ဇာတ်ကား(၂၀)မပြည့်သူတွေ ရုပ်ရုင်အစည်းအရုံးကဒ် ရပြီး နှုတ်ထွက်တယ်ဆိုတာကို အံ့သြတယ်လို့ ရွှေရူပါဦး ပြော

ဇာတ်ကား(၂၀)မပြည့်သူတွေ ရုပ်ရုင်အစည်းအရုံးကဒ် ရပြီး နှုတ်ထွက်တယ်ဆိုတာကို အံ့သြတယ်လို့ ရွှေရူပါဦး ပြော

ရုပ်ရှင်ဇာတ်ကားပေါင်း(၂၀) ရိုက်ဖူးသူကိုမှ ရုပ်ရှင်အစည်းအရုံးကဒ်ပေးတာဖြစ်လို့ ဇာတ်ကား(၂၀)မပြည့်ဘဲ အစည်းအရုံးဝင်ဖြစ်ပြီး နှုတ် ထွက်စာတင်တဲ့သူတွေကို တွေ့ရတယ်လို့ သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသားခဲ့ပါတယ်။

“သရုပ်ဆောင်လောကထဲဝင်မယ့်သူမို့ ရုပ်ရှင်အစည်းအရုံးဝင်တစ်ယောက်ဖြစ်အောင် အစည်းအရုံးဝင်ကတ်သွားလျှောက်ဖူးပါတယ်၊ ရုပ်ရှင် ဇာတ်ကား (၂၀) ပြည့်အောင်ရိုက်ဖူးသူကိုမှ အစည်းအရုံးဝင်ကတ် တရားဝင်ပေးပါတယ်ဆိုတဲ့စည်းကမ်းချက်ကြောင့်

ခုချိန်ထိအစည်းအရုံးဝ င်မဖြစ်နိူင်သေးပါ၊ အံ့ဩတာက ဇာတ်ကား ၂၀ မပြည့်တဲ့သူတွေက အစည်းအရုံးဝင်ကတ်တွေရထားပြီး နှုတ်ထွက်ကြတယ်ဆိုလို့ပါ “လို့ သူ မ ကရေးသားထားတာပါ။

စစ်ကောင်စီက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌအဖြစ် သရုပ်ဆောင်အကယ်ဒမီခန့်စည်သူ ကိုခန့်အပ်ခဲ့တာကြောင့် အနုပညာ လော ကသားတွေကြား အငြင်းပွားတာတွေဖြစ်ပေါ်ခဲ့ပြီး အနုပညာရှင်တချို့ ရုပ်ရှင်အစည်းအရုံးမှ နှုတ်ထွက်စာတင်ခဲ့တာဖြစ်ပါတယ်။

Zawgyi

ဇာတ္ကား(၂၀)မျပည့္သူေတြ ႐ုပ္႐ုင္အစည္းအ႐ုံးကဒ္ ရၿပီး ႏႈတ္ထြက္တယ္ဆိုတာကို အံ့ၾသတယ္လို႔ ေ႐ႊ႐ူပါဦး ေျပာ

႐ုပ္ရွင္ဇာတ္ကားေပါင္း(၂၀) ႐ိုက္ဖူးသူကိုမွ ႐ုပ္ရွင္အစည္းအ႐ုံးကဒ္ေပးတာျဖစ္လို႔ ဇာတ္ကား(၂၀)မျပည့္ဘဲ အစည္းအ႐ုံးဝင္ျဖစ္ၿပီး ႏႈတ္ ထြက္စာတင္တဲ့သူေတြကို ေတြ႕ရတယ္လို႔ သူမရဲ႕လူမႈကြန္ယက္စာမ်က္ႏွာမွာေရးသားခဲ့ပါတယ္။

“သ႐ုပ္ေဆာင္ေလာကထဲဝင္မယ့္သူမို႔ ႐ုပ္ရွင္အစည္းအ႐ုံးဝင္တစ္ေယာက္ျဖစ္ေအာင္ အစည္းအ႐ုံးဝင္ကတ္သြားေလွ်ာက္ဖူးပါတယ္၊ ႐ုပ္ရွင္ ဇာတ္ကား (၂၀) ျပည့္ေအာင္႐ိုက္ဖူးသူကိုမွ အစည္းအ႐ုံးဝင္ကတ္ တရားဝင္ေပးပါတယ္ဆိုတဲ့စည္းကမ္းခ်က္ေၾကာင့္

ခုခ်ိန္ထိအစည္းအ႐ုံးဝ င္မျဖစ္ႏိူင္ေသးပါ၊ အံ့ဩတာက ဇာတ္ကား ၂၀ မျပည့္တဲ့သူေတြက အစည္းအ႐ုံးဝင္ကတ္ေတြရထားၿပီး ႏႈတ္ထြက္ၾကတယ္ဆိုလို႔ပါ “လို႔ သူ မ ကေရးသားထားတာပါ။

စစ္ေကာင္စီက ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးဥကၠဌအျဖစ္ သ႐ုပ္ေဆာင္အကယ္ဒမီခန႔္စည္သူ ကိုခန႔္အပ္ခဲ့တာေၾကာင့္ အႏုပညာ ေလာ ကသားေတြၾကား အျငင္းပြားတာေတြျဖစ္ေပၚခဲ့ၿပီး အႏုပညာရွင္တခ်ိဳ႕ ႐ုပ္ရွင္အစည္းအ႐ုံးမွ ႏႈတ္ထြက္စာတင္ခဲ့တာျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *