ငွေကြေးနှင့် ရိက္ခာ စစ်ကောင်စီထံမှ မယူချင်၍ ရှေ့နေအဖွဲ့ထံ ဒေါ်အောင်ဆန်းစုကြည် တောင်းခံ

ငွေကြေးနှင့် ရိက္ခာ စစ်ကောင်စီထံမှ မယူချင်၍ ရှေ့နေအဖွဲ့ထံ ဒေါ်အောင်ဆန်းစုကြည် တောင်းခံ

အာဏာသိမ်း စစ်ကောင်စီ၏ အကူအညီကို မလိုချင်၍ စားဝတ်နေရေးအတွက် အသုံးလိုသော ငွေကြေးနှင့် ရိက္ခာများကို ထောက်ပံ့ပေးရန် ၎င်း၏ ရှေ့နေအဖွဲ့ ထံသို့ တတ်နိုင်ပါက ကူညီပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တောင်းခံခဲ့ကြောင်း သိရသည်။

“နှစ်ပတ်တခါ လိုအပ်တာတွေ ဝယ်ရတာ ရှိတယ်။ လက်ထဲမှာလည်း ငွေသား က မကျန်တော့ဘူး။ မကျန်တော့တဲ့အခါကျတော့ ဖြစ်နိုင်ရင် ရှေ့နေတွေက တဆင့်ပဲ လုပ်ပေးပါလို့ တောင်းဆိုပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦး ဖြစ်သူ ဒေါ်မင်းမင်းစိုးက ပြောသည်။

ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် တရားရုံးထုတ် စစ်ဆေးမှုတခုတွင် ရှေ့နေအဖွဲ့ကို အထက်ပါအတိုင်း အကူအညီတောင်းခံခြင်း ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နေထိုင်သူ ၉ ဦးအတွက် ဖြစ်ကြောင်း သိရသည်။

“ကျမတို့ ဆောင်ရွက်ပေးနိုင်ရင်လည်း ဆောင်ရွက်ပေးပါပေါ့။ နောက် လိုအပ်တဲ့ ဆေးလေးတွေ၊ နောက်နှစ်ပတ်တခါ . . . သက်ဆိုင်ရာဌာနကတော့ ပြောပါတယ်တဲ့။ သူတို့ စီစဉ်ပေးမယ်လို့ ပြောပါတယ်။ ဒါပေမယ့် သူတို့ စီစဉ်တာ မလိုချင်ဖူးပေါ့နော်။ ကိုယ့်ဘာသာကိုယ်ပဲ ကျမတို့ တတ်နိုင်ရင် လုပ်ပေးပါလို့ ပြောပါတယ်”ဟု ဒေါ်မင်းမင်းစိုးက ပြောပြသည်။

ယခု အစီအစဉ်ကို သက်ဆိုင်ရာနှင့် ညှိနှိုင်း၍ လုပ်ဆောင်ပေးရန် ပြောဆိုသဖြင့် အတတ်နိုင်ဆုံး ကူညီမည်ဟု ရှေ့နေအဖွဲ့က ကတိပြုခဲ့ကြောင်း၊ ထို့ကြောင့် ယင်းလုပ်ငန်းများ စတင်နိုင်ရန် သက်ဆိုင်ရာနှင့် ဆွေးနွေးရန် ရှိကြောင်း သိရသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးဝင်းမြင့်၊ ဒေါက်တာမျိုးအောင်တို့နှင့်လည်း တွေ့ဆုံ စကားပြောဆိုချင်ကြောင်း နေပြည်တော်ရှိ တရားခွင် ကျင်းပသည့် နေရာတွင် ပြောဆိုခဲ့သည်ဟု သိရသည်။

နေပြည်တော်တွင် အမှု ၅ မှုဖြင့် တရားစွဲဆိုခံထားရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ရုံးချိန်များကို အပတ်စဉ် တနလာင်္နေ့တိုင်း ပြုလုပ်သွားရန်ရှိပြီး ရက်ပေါင်း ၁၈၀ အတွင်း အပြီး စစ်ဆေးမည်ဟု သိရသည်။

Zawgyi

ေငြေၾကးႏွင့္ ရိကၡာ စစ္ေကာင္စီထံမွ မယူခ်င္၍ ေရွ႕ေနအဖြဲ႕ထံ ေဒၚေအာင္ဆန္းစုၾကည္ ေတာင္းခံ

အာဏာသိမ္း စစ္ေကာင္စီ၏ အကူအညီကို မလိုခ်င္၍ စားဝတ္ေနေရးအတြက္ အသုံးလိုေသာ ေငြေၾကးႏွင့္ ရိကၡာမ်ားကို ေထာက္ပံ့ေပးရန္ ၎၏ ေရွ႕ေနအဖြဲ႕ ထံသို႔ တတ္ႏိုင္ပါက ကူညီေပးရန္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေတာင္းခံခဲ့ေၾကာင္း သိရသည္။

“ႏွစ္ပတ္တခါ လိုအပ္တာေတြ ဝယ္ရတာ ရွိတယ္။ လက္ထဲမွာလည္း ေငြသား က မက်န္ေတာ့ဘူး။ မက်န္ေတာ့တဲ့အခါက်ေတာ့ ျဖစ္ႏိုင္ရင္ ေရွ႕ေနေတြက တဆင့္ပဲ လုပ္ေပးပါလို႔ ေတာင္းဆိုပါတယ္”ဟု ေဒၚေအာင္ဆန္းစုၾကည္၏ ေရွ႕ေနတဦး ျဖစ္သူ ေဒၚမင္းမင္းစိုးက ေျပာသည္။

ယေန႔ ေနျပည္ေတာ္တြင္ ျပဳလုပ္သည့္ တရား႐ုံးထုတ္ စစ္ေဆးမႈတခုတြင္ ေရွ႕ေနအဖြဲ႕ကို အထက္ပါအတိုင္း အကူအညီေတာင္းခံျခင္း ျဖစ္ၿပီး ေဒၚေအာင္ဆန္းစုၾကည္ႏွင့္အတူ ေနထိုင္သူ ၉ ဦးအတြက္ ျဖစ္ေၾကာင္း သိရသည္။

“က်မတို႔ ေဆာင္႐ြက္ေပးႏိုင္ရင္လည္း ေဆာင္႐ြက္ေပးပါေပါ့။ ေနာက္ လိုအပ္တဲ့ ေဆးေလးေတြ၊ ေနာက္ႏွစ္ပတ္တခါ . . . သက္ဆိုင္ရာဌာနကေတာ့ ေျပာပါတယ္တဲ့။ သူတို႔ စီစဥ္ေပးမယ္လို႔ ေျပာပါတယ္။ ဒါေပမယ့္ သူတို႔ စီစဥ္တာ မလိုခ်င္ဖူးေပါ့ေနာ္။ ကိုယ့္ဘာသာကိုယ္ပဲ က်မတို႔ တတ္ႏိုင္ရင္ လုပ္ေပးပါလို႔ ေျပာပါတယ္”ဟု ေဒၚမင္းမင္းစိုးက ေျပာျပသည္။

ယခု အစီအစဥ္ကို သက္ဆိုင္ရာႏွင့္ ညႇိႏႈိင္း၍ လုပ္ေဆာင္ေပးရန္ ေျပာဆိုသျဖင့္ အတတ္ႏိုင္ဆုံး ကူညီမည္ဟု ေရွ႕ေနအဖြဲ႕က ကတိျပဳခဲ့ေၾကာင္း၊ ထို႔ေၾကာင့္ ယင္းလုပ္ငန္းမ်ား စတင္ႏိုင္ရန္ သက္ဆိုင္ရာႏွင့္ ေဆြးေႏြးရန္ ရွိေၾကာင္း သိရသည္။

ထို႔ျပင္ ေဒၚေအာင္ဆန္းစုၾကည္က သမၼတ ဦးဝင္းျမင့္၊ ေဒါက္တာမ်ိဳးေအာင္တို႔ႏွင့္လည္း ေတြ႕ဆုံ စကားေျပာဆိုခ်င္ေၾကာင္း ေနျပည္ေတာ္ရွိ တရားခြင္ က်င္းပသည့္ ေနရာတြင္ ေျပာဆိုခဲ့သည္ဟု သိရသည္။

ေနျပည္ေတာ္တြင္ အမႈ ၅ မႈျဖင့္ တရားစြဲဆိုခံထားရသည့္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၏ ႐ုံးခ်ိန္မ်ားကို အပတ္စဥ္ တနလာေနၤ့တိုင္း ျပဳလုပ္သြားရန္ရွိၿပီး ရက္ေပါင္း ၁၈၀ အတြင္း အၿပီး စစ္ေဆးမည္ဟု သိရသည္။

Leave a Reply

Your email address will not be published. Required fields are marked *