နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အတွက် လှူဒါန်းငွေတွေကို လက်မခံဘူးလို့ ရှေ့နေအဖွဲ့ပြော
ဇွန် ၈
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က အတူနေမိသားစုဝင်တွေအတွက် ဆေးဝါး၊ ရိက္ခာနဲ့ ငွေကြေးလိုအပ်ချက်ရှိနေတယ်ဆိုပြီး ပြောဆိုချက်အပေါ် ပြည်သူတွေက လှူဒါန်းလာတာတွေကို လက်ခံဖို့ မရှိဘူးလို့ သူမရဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။
“ရှေ့နေအဖွဲ့အနေနဲ့ မိသားစုတွေနဲ့တိုင်ပင်ပြီး ဆောင်ရွက်ပေးသွားဖို့ပဲရှိပါတယ် အလှူငွေတွေကို လက်ခံဖို့မရှိဘူး” လို့ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒါ်အောင်ဆန်းစုကြည် ရဲ့ ဇွန် ၇ ရက် ရုံးချိန်းအပြီး ရှေ့နေ အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်ကို ပြန်လည်ပြောပြပေးခဲ့တဲ့အပေါ် ပြည်သူတွေက လှူဒါန်းလိုကြောင်း ပြောဆိုချက်တွေ ရှိနေတာပါ။
လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်အတွက်ဆိုပြီး မည်သည့် ငွေကြေး၊ ပစ္စည်းကိုမှ မပေးပို့ကြဖို့ကိုလည်း မေတ္တာရပ်ခံ တယ်လို့ ရှေ့နေအဖွဲ့ ခေါင်းဆောင် ဦးခင်မောင်ဇော်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။
လက်ရှိနိုင်ငံတော်အတိုင်ပင်ခံကို နေပြည်တော်က သူမရဲ့နေအိမ်ကနေ ပြောင်းရွှေ့ထားတယ် ဆိုတာကိုသာ သိရပြီး ဘယ်နေရာကိုပြောင်းရွှေ့တယ်ဆိုတာ မသိရသေးဘူးလို့ ရှေ့နေအဖွဲ့က ဆိုပါတယ်။
Zawgyi
ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ အတြက္ လႉဒါန္းေငြေတြကို လက္မခံဘူးလို႔ ေရွ႕ေနအဖြဲ႕ေျပာ
ဇြန္ ၈
ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က အတူေနမိသားစုဝင္ေတြအတြက္ ေဆးဝါး၊ ရိကၡာနဲ႔ ေငြေၾကးလိုအပ္ခ်က္ရွိေနတယ္ဆိုၿပီး ေျပာဆိုခ်က္အေပၚ ျပည္သူေတြက လႉဒါန္းလာတာေတြကို လက္ခံဖို႔ မရွိဘူးလို႔ သူမရဲ႕ ေရွ႕ေန ေဒၚမင္းမင္းစိုးက ေျပာပါတယ္။
“ေရွ႕ေနအဖြဲ႕အေနနဲ႔ မိသားစုေတြနဲ႔တိုင္ပင္ၿပီး ေဆာင္႐ြက္ေပးသြားဖို႔ပဲရွိပါတယ္ အလႉေငြေတြကို လက္ခံဖို႔မရွိဘူး” လို႔ ေဒၚမင္းမင္းစိုးက ေျပာပါတယ္။
ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ဒၚေအာင္ဆန္းစုၾကည္ ရဲ႕ ဇြန္ ၇ ရက္ ႐ုံးခ်ိန္းအၿပီး ေရွ႕ေန အဖြဲ႕က ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေျပာၾကားခ်က္ကို ျပန္လည္ေျပာျပေပးခဲ့တဲ့အေပၚ ျပည္သူေတြက လႉဒါန္းလိုေၾကာင္း ေျပာဆိုခ်က္ေတြ ရွိေနတာပါ။
လက္ရွိမွာ ေဒၚေအာင္ဆန္းစုၾကည္အတြက္ဆိုၿပီး မည္သည့္ ေငြေၾကး၊ ပစၥည္းကိုမွ မေပးပို႔ၾကဖို႔ကိုလည္း ေမတၱာရပ္ခံ တယ္လို႔ ေရွ႕ေနအဖြဲ႕ ေခါင္းေဆာင္ ဦးခင္ေမာင္ေဇာ္က သူ႔ရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာမွာ ေရးသားထားပါတယ္။
လက္ရွိႏိုင္ငံေတာ္အတိုင္ပင္ခံကို ေနျပည္ေတာ္က သူမရဲ႕ေနအိမ္ကေန ေျပာင္းေ႐ႊ႕ထားတယ္ ဆိုတာကိုသာ သိရၿပီး ဘယ္ေနရာကိုေျပာင္းေ႐ႊ႕တယ္ဆိုတာ မသိရေသးဘူးလို႔ ေရွ႕ေနအဖြဲ႕က ဆိုပါတယ္။