ဦးခင်လှိုင် ပေးလိုက်တဲ့ သင်ခန်းစာ

ဦးခင်လှိုင် ပေးလိုက်တဲ့ သင်ခန်းစာ

မနေ့က မြန်မာဇာတ်ကား တစ်ကားကြည့်လိုက်မိတယ် ဇာတ် ကားရဲ့အမည်က မင်္ဂလာကုတင် အဓိကသရုပ်ဆောင် မင်းသား /မင်းသမီး မြင့်မြတ်-ကျော်ကျော်ဗိုလ်-ဝတ်မှုန်ရွှေရည် ဒါပေမယ် ဒီဇာတ်ကားမှာပါတဲ့ မင်းသားမင်းသမီးတွေ ကောင်းမကောင်းတော့ ကြည့်ဖူးတဲ့သူတွေ သိပါလိမ့်မယ်။

ကျုပ်ရဲ့အတွေးထဲမှာ အသိတရားတခုရလိုက်တာက ဦးခင်လှိုင် သရုပ်ဆောင်တဲ့အခန်း ဘယ်အခန်းလေးများ ဖြစ်နေမလဲသိပ်ကို စိတ်ဝင်စားဖို့ကောင်းသလို ယနေ့ နွေဦးတော်လှန်ရေးအတွက်ပါ။ အသိ သတိ ရှိစေဖို့ ကျုပ်ရေးသားပေးလိုက်တယ်။

မင်္ဂလာကုတင် ဒီဇာတ်ကားမှာ ဦးခင်လှိုင်သရုပ်ဆောင်ပြလိုက်တာ ဇာတ်ဝင်ခန်းတော့ မဟုတ်ဘူး ရိုးရှင်းတဲ့ဇာတ်သဘာဝဇာတ်ဝင်ခန်းလေးသာ ဖြစ်တယ်။

ရွာတရွာမှာ နွားနိုးကို ရေရောရောင်းတဲ့ သူတယောက်ရှိတယ်။အဲ့ဒီနွားနို့သည်နေရာက ဦးခင်လှိုင်သရုပ်ဆောင်ခဲ့တယ် ရယ်စ ရာကောင်းတာက ဦးခင်လှိုင် နွားနို့ကို ရေရောတဲ့အခါ ခိုးပြီးရေ ရောခဲ့တာ မဟုတ်ဘူး။ ဝယ်သူအရှေ့မှာ နွားနို့ကို ရေရောပစ်တယ်။ ဒါပေမယ် ဦးခင်လှိုင် နွားနို့ကိုဝယ်တဲ့ သူတွေအားလုံးက ကျေနပ်ကြတယ်။

ဦးခင်လှိုင် ရေရောပုံကို ကြည့်နွားနို့ဝယ်သူအရှေ့ နွားနို့ပုံးချနွား နို့ကိုခွက်နဲ့ခပ် ဝယ်သူရဲ့ ခွက်ထဲကိုထည့်ပေးပြီးတာနဲ့ ကဲအဒေါ်တို့အိမ်ကိုကောင်းကောင်းလေး သောက်စေချင်လို့ ရေမရောခင် လာပို့ပေးတာ ကျန်တဲ့အိမ်တွေတော့ သူတို့ထိုက်နဲ့သူကံပဲ ဆိုပြီးအဲ့ ဒီနွားနို့ဝယ်တဲ့ အဒေါ်ကြီးဆီက ရေတောင်းခပ်ပြီး နွားနို့ပုံးကို ရေရောလိုက်တယ်။

အိမ်ရှင်အဒေါ်ကြီးကလည်း ကြည်ကြည်ဖြူဖြူနဲ့ သူအရှေ့နွားနို့ပုံးထဲ ဦးခင်လှိုင် ရေရောနေတာကို ကျေ နပ်နေတယ်။ ဒီအဒေါ်ကြီးရဲ့ စိတ်ထဲမှာတော့ ဦးခင်လှိုင် ရောင်းလိုက်တဲ့နွားနို့က ရေမ ရောရသေးဘူးလို့ အဒေါ်ကြီး ယုံကြည်နေတယ်။ သူ့ကို ဦးဆုံး လာပို့တယ် ထင်နေတဲ့အတွက် ဒီနို့ကိုနွားနို့စစ်စစ်လို့ လုံးဝယူ ဆနေတယ်။

ကိုယ်အရှေ့မှာ နွားနို့ကိုရေရောနေတာ မြင်ပါလျက်နဲ့နွားနို့အစစ် ထင်ပြီး ကျေကျေနပ်နပ် သောက်နေဦးမယ်ဆိုရင် ကိုယ်အရှေ့ရေရောပြီး နွားနို့ရောင်းနေသူကို ကျေကျေနပ်နပ်ကြီး ရေရောခွင့်ပြုနေရဦးမှာပါပဲ။

အဲ့ဒီလိုပါပဲ ဒီနွေဦးတော်လှန်ရေးမှာလူကြီး လူငယ် ကလေးပါမကျန် အာဏာရူးခွေး ပုလ္လင်တက်တဲ့ကောင်က ကိုယ်ရဲ့အရှေ့မှာ သတ်ဖျက်နေတာ မြင်ပါလျက်နဲ့ ငါသား/ငါသမီး/ငါတူ/ငါတူမ/ငါမြေး/ငါမြစ်/မဟုတ်ဘူး ထင်နေသူတွေ ရှိနေသမျှကာ လပတ်လုံး ဦးခင်လှိုင် နွားနို့ကို ရေရောရောင်းသလိုမျိုးပဲ ကျုပ်တို့ နောက်လာမယ် အမျိုးဆက်တွေအထိ ဒီလူသတ်ကောင်တွေကို ခွင့်ပြုပေးနေရဦးမယ်ဆိုတာ အသိသတိ ပြုမိကြမှာပါ။

Zawgyi

ဦးခင္လွိုင္ ေပးလိုက္တဲ့ သင္ခန္းစာ

မေန႕က ျမန္မာဇာတ္ကား တစ္ကားၾကည့္လိုက္မိတယ္ ဇာတ္ ကားရဲ႕အမည္က မဂၤလာကုတင္ အဓိကသ႐ုပ္ေဆာင္ မင္းသား /မင္းသမီး ျမင့္ျမတ္-ေက်ာ္ေက်ာ္ဗိုလ္-ဝတ္မႈန္ေ႐ႊရည္ ဒါေပမယ္ ဒီဇာတ္ကားမွာပါတဲ့ မင္းသားမင္းသမီးေတြ ေကာင္းမေကာင္းေတာ့ ၾကည့္ဖူးတဲ့သူေတြ သိပါလိမ့္မယ္။

က်ဳပ္ရဲ႕အေတြးထဲမွာ အသိတရားတခုရလိုက္တာက ဦးခင္လွိုင္ သ႐ုပ္ေဆာင္တဲ့အခန္း ဘယ္အခန္းေလးမ်ား ျဖစ္ေနမလဲသိပ္ကို စိတ္ဝင္စားဖို႔ေကာင္းသလို ယေန႕ ေႏြဦးေတာ္လွန္ေရးအတြက္ပါ။ အသိ သတိ ရွိေစဖို႔ က်ဳပ္ေရးသားေပးလိုက္တယ္။

မဂၤလာကုတင္ ဒီဇာတ္ကားမွာ ဦးခင္လွိုင္သ႐ုပ္ေဆာင္ျပလိုက္တာ ဇာတ္ဝင္ခန္းေတာ့ မဟုတ္ဘူး ရိုးရွင္းတဲ့ဇာတ္သဘာဝဇာတ္ဝင္ခန္းေလးသာ ျဖစ္တယ္။

႐ြာတ႐ြာမွာ ႏြားနိုးကို ေရေရာေရာင္းတဲ့ သူတေယာက္ရွိတယ္။အဲ့ဒီႏြားနို႔သည္ေနရာက ဦးခင္လွိုင္သ႐ုပ္ေဆာင္ခဲ့တယ္ ရယ္စ ရာေကာင္းတာက ဦးခင္လွိုင္ ႏြားနို႔ကို ေရေရာတဲ့အခါ ခိုးၿပီးေရ ေရာခဲ့တာ မဟုတ္ဘူး။ ဝယ္သူအေရွ႕မွာ ႏြားနို႔ကို ေရေရာပစ္တယ္။ ဒါေပမယ္ ဦးခင္လွိုင္ ႏြားနို႔ကိုဝယ္တဲ့ သူေတြအားလုံးက ေက်နပ္ၾကတယ္။

ဦးခင္လွိုင္ ေရေရာပုံကို ၾကည့္ႏြားနို႔ဝယ္သူအေရွ႕ ႏြားနို႔ပုံးခ်ႏြား နို႔ကိုခြက္နဲ႕ခပ္ ဝယ္သူရဲ႕ ခြက္ထဲကိုထည့္ေပးၿပီးတာနဲ႕ ကဲအေဒၚတို႔အိမ္ကိုေကာင္းေကာင္းေလး ေသာက္ေစခ်င္လို႔ ေရမေရာခင္ လာပို႔ေပးတာ က်န္တဲ့အိမ္ေတြေတာ့ သူတို႔ထိုက္နဲ႕သူကံပဲ ဆိုၿပီးအဲ့ ဒီႏြားနို႔ဝယ္တဲ့ အေဒၚႀကီးဆီက ေရေတာင္းခပ္ၿပီး ႏြားနို႔ပုံးကို ေရေရာလိုက္တယ္။

အိမ္ရွင္အေဒၚႀကီးကလည္း ၾကည္ၾကည္ျဖဴျဖဴနဲ႕ သူအေရွ႕ႏြားနို႔ပုံးထဲ ဦးခင္လွိုင္ ေရေရာေနတာကို ေက် နပ္ေနတယ္။ ဒီအေဒၚႀကီးရဲ႕ စိတ္ထဲမွာေတာ့ ဦးခင္လွိုင္ ေရာင္းလိုက္တဲ့ႏြားနို႔က ေရမ ေရာရေသးဘူးလို႔ အေဒၚႀကီး ယုံၾကည္ေနတယ္။ သူ႕ကို ဦးဆုံး လာပို႔တယ္ ထင္ေနတဲ့အတြက္ ဒီနို႔ကိုႏြားနို႔စစ္စစ္လို႔ လုံးဝယူ ဆေနတယ္။

ကိုယ္အေရွ႕မွာ ႏြားနို႔ကိုေရေရာေနတာ ျမင္ပါလ်က္နဲ႕ႏြားနို႔အစစ္ ထင္ၿပီး ေက်ေက်နပ္နပ္ ေသာက္ေနဦးမယ္ဆိုရင္ ကိုယ္အေရွ႕ေရေရာၿပီး ႏြားနို႔ေရာင္းေနသူကို ေက်ေက်နပ္နပ္ႀကီး ေရေရာခြင့္ျပဳေနရဦးမွာပါပဲ။

အဲ့ဒီလိုပါပဲ ဒီေႏြဦးေတာ္လွန္ေရးမွာလူႀကီး လူငယ္ ကေလးပါမက်န္ အာဏာ႐ူးေခြး ပုလႅင္တက္တဲ့ေကာင္က ကိုယ္ရဲ႕အေရွ႕မွာ သတ္ဖ်က္ေနတာ ျမင္ပါလ်က္နဲ႕ ငါသား/ငါသမီး/ငါတူ/ငါတူမ/ငါေျမး/ငါျမစ္/မဟုတ္ဘူး ထင္ေနသူေတြ ရွိေနသမွ်ကာ လပတ္လုံး ဦးခင္လွိုင္ ႏြားနို႔ကို ေရေရာေရာင္းသလိုမ်ိဳးပဲ က်ဳပ္တို႔ ေနာက္လာမယ္ အမ်ိဳးဆက္ေတြအထိ ဒီလူသတ္ေကာင္ေတြကို ခြင့္ျပဳေပးေနရဦးမယ္ဆိုတာ အသိသတိ ျပဳမိၾကမွာပါ။

Leave a Reply

Your email address will not be published. Required fields are marked *