင် ကျွန်မတို့အား

စွပ်စွဲသိက္ခာချသူ အပေါင်းတို့ စစ်ရှုံးပါစေသား …

တောစောင့် တောင်စောင့်နတ် အပေါင်းတို့ ၏ပြစ်ဒါဏ်ခတ်မှုကြောင့် ဤမြေ ဤရေ ဤတောတောင်တို့တွင် မမှန်မကန် စွပ်စွဲ သိက္ခာချခဲ့သည့် တပ်ဖွဲ့ဝင်များ အားလုံး ဘေးဆိုး အမျိုးမျိုး သင့်ပါစေသား … 🙏🙏🙏ထားထက်ထက် (June 5 2021)

ကျွန်မနှင့် တိုင်းရင်းသား ရဲဘော် ရဲဘက်များ၏ဖြူစင်သော ညီအကို မောင်နှမ စိတ် သစ္စာမှန်ကန်ပါက ဤတော ဤတောင် ဤရေမြေတွင် ကျွန်မတို့အား စွပ်စွဲသိက္ခာချသူ အပေါင်းတို့ စစ်ရှုံးပါစေသား” ဆိုပြီးပြန်လည်းဖြေရှင်းခဲ့ပါတယ်

Zawgyi

Leave a Reply

Your email address will not be published. Required fields are marked *