ပြည်သူ ကို မထိခိုက် အောင် လှုပ်ရှားမည် ဟု စစ်ကိုင်းတိုင်း PDF ပြော
စစ်ကောင်စီကိုလက်နက်ဖြင့်တော်လှန်တိုက်ခိုက်ရာတွင် ပြည်သူလူထုကိုထိခိုက်မှုမရှိအောင်အသိပေးပြီးမှသာလှုပ်ရှားသွားမည်ဖြစ်ကြောင်းစစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(SPDF)ကဧရာဝတီကိုပြောသည်SPDFအဖွဲ့ဝင်တဦးကSPDFအနေနဲ့ပြည်သူကိုမထိခိုက်အောင် အသိပေးပြီးလှုပ်ရှားသွားမှာပါ။ပြည်သူတွေဘက်ကအောင်နိုင်မှာပါ။ ကျနော်တို့ကိုပြည်သူကထောက်ပံ့တယ်၊သတင်းပေးတယ်ကူညီတယ်စစ်ကောင်စီဘက်ကိုဒလန်အနည်းငယ်ကလွဲရင်ဘယ်သူမှမကူညီဘူးကျနော်တို့ကိုပဲကူညီကြတယ်
ဒါကြောင့်ကျနော်တို့နိုင်မှာဟုဆိုသည်နိုင်ငံအနှံ့တွင်စစ်ကောင်စီသတင်းပေးဟုယူဆရသည့်ဒလန်များ၊ အုပ်ချုပ်ရေးမှူးများနှင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုရည်ရွယ်၍ သေနတ်ဖြင့်ပစ်ခတ်ခြင်းဗုံးဖောက်ခွဲခြင်းများရှိနေသကဲ့သို့အများပြည်သူနှင့်သက်ဆိုင်သောနေရာများတွင်လည်းလက်သည်မပေါ်သည့်ပေါက်ကွဲမှုများ၊မီးလောင်မှုများနှင့်ပြည်သူလူထုကိုထိခိုက်မှုများရှိနေသည်
အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍သက်ဆိုင်ရာဒေသအသီးသီးမှ PDFအဖွဲ့တချို့ကပြည်သူလူထုအပေါ်ဦးတည်တိုက်ခိုက်မှုများမပြုလုပ်ကြောင်းထုတ်ပြန်ထားကြသည်ပြီးခဲ့သည့်ဇွန်လ၃ရက်နေ့ကလည်းရန်ကုန်မြို့ရှိပြည်သူ့ကာကွယ်ရေး အဖွဲ့အစည်း၉ခုက၎င်းတို့သည်တရားမဲ့သတ်ဖြတ်ခြင်းများပြုလုပ်မည်မဟုတ်သကဲ့သို့ပြည်သူလူထု၊ကျောင်းသားလူငယ်နှင့် ကလေးသူငယ်များအားထိခိုက်စေသည့်ဖြစ်ရပ်များသည်လည်း ၎င်းတို့၏လုပ်ဆောင်ချက်များမဟုတ်ကြောင်းသတင်းထုတ်ပြန်ခဲ့သည်
SPDFအဖွဲ့ဝင်တဦးကလည်း“ပြည်သူကိုကာကွယ်ပေးမယ်။ပြည်သူ့ဘက်ကိုဘယ်တော့မှသေနတ်ပြောင်းမလှည့်စေရဘူး။ပြည်သူတွေနိုင်တဲ့အထိတိုက်ပွဲဝင်သွားမယ်”ဟုပြောဆိုသည်စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည်အမှတ်စဉ်၄အထိ စစ်သင်တန်းများပြီးဆုံးပြီဖြစ်ပြီးဖက်ဒရယ်ဒီမိုကရေစီခရီး ပြီးမြောက်သည်အထိတိုက်ပွဲဝင်ကာစစ်အာဏာရှင်စနစ်ကိအကြွင်းမဲ့ တိုက်ဖျက်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ကြေညာထားသည်
ပြည်သူအားမည်သည့်အခါမျှ မညှဉ်းပန်း၊မည်သည့်အခါမျှ သစ္စာမဖောက်ဟူသည့်တော်လှန်ရေးစိတ်ဓာတ်မွေးမြူထားကြရန်၊မိမိတို့အခြေစိုက်မြို့နယ်များတွင်လျို့ဝှက်စွာလှုပ်ရှားကြရမည်ဖြစ်ပြီးမိမိနှင့်တကွမိမိ၏မိသားစု၊လုပ်ဖော်ကိုင်ဖက်များအန္တရာယ်ကင်းရှင်းစေရန်ပေါ်လွင်ထင်ရှားစွာပြုမူခြင်းများကိုဆင်ခြင်ရန်လည်း၎င်းတို့၏ အဖွဲ့ဝင်များကိုတိုက်တွန်းထားသည်
မြင်းခြံမြို့ပြောက်ကျားတပ်ဖွဲ့မှ အဖွဲ့ဝင်တဦးက အတတ်နိုင်ဆုံး လူထုမထိခိုက်တဲ့လမ်းစဉ်ကိုပဲကျနော်တို့က ရွေးချယ်ပြီး လုပ်တာပေါ့ ဘယ်သူဘယ်နေရာလုပ်တယ်ဆိုရင်သိရတယ်။ကျနော်တို့မြင်းခြံမှာဆိုရင်ပျူစောထီးအဖွဲ့တွေမှာဆိုလည်းလက်နက်တွေရှိတယ်လေ။နာနတ်သီးတို့(လက်ပစ်ဗုံး)လက်နက်တွေဘာတွေရှိတယ်အတတ်နိုင်ဆုံးစစ်အုပ်စုနဲ့အနီးကပ်ဆုံးအသွားအလာကိုဆင်ခြင်ဖို့နဲ့မလိုအပ်ဘဲအပြင်မထွက်ဖို့ထုတ်ပြန်ပြောရမှာပေါ့ဟုပြောဆိုသည်
စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(SPDF)ကိုမြို့နယ်၊ ရပ်ကွက်၊ကျေးရွာများရှိစစ်အာဏာရှင်ဆန့်ကျင်သောဒီမိုကရေစီ လိုလားသည့်ပြည်သူများအားစစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အန္တရာယ်မှကာကွယ်ရန်၊CDMဆောင်ရွက်နေကြသော ပြည်သူ့ဝန်ထမ်းများအားကာကွယ်ရန်၊စစ်ကောင်စီအားပြောက်ကျားစနစ်ဖြင့်ဆန့်ကျင်ခုခံရန်စသည့်ရည်ရွယ်ချက်များဖြင့်စစ်ကိုင်းတိုင်းအတွင်းရှိ၃၇မြို့နယ်မှမြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့်ချိတ်ဆက်ကာ၂၀၂၁မေ၅ရက်နေ့တွင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်
ထို့ပြင်SPDFအနေဖြင့်နယ်မြေဒေသအသီးသီးနှင့်ဟန်ချက်ညီညီ ချိတ်ဆက်ဆောင်ရွက်ပြီးလိုအပ်သောလက်နက်ပစ္စည်းများအားမြို့ နယ်ကာကွယ်ရေးတပ်ဖွဲ့များကိုပံ့ပိုးရန်၊မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်များအားကာကွယ်ရေးသင်တန်းများပေးရန်၊အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA)တို့နှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းသိရသည်
ပြီးခဲ့သည့်ဧပြီလမှစတင်ကာစစ်ကိုင်းတိုင်းအတွင်းရှိကလေး၊ကနီ၊ ယင်းမာပင်၊တမူး၊တန့်ဆည်၊ပုလဲဆားလင်းကြီးမင်းကင်း၊ပင်လယ်ဘူးကသာနှင့်မြောင်အစရှိသည့်ဒေသများတွင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့်စစ်ကောင်စီကြားတိုက်ပွဲများဖြစ်ပွားလျက်ရှိသည်
Zawgyi
ျပည္သူ ကို မထိခိုက္ ေအာင္ လႈပ္ရွားမည္ ဟု စစ္ကိုင္းတိုင္း PDF ေျပာ
စစ္ေကာင္စီကိုလက္နက္ျဖင့္ေတာ္လွန္တိုက္ခိုက္ရာတြင္ ျပည္သူလူထုကိုထိခိုက္မႈမရွိေအာင္အသိေပးၿပီးမွသာလႈပ္ရွားသြားမည္ျဖစ္ေၾကာင္းစစ္ကိုင္းတိုင္းျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕(SPDF)ကဧရာဝတီကိုေျပာသည္SPDFအဖြဲ႕ဝင္တဦးကSPDFအေနနဲ႔ျပည္သူကိုမထိခိုက္ေအာင္ အသိေပးၿပီးလႈပ္ရွားသြားမွာပါ။ျပည္သူေတြဘက္ကေအာင္ႏိုင္မွာပါ။ က်ေနာ္တို႔ကိုျပည္သူကေထာက္ပံ့တယ္၊သတင္းေပးတယ္ကူညီတယ္စစ္ေကာင္စီဘက္ကိုဒလန္အနည္းငယ္ကလြဲရင္ဘယ္သူမွမကူညီဘူးက်ေနာ္တို႔ကိုပဲကူညီၾကတယ္
ဒါေၾကာင့္က်ေနာ္တို႔ႏိုင္မွာဟုဆိုသည္ႏိုင္ငံအႏွံ႔တြင္စစ္ေကာင္စီသတင္းေပးဟုယူဆရသည့္ဒလန္မ်ား၊ အုပ္ခ်ဳပ္ေရးမႉးမ်ားႏွင့္စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားကိုရည္႐ြယ္၍ ေသနတ္ျဖင့္ပစ္ခတ္ျခင္းဗုံးေဖာက္ခြဲျခင္းမ်ားရွိေနသကဲ့သို႔အမ်ားျပည္သူႏွင့္သက္ဆိုင္ေသာေနရာမ်ားတြင္လည္းလက္သည္မေပၚသည့္ေပါက္ကြဲမႈမ်ား၊မီးေလာင္မႈမ်ားႏွင့္ျပည္သူလူထုကိုထိခိုက္မႈမ်ားရွိေနသည္
အဆိုပါကိစၥရပ္မ်ားႏွင့္ပတ္သက္၍သက္ဆိုင္ရာေဒသအသီးသီးမွ PDFအဖြဲ႕တခ်ိဳ႕ကျပည္သူလူထုအေပၚဦးတည္တိုက္ခိုက္မႈမ်ားမျပဳလုပ္ေၾကာင္းထုတ္ျပန္ထားၾကသည္ၿပီးခဲ့သည့္ဇြန္လ၃ရက္ေန႔ကလည္းရန္ကုန္ၿမိဳ႕ရွိျပည္သူ႔ကာကြယ္ေရး အဖြဲ႕အစည္း၉ခုက၎တို႔သည္တရားမဲ့သတ္ျဖတ္ျခင္းမ်ားျပဳလုပ္မည္မဟုတ္သကဲ့သို႔ျပည္သူလူထု၊ေက်ာင္းသားလူငယ္ႏွင့္ ကေလးသူငယ္မ်ားအားထိခိုက္ေစသည့္ျဖစ္ရပ္မ်ားသည္လည္း ၎တို႔၏လုပ္ေဆာင္ခ်က္မ်ားမဟုတ္ေၾကာင္းသတင္းထုတ္ျပန္ခဲ့သည္
SPDFအဖြဲ႕ဝင္တဦးကလည္း“ျပည္သူကိုကာကြယ္ေပးမယ္။ျပည္သူ႔ဘက္ကိုဘယ္ေတာ့မွေသနတ္ေျပာင္းမလွည့္ေစရဘူး။ျပည္သူေတြႏိုင္တဲ့အထိတိုက္ပြဲဝင္သြားမယ္”ဟုေျပာဆိုသည္စစ္ကိုင္းတိုင္းျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕သည္အမွတ္စဥ္၄အထိ စစ္သင္တန္းမ်ားၿပီးဆုံးၿပီျဖစ္ၿပီးဖက္ဒရယ္ဒီမိုကေရစီခရီး ၿပီးေျမာက္သည္အထိတိုက္ပြဲဝင္ကာစစ္အာဏာရွင္စနစ္ကိအႂကြင္းမဲ့ တိုက္ဖ်က္သြားမည္ျဖစ္ေၾကာင္းထုတ္ျပန္ေၾကညာထားသည္
ျပည္သူအားမည္သည့္အခါမွ် မညႇဥ္းပန္း၊မည္သည့္အခါမွ် သစၥာမေဖာက္ဟူသည့္ေတာ္လွန္ေရးစိတ္ဓာတ္ေမြးျမဴထားၾကရန္၊မိမိတို႔အေျခစိုက္ၿမိဳ႕နယ္မ်ားတြင္လ်ိဳ႕ဝွက္စြာလႈပ္ရွားၾကရမည္ျဖစ္ၿပီးမိမိႏွင့္တကြမိမိ၏မိသားစု၊လုပ္ေဖာ္ကိုင္ဖက္မ်ားအႏၲရာယ္ကင္းရွင္းေစရန္ေပၚလြင္ထင္ရွားစြာျပဳမူျခင္းမ်ားကိုဆင္ျခင္ရန္လည္း၎တို႔၏ အဖြဲ႕ဝင္မ်ားကိုတိုက္တြန္းထားသည္
ျမင္းၿခံၿမိဳ႕ေျပာက္က်ားတပ္ဖြဲ႕မွ အဖြဲ႕ဝင္တဦးက အတတ္ႏိုင္ဆုံး လူထုမထိခိုက္တဲ့လမ္းစဥ္ကိုပဲက်ေနာ္တို႔က ေ႐ြးခ်ယ္ၿပီး လုပ္တာေပါ့ ဘယ္သူဘယ္ေနရာလုပ္တယ္ဆိုရင္သိရတယ္။က်ေနာ္တို႔ျမင္းၿခံမွာဆိုရင္ပ်ဴေစာထီးအဖြဲ႕ေတြမွာဆိုလည္းလက္နက္ေတြရွိတယ္ေလ။နာနတ္သီးတို႔(လက္ပစ္ဗုံး)လက္နက္ေတြဘာေတြရွိတယ္အတတ္ႏိုင္ဆုံးစစ္အုပ္စုနဲ႔အနီးကပ္ဆုံးအသြားအလာကိုဆင္ျခင္ဖို႔နဲ႔မလိုအပ္ဘဲအျပင္မထြက္ဖို႔ထုတ္ျပန္ေျပာရမွာေပါ့ဟုေျပာဆိုသည္
စစ္ကိုင္းတိုင္းျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕(SPDF)ကိုၿမိဳ႕နယ္၊ ရပ္ကြက္၊ေက်း႐ြာမ်ားရွိစစ္အာဏာရွင္ဆန္႔က်င္ေသာဒီမိုကေရစီ လိုလားသည့္ျပည္သူမ်ားအားစစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား၏ အႏၲရာယ္မွကာကြယ္ရန္၊CDMေဆာင္႐ြက္ေနၾကေသာ ျပည္သူ႔ဝန္ထမ္းမ်ားအားကာကြယ္ရန္၊စစ္ေကာင္စီအားေျပာက္က်ားစနစ္ျဖင့္ဆန္႔က်င္ခုခံရန္စသည့္ရည္႐ြယ္ခ်က္မ်ားျဖင့္စစ္ကိုင္းတိုင္းအတြင္းရွိ၃၇ၿမိဳ႕နယ္မွၿမိဳ႕နယ္ကာကြယ္ေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ခ်ိတ္ဆက္ကာ၂၀၂၁ေမ၅ရက္ေန႔တြင္ဖြဲ႕စည္းခဲ့ျခင္းျဖစ္သည္
ထို႔ျပင္SPDFအေနျဖင့္နယ္ေျမေဒသအသီးသီးႏွင့္ဟန္ခ်က္ညီညီ ခ်ိတ္ဆက္ေဆာင္႐ြက္ၿပီးလိုအပ္ေသာလက္နက္ပစၥည္းမ်ားအားၿမိဳ႕ နယ္ကာကြယ္ေရးတပ္ဖြဲ႕မ်ားကိုပံ့ပိုးရန္၊ၿမိဳ႕နယ္ကာကြယ္ေရးတပ္ဖြဲ႕ဝင္မ်ားအားကာကြယ္ေရးသင္တန္းမ်ားေပးရန္၊အမ်ိဳးသားညီၫြတ္ေရးအစိုးရ(NUG)၊ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ (CRPH)၊ကခ်င္လြတ္လပ္ေရးတပ္မေတာ္(KIO/KIA)တို႔ႏွင့္ ခ်ိတ္ဆက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းလည္းသိရသည္
ၿပီးခဲ့သည့္ဧၿပီလမွစတင္ကာစစ္ကိုင္းတိုင္းအတြင္းရွိကေလး၊ကနီ၊ ယင္းမာပင္၊တမူး၊တန္႔ဆည္၊ပုလဲဆားလင္းႀကီးမင္းကင္း၊ပင္လယ္ဘူးကသာႏွင့္ေျမာင္အစရွိသည့္ေဒသမ်ားတြင္ျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕မ်ားႏွင့္စစ္ေကာင္စီၾကားတိုက္ပြဲမ်ားျဖစ္ပြားလ်က္ရွိသည္