သင့်ကိုလူချစ်လူခင်ပေါစေမယ့်အလွယ်ကူဆုံးနည်း မေတ္တာပို့နည်း

သင့်ကိုလူချစ်လူခင်ပေါစေမယ့်အလွယ်ကူဆုံးနည်း

မေတ္တာပို့နည်း

သင်နံနက်အိပ်ယာထလို့ မျက်နှာသစ်တော့မယ်ရေကိုစကိုင်ပြီးဆိုတာနဲ့ဗုဒ္ဓံသရဏံဂစ္စာမိဆိုပြီးတစ်ခါရွတ်မျက်နှာကိုရေနဲ့တစ်ခါသပ်ချအဲ့လိုဘဲ ဓမ္မံသရဏံဂစ္စာမိဆိုပြီးတစ်ခါရွတ်မျက်နှာကိုရေနဲ့တစ်ခါသပ်ချ

သံဃံ သရဏံ ဂစ္စာမိဆိုပြီး တစ်ခါရွတ် ရေနဲ့ တစ်ခါသပ်ချပါ(ဆိုလိုတာကတော့ မေတ္တာမပို့မှီ သရဏဂုံ သုံးပါးကို အရင်ရွတ်လိုက်ပါ)

အဲ့ဒါပြီးရင်တော့ သွားတိုက်ချင်တိုက်ပါ သွားတိုက်ရင်း စိတ်ထဲကဂုဏ်တော် ကိုးပါးကိုရွက်ရင် ပိုကောင်းပါတယ်ကိုယ်ပြောတဲ့စကားအောင်စေပါတယ်

သွားတိုက်ပြီးလို့ရေကိုထပ်ကိုင်တဲ့အချိန်ကျရင်ပထမဆုံး မိမိကိုယ်မိမိဆုတောင်းပါ

ဤရေအေးမြသလို အကျွနိုပ်လည်းအေးမြပါစေ

မျက်နှာကို ရေနဲ့ တစ်ခါသပ်ချပါ

အဲ့ဒါပြီးရင် သင်အချစ်ဆုံးသူကို မေတ္တာပို့ပါ

ဤရေအေးမြသလို လည်းအေးမြပါစေ

မျက်နှာကိုရေနဲ့တစ်ခါသပ်ချပါ

ကိုယ်မေတ္တာပို့တဲ့သူရဲ့မျက်နှာကို စိတ်ထဲမှာ မြင်နေရပါမယ်

ပြီးရင် ကိုယ်မျက်နှာကိုသပ်ချတဲ့ရေရဲ့ အေးမျှမှုကိုသတိပြုရမယ်

ပြီးရင်သင့်မိသားစုမိဘများကိုမေတ္တာပို့နိုင်ပါတယ်ဤရေအေးမြသလိုရှေးရှေးဘဝများမှယခုဘဝတိုင်အောင်တော်စပ်ခဲ့ဖူးသောအမိအဖဆွေမျိုးများအားလုံးအေးမြပါစေမျက်နှာကို ရေနဲ့ တစ်ခါသပ်ချပါ

ပြီးရင်ကိုယ်အမုန်းဆုံးလူကိုယ့်အပေါ်မကောင်းတဲ့သူကိုယ့်ကိုယ်အမြဲတမ်း ဒုက္ခပေးနေတဲ့သူကိုမေတ္တာပို့ပါဤရေအေးမြသလို—-လည်းအေးမြပါစေ

အဲ့လိုလူတွေများရင် အဲ့ဒီလူတွေတစ်ယောက်ချင်းစီရဲ့ မျက်နှာကိုစိတ်ထဲကမြင်ယောင်ပြီးတစ်ခေါက်ချင်းစီလုပ်ရပါမယ်

ဒီနေရာမှာ အရေးကြီးတာကသူ့ကို အမှန်တကယ်အေးမြစေလိုတဲ့စိတ်သူ့ကိုအမှန်တကယ်အောင်မြင်ကြီးပွားစေလိုတဲ့စိတ်နဲ့မေတ္တာပို့မှထိရောက်မှာဖြစ်ပါတယ်

အဲ့ဒီလူကကိုယ့်အပေါ် အချိန်တိုင်းဒုက္ခပေးနေတဲ့သူအရမ်းနာကြီးမုန်းတီးအောင် လုပ်ထားဖူးတဲ့သူဖြစ်ရင်လည်းအဲ့ဒီအချိန်လေးခဏမှာတော့ခွင့်လွှတ်နားလည်စိတ်နဲ့မေတ္တာပို့ရမယ်

အဲ့ဒါဆိုရင် အဲ့လောက်မုန်းတီးနေတဲ့သူကိုဘယ်လိုခွင့်လွှတ်ရမလဲမေးလိမ့်မယ်

ကိုယ်အရမ်းမုန်းတဲ့သူကိုအချိန်ခဏတာအတွက်ခွင့်လွှတ်နည်းပထမဆုံးမလွဲသာတဲ့အခြေအနေတစ်ခုကြောင့်ဖြစ်မှာ

သူ့နေရာမှာ ငါဆိုရင်လည်း လုပ်ချင်လုပ်မိမှာပါလို့ စိတ်ဖြေပြီး ခွင့်လွှတ်ပါမရရင်လူဆိုတာ သူ့အကျင့်စရိုက်နဲ့သူလာတာမွေးကထဲကသူ့မှာ အဲ့လိုမကောင်းတဲ့စိတ်ပါလာလို့ငါ့အပေါ်မှာလည်းအကောက်ကြံတာပါလားလို့စိတ်ဖြေပြီး ခွင့်လွှတ်ပါ

သူကိုယ့်အထက်လူကြီး ကိုယ့်အလုပ်ရှင်ဖြစ်နေခဲ့ရင် ကိုယ့်အပေါ်မောက်မာရိုင်းစိုင်းခဲ့ရင်ငါလည်းသူ့ရာထူးသူ့လိုချမ်းသာတဲ့သူဖြစ်ခဲ့ရင် ဒီထက်တောင် ဆဲမိဆိုမိချင် ဆိုမိမှာဆိုပြီး ခွင့်လွှတ်ပါ

အဲ့ဒါတွေအားလုံးမှ မရဘူးဆိုရင်ငါဝဋ်ကြွေးရှိလို့ ခံရတာပဲလို့တွေးပြီးသူ့ကိုအပြစ်မမြင်မိအောင်စိတ်ဖြေပြီး ခွင့်လွှတ်ပါ။အဲ့ဒါဆိုရင်တော့သင်ရေကိုင်ပြီးမျက်နှာသစ်တဲ့အချိန် ၂ စက္ကန့်လောက်အတွက် သူ့ကို ခွင့်လွှတ်နိုင်မှာပါ

သေချာပါတယ်သင်သူ့ကို ခွင့်လွှတ်ပြီး မေတ္တာပို့နိုင်သလောက်သူသင့်အပေါ်ထူးထူးခြားခြားအမြင်ကြည်လာပါလိမ့်မယ်ဒီနေရာမှာ မုန်းတီးနာကျည်းစိတ်နဲ့ ပါးစပ်ကသရွက်နေရင်တော့ဘာမှ ထူးမှာ မဟုတ်ပါဘူး

ကိုယ်အရမ်းမုန်းတဲ့သူကို မေတ္တာပို့ပြီးရင်တော့ နံနက်ခင်း မျက်နှာသစ်ရင်းမေတ္တာပို့တဲ့အလုပ်ပြီးပါပြီ သင့်အတွက်အချိန် ၅ မိနစ်စာလောက်ဘဲလိုပါလိမ့်မယ် ဒါကလည်း သင် အမြဲတမ်းမျက်နှာသစ်နေတဲ့ အချိန်ထက်၂ မိနစ်စာလောက်ဘဲ ပိုမှာပါ

ပထမတော့ မျက်နှာသစ်တိုင်း အဲ့ဒါလေးလုပ်ဖို့ သင်မေ့ချင် မေ့မှာပါနောက်ဆိုရင် မျက်နှာသစ်ဖို့ ရေကိုင်လိုက်တာနဲ့ နှုတ်က အလိုလိုသရဏဂုံ သုံးပါးကိုရွက်မိပြီး အလေ့အကျင့်တစ်ခုလိုဖြစ်သွားပါလိမ့်မယ်

ကျွန်တော် အဲ့ဒီအတိုင်းဘဲ မေတ္တာပို့ဆုတောင်းနေကျ တကယ်လက်တွေ့ပါအခုလက်ရှိ အလုပ်ထဲမှာရော ပတ်ဝန်းကျင်မှာရော ကျွန်တော်နဲ့ မတည့်တဲ့ပေါင်းသင်းဆက်ဆံရေးအဆင်မပြေတဲ့ သူရယ်လို့ မရှိပါဘူးလူတော်တော်များများပြောကြပါတယ် မေတ္တာပို့လိုက်မယ် မေတ္တာပို့လိုက်ရမကောင်းရှိတော့မယ် ဆိုပြီးတော့ အဲ့ဒါက လူတွေကြားမှာ မကောင်းတဲ့ စကားတစ်ခုလိုဖြစ်နေတာပါ တကယ်တော့ မေတ္တာပို့တယ်ဆိုတာ ကျိမ်စာတိုက်တာမဟုတ်ပါဘူး

ရန်မရှိဘဲအားလုံးအေးချမ်းစေမယ့်တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်ဆိုတဲ့အကြောင်း ပြောကြားရင်း ကျွန်တော့်ရဲ့ မျက်နှာသစ်နည်းလေးကိုပြန်လည်မျှဝေလိုက်ပါတယ်

Zawgyi

Leave a Reply

Your email address will not be published. Required fields are marked *