မနေ့ညက ကား Accident ကြောင့် Taxi ယာဉ်မောင်း မိဘနှစ်ပါးလုံးကို ဆုံးရှုံးလိုက်ရတဲ့ ကျန်ရစ်သူသားလေးရဲ့ကြေကွဲဖွယ်ရာစကားလေး
ဇွန်လ (၇)ရက်နေ့၊မနေ့ညကဆိုရင်တော့ ရန်ကုန်မြို့၊အင်းယားလမ်းမှာ ယာဉ်တိုက်မှုတစ်ခုဖြစ်ပွါးခဲ့ပြီး (၃)ယောက်သေဆုံးကာ ကျန်တဲ့သူများလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။
Taxi မောင်းတဲ့ဦးလေးကြီးကတော့ သူ့ရဲ့အမျိုးသမီးနဲ့အတူ အိမ်ပြန်မယ့်လမ်းမှာ မိန်းကလေးတွေ ညဘက်ကြီး ကားငှါးတာကို ကိုယ်ချင်းစာကာ လိုက်ပို့ပေးခဲ့ရင်း ဒီလိုအဖြစ်ဆိုးမျိုးနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။အင်းယားလမ်း မီးပွိုင့်မှာတော့ တစ်ဖက်မှလာတဲ့ ကားက မီးနီကိုဖြတ်မောင်းပြီး Taxiကို ဝင်တိုက်လိုက်တယ်လို့ သိရပါတယ်။
Taxi ယာဉ်မောင်း ဦးလေးကြီးကတော့ ဆေးရုံးပေါ်မှာဆုံးပြီး သူ့ရဲ့အမျိုးသမီးနဲ့ မော်ဒယ်မေသစ္စာမောင်တို့ကတော့လူနာတင်ယာဉ်ပေါ်မှာတင် ဆုံးပါးသွားတာဖြစ်ပါတယ်။
Taxiယာဉ်မောင်းတဲ့ လင်မယားမှာ သားလေးတစ်ယောက်လည်း ကျန်ခဲ့တာဖြစ်ပါတယ်။
သူတို့ရဲ့သားလေးကတော့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ Taxi ကဝင်တိုက်တယ်ဆိုပြီး သတင်းအမှားတွထွက်ပေါ်နေတာကြောင့် ပြန်လည်ဖြေရှင်းနေတာဖြစ်ပါတယ်။
ကျန်ရစ်သူလူငယ်လေးရဲ့သူငယ်ချင်းတွေကလည်း သူ့ကို ကူညီဖေးမပေးပြီး ကောလာဟလတွေ မဟုတ်ကြောင်း ဖြစ်စဉ်အမှန်ကို ရေးတင်နေကြတာဖြစ်ပါတယ်။
မိဘနှစ်ပါးလုံးကိုဆုံးရှုံးလိုက်ရတဲ့ ကျန်ရစ်သူလူငယ်လေးက “အရင်လို နိုးလာတိုင်း ထမင်းချက်ထားမယ့်သူမရှိတော့ဘူး ကိုယ့်ဘာသာကြိုးစားရတော့မယ်” ဆိုပြီး သူငယ်ချင်းတွေကို ရင်ဖွင့်နေတာဖြစ်ပါတယ်။
ပြည်သူတွေကလည်း ကား Accident ကြောင့် ကွယ်လွန်သွားရတဲ့သူတွေအတွက် စိတ်မကောင်းဖြစ်နေကြရတာဖြစ်ပါတယ်။
လူမှုကွန်ယက်စာမျက်နှာပေါ်မှာ Taxi က ဝင်တိုက်တယ်ဆိုတဲ့ သတင်းက အမှားသာဖြစ်ပြီး ကျန်ရစ်သူလူငယ်လေးရဲ့ပူဆွေးသောကတွေကို ကိုယ်ချင်းစာရင်း အဖြစ်အပျက်အမှန်ကို ပြည်သူအများအပြားသိအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Zawgyi
မေန႔ညက ကား Accident ေၾကာင့္ Taxi ယာဥ္ေမာင္း မိဘႏွစ္ပါးလုံးကို ဆုံးရႈံးလိုက္ရတဲ့ က်န္ရစ္သူသားေလးရဲ႕ေၾကကြဲဖြယ္ရာစကားေလး
ဇြန္လ (၇)ရက္ေန႔၊မေန႔ညကဆိုရင္ေတာ့ ရန္ကုန္ၿမိဳ႕၊အင္းယားလမ္းမွာ ယာဥ္တိုက္မႈတစ္ခုျဖစ္ပြါးခဲ့ၿပီး (၃)ေယာက္ေသဆုံးကာ က်န္တဲ့သူမ်ားလည္း ဒဏ္ရာအျပင္းအထန္ရရွိခဲ့ပါတယ္။
Taxi ေမာင္းတဲ့ဦးေလးႀကီးကေတာ့ သူ႔ရဲ႕အမ်ိဳးသမီးနဲ႔အတူ အိမ္ျပန္မယ့္လမ္းမွာ မိန္းကေလးေတြ ညဘက္ႀကီး ကားငွါးတာကို ကိုယ္ခ်င္းစာကာ လိုက္ပို႔ေပးခဲ့ရင္း ဒီလိုအျဖစ္ဆိုးမ်ိဳးနဲ႔ ႀကဳံေတြ႕ခဲ့ရတာျဖစ္ပါတယ္။အင္းယားလမ္း မီးပြိဳင့္မွာေတာ့ တစ္ဖက္မွလာတဲ့ ကားက မီးနီကိုျဖတ္ေမာင္းၿပီး Taxiကို ဝင္တိုက္လိုက္တယ္လို႔ သိရပါတယ္။
Taxi ယာဥ္ေမာင္း ဦးေလးႀကီးကေတာ့ ေဆး႐ုံးေပၚမွာဆုံးၿပီး သူ႔ရဲ႕အမ်ိဳးသမီးနဲ႔ ေမာ္ဒယ္ေမသစၥာေမာင္တို႔ကေတာ့လူနာတင္ယာဥ္ေပၚမွာတင္ ဆုံးပါးသြားတာျဖစ္ပါတယ္။
Taxiယာဥ္ေမာင္းတဲ့ လင္မယားမွာ သားေလးတစ္ေယာက္လည္း က်န္ခဲ့တာျဖစ္ပါတယ္။
သူတို႔ရဲ႕သားေလးကေတာ့ လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ Taxi ကဝင္တိုက္တယ္ဆိုၿပီး သတင္းအမွားတြထြက္ေပၚေနတာေၾကာင့္ ျပန္လည္ေျဖရွင္းေနတာျဖစ္ပါတယ္။
က်န္ရစ္သူလူငယ္ေလးရဲ႕သူငယ္ခ်င္းေတြကလည္း သူ႔ကို ကူညီေဖးမေပးၿပီး ေကာလာဟလေတြ မဟုတ္ေၾကာင္း ျဖစ္စဥ္အမွန္ကို ေရးတင္ေနၾကတာျဖစ္ပါတယ္။
မိဘႏွစ္ပါးလုံးကိုဆုံးရႈံးလိုက္ရတဲ့ က်န္ရစ္သူလူငယ္ေလးက “အရင္လို ႏိုးလာတိုင္း ထမင္းခ်က္ထားမယ့္သူမရွိေတာ့ဘူး ကိုယ့္ဘာသာႀကိဳးစားရေတာ့မယ္” ဆိုၿပီး သူငယ္ခ်င္းေတြကို ရင္ဖြင့္ေနတာျဖစ္ပါတယ္။
ျပည္သူေတြကလည္း ကား Accident ေၾကာင့္ ကြယ္လြန္သြားရတဲ့သူေတြအတြက္ စိတ္မေကာင္းျဖစ္ေနၾကရတာျဖစ္ပါတယ္။
လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ Taxi က ဝင္တိုက္တယ္ဆိုတဲ့ သတင္းက အမွားသာျဖစ္ၿပီး က်န္ရစ္သူလူငယ္ေလးရဲ႕ပူေဆြးေသာကေတြကို ကိုယ္ခ်င္းစာရင္း အျဖစ္အပ်က္အမွန္ကို ျပည္သူအမ်ားအျပားသိေအာင္လို႔ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။