အခက်အခဲဖြစ်နေတဲ့ CDM ဝန်ထမ်းတွေအတွက် လိုအပ်တဲ့နေရာတွေမှာအသုံးပြုနိုင်ရန် သိန်း(၁၀၀) လှူဒါန်းခဲ့တဲ့ ဝတ်မှုန်ရွှေရည်
ကစ်က လတ်တလောမှာဆိုရင်တော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူပရိသတ်တွေနဲ့အတူ တစ်သားတည်း ရပ်တည်နေတာဖြစ်ပြီး လူထုလှုပ်ရှားမှုတွေမှာပါဝင်ခဲ့သလို လိုအပ်တဲ့ ပစ္စည်းတွေနဲ့ အစားအသောက်တွေကိုလည်း တက်နိုင်တဲ့ဘက်ကနေ လိုက်လံကာလှူဒါန်းမှုတွေ ပြုလုပ်နေတာကိုလေးစားစွာတွေ့မြင်ရပါတယ်။
နွေဦးတော်လှန်ရေးကြီးမှာလည်း လမ်းမထွက်ကာတတ်နိုင်သလောက် အင်တိုက်အားတိုက်ပါဝင်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်တော်လှန်ရေးတိုက်ပွဲကြီးမှာ အသက်ပေးကြွေလွင့်သွားတဲ့ မျိုးဆက်သစ်လူငယ်ပြည်သူတွေအတွက်လည်း ဝမ်းနည်းကြေကွဲမိကြောင်းသူရဲ့အကောင့်လေးမှာဖော်ပြခဲ့သလို ဖယောင်းတိုင်များထွန်းညှိပူဇော်ကာ ဆုတောင်းပေးခြင်းများပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
ကစ်ကတော့ သူတတ်နိုင်တဲ့ဘက်ကနေ ရသလောက်ပါဝင်ကူညီအားဖြည့်ပေးနေတာလေးစားစရာပါပဲနော်။အခုလည်း CDM လုပ်နေတဲ့ ဝန်ထမ်းတွေအတွက်လိုအပ်တဲ့နေရာတွေမှာအသုံးပြုနိုင်ရန် ရည်ရွယ်ပြီး သိန်း(၁၀၀) ကိုရက်ရက်ရောရောလှူဒါန်းခဲ့ပြန်ပါတယ်။တကယ်ကိုလေးစားစရာစိတ်ဓာတ်လေးပါပဲနော်။ပရိသတ်ကြီးလည်း ကစ်လေးရဲ့အလှူလေးကိုသာဓုခေါ်နိုင်စေရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။
Zawgyi