စစ်ကောင်စီက အောင်ဆန်းရုပ်ရှင် ဆက်ရိုက်မယ့်ကိစ္စ လူမင်း လုံးဝလက်မခံဟုတ် ဂျပန်သတင်းထောက်မှတစ်ဆင့်မှာကြား ( ရုပ်သံ )

စစ်ကောင်စီက အောင်ဆန်းရုပ်ရှင် ဆက်ရိုက်မယ့်ကိစ္စ လူမင်း လုံးဝလက်မခံဟုတ် ဂျပန်သတင်းထောက်မှတစ်ဆင့်မှာကြား

စစ်ကောင်စီက အောင်ဆန်းရုပ်ရှင် ဆက်ရိုက်မယ့် ကိစ္စကို ဒါရိုက်တာလူမင်းက

လုံးဝလက်မခံဘူးလို့ အင်းစိန်ထောင်ထဲမှာ လူမင်းနဲ့အတူအခန်း ဘေးချင်းကပ်ရပ်နေခဲ့တဲ့ ဂျပန်သတင်းထောက် ယူကီ ခီတဇုမီ က ပြောပါတယ်။

စစ်ကောင်စီရဲ့ သာသနာရေးဝန်ကြီး ဦးကိုကိုနဲ့ ဗိုလ်ချုပ်ရုပ်ရှင်ဆက်ရိုက်မယ့်သူတွေ၊ သမိုင်းပညာရှင်တွေ ရန်ကုန်က အမျိုးသားပြတိုက်မှာ မေလ ၁၆ ရက်က

အစည်းအဝေးလုပ်ခဲ့ကြပြီး သာ/ယဉ် ဒု ဝန်ကြီး ဦးထွန်းအုံနဲ့ အရင်က သရုပ်ဆောင်ပိုင်း ဒါရိုက်တာသာဖြစ်ခဲ့တဲ့

ပန်းချီစိုးမိုးတို့ ပူးပေါင်းပြီး ဒါရိုက်တာ တာဝန်ယူထားသူ လူမင်းမပါဘဲ ရုပ်ရှင်ဆက်ရိုက်ဖို့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြတာပါ။

“ကိုလူမင်းက ကျွန်တော့ကို ပြောခဲ့တယ်၊ စစ်ကောင်စီက မတရားလုပ်တာကို လုံးဝမခံနိုင်ဘူး၊ ဘယ်တော့မှ အရှုံးမပေးဘူးလို့ ပြောပြခဲ့ပါတယ်၊ သူတို့ဆက်ရိုက်ရင် သူတို့လိုသလို တည်းဖြတ်မှာတွေ လုပ်မှာကို လုံးဝလက်မခံနိုင်ဘူးလို့ ပြောတယ်” လို့ ယူကီ ခီတဇုမီက ပြောပါတယ်။

အဲ့ဒီအောင်ဆန်း ရုပ်ရှင်မှာ ယူကီကိုယ်တိုင်လည်း ဂျပန်စစ်ဗိုလ်ကြီးအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး စစ်ကောင်စီရဲ့

ဝါဒဖြန့်ရုပ်ရှင်ဖြစ်သွားမှာကို ဒါရိုက်တာ လူမင်းက အပြင်းအထန် ကန့်ကွက်သလို သူကိုယ်တိုင်ကလည်း မလိုလားကြောင်း ပြောပါတယ်။

ဒါရိုက်တာ လူမင်းက စစ်အာဏာသိမ်းတာကို ကန့်ကွက်လို့ အင်းစိန်ထောင်အတွင်းမှာ အကျဉ်းကျ ခံနေရတာပါ။

“ကျွန်တော်တို့ နှစ်ယောက်က အဆောင်အတူတူနေခဲ့ရတယ်၊ တစ်ယောက်တစ်ခန်းပေါ့နော်၊ ထောင်ထဲ စရောက်ခါစတုန်းက အပြင်ကို လမ်းထွက်လျှောက်ခွင့်ရခဲ့တယ်၊ အဲ့မှာ ထောင်အကျဉ်ခန်းထဲ ကနေ ကိုလူမင်းက စကားလှမ်းပြောတယ်။ မျက်နှာတော့ မမြင်ရဘူး၊ မျက်လုံးလောက်ကျယ်တဲ့ အပေါက်ကလေးက လှမ်းပြောတာပါ။”လို့ သူက ဆိုပါတယ်။

ယူကီ ခီတဇုမီ ဟာဧပြီလ ၁၈ ရက်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံရပြီး မေလ ၁၄ ရက်မနက်မှာ အင်းစိန်ထောင်ကနေပြန်လွတ်ကာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ဂျပန်နိုင်ငံကို ပြန်ပို့ခံလိုက်ရတာ ဖြစ်ပါတယ်။

ဒါရိုက်တာ လူမင်းပြောချင်တာတွေကို အပြင်မှာ ပြန်ပြောပေးနိုင်တာ သူတစ်ယောက်တည်း ရှိပြီး စစ်ကောင်စီက အပြီးသက်လုပ်တဲ့ ဒီရုပ်ရှင် ထွက်လာရင် လုံးဝအောင်မြင်မှာ မဟုတ်ကြောင်းနဲ့ ပြည်သူတွေအနေနဲ့လည်း ဒီရုပ်ရှင်ကို မကြည့်ကြဘဲ စစ်ကောင်စီကို ပိုပြီးဆန့်ကျင်ကြဖို့ ယူကီက တောင်းဆိုပါတယ်။

“ဒီရုပ်ရှင်က ဒါရိုက်တာလူမင်းအပါအဝင် ပြည်သူတွေ စိတ်ဝင်စားတဲ့ ကားဖြစ်ပါတယ်၊ ဒီရုပ်ရှင်ကို ဒီမိုကရေစီပြန်ရပြီး နိုင်ငံရေးအကျဉ်သားတွေ ပြန်ထွက်လာမှ စိတ်ကြိုက်ပြင်ဆင်ပြီး ကြည့်ကြဖို့ တောင်းဆိုချင်ပါတယ်” လို့ ဆိုပါတယ်။

နေအိမ်အကျယ်ချုပ်မှာ နှစ်ပေါင်းများစွာနေခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးတဲ့နောက် ၂၀၁၀ ပြည့်နှစ် နှစ်ကုန်ခါနီးမှာ မြန်မာ့ရုပ်ရှင်နယ်ပယ်ကလူတွေနဲ့ တွေ့ဆုံတာကနေ ဗိုလ်ချုပ်ရာဇဝင်ကားရိုက်ဖို့ စီစဉ်ခဲ့ကြတာဖြစ်ပါတယ်။

အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးကို ၂၀၁၂ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဖွဲ့စည်းပေးခဲ့ပြီး ဇာဂနာ၊ ဒါရိုက်တာမင်းထင်ကိုကိုကြီး၊ ဝိုင်း၊ ထွန်းအိန္ဒြာဗို၊ ဒါရိုက်တာအိအိခိုင်၊ ဇာဂနာ၊ လူမင်းနဲ့ ဇင်ဝိုင်း တို့ပါဝင်ခဲ့ပါတယ်။

အာဏာသိမ်းမခံရခင် ဇန်နဝါရီလအတွင်းက ထုတ်ပြန်ချက်မှာတော့ အောင်ဆန်းရုပ်ရှင်ဟာ ၉၀ရာခိုင်နှုန်းလောက်ပြီးစီးနေပြီလို့ဆိုပါတယ်။

Zawgyi

စစ္ေကာင္စီက ေအာင္ဆန္း႐ုပ္ရွင္ ဆက္႐ိုက္မယ့္ကိစၥ လူမင္း လုံးဝလက္မခံဟုတ္ ဂ်ပန္သတင္းေထာက္မွတစ္ဆင့္မွာၾကား

စစ္ေကာင္စီက ေအာင္ဆန္း႐ုပ္ရွင္ ဆက္႐ိုက္မယ့္ ကိစၥကို ဒါ႐ိုက္တာလူမင္းက

လုံးဝလက္မခံဘူးလို႔ အင္းစိန္ေထာင္ထဲမွာ လူမင္းနဲ႔အတူအခန္း ေဘးခ်င္းကပ္ရပ္ေနခဲ့တဲ့ ဂ်ပန္သတင္းေထာက္ ယူကီ ခီတဇုမီ က ေျပာပါတယ္။

စစ္ေကာင္စီရဲ႕ သာသနာေရးဝန္ႀကီး ဦးကိုကိုနဲ႔ ဗိုလ္ခ်ဳပ္႐ုပ္ရွင္ဆက္႐ိုက္မယ့္သူေတြ၊ သမိုင္းပညာရွင္ေတြ ရန္ကုန္က အမ်ိဳးသားျပတိုက္မွာ ေမလ ၁၆ ရက္က

အစည္းအေဝးလုပ္ခဲ့ၾကၿပီး သာ/ယဥ္ ဒု ဝန္ႀကီး ဦးထြန္းအုံနဲ႔ အရင္က သ႐ုပ္ေဆာင္ပိုင္း ဒါ႐ိုက္တာသာျဖစ္ခဲ့တဲ့

ပန္းခ်ီစိုးမိုးတို႔ ပူးေပါင္းၿပီး ဒါ႐ိုက္တာ တာဝန္ယူထားသူ လူမင္းမပါဘဲ ႐ုပ္ရွင္ဆက္႐ိုက္ဖို႔ အစည္းအေဝးမွာ ဆုံးျဖတ္ခဲ့ၾကတာပါ။

“ကိုလူမင္းက ကြၽန္ေတာ့ကို ေျပာခဲ့တယ္၊ စစ္ေကာင္စီက မတရားလုပ္တာကို လုံးဝမခံႏိုင္ဘူး၊ ဘယ္ေတာ့မွ အရႈံးမေပးဘူးလို႔ ေျပာျပခဲ့ပါတယ္၊ သူတို႔ဆက္႐ိုက္ရင္ သူတို႔လိုသလို တည္းျဖတ္မွာေတြ လုပ္မွာကို လုံးဝလက္မခံႏိုင္ဘူးလို႔ ေျပာတယ္” လို႔ ယူကီ ခီတဇုမီက ေျပာပါတယ္။

အဲ့ဒီေအာင္ဆန္း ႐ုပ္ရွင္မွာ ယူကီကိုယ္တိုင္လည္း ဂ်ပန္စစ္ဗိုလ္ႀကီးအျဖစ္ ပါဝင္သ႐ုပ္ေဆာင္ထားၿပီး စစ္ေကာင္စီရဲ႕

ဝါဒျဖန႔္႐ုပ္ရွင္ျဖစ္သြားမွာကို ဒါ႐ိုက္တာ လူမင္းက အျပင္းအထန္ ကန႔္ကြက္သလို သူကိုယ္တိုင္ကလည္း မလိုလားေၾကာင္း ေျပာပါတယ္။

ဒါ႐ိုက္တာ လူမင္းက စစ္အာဏာသိမ္းတာကို ကန႔္ကြက္လို႔ အင္းစိန္ေထာင္အတြင္းမွာ အက်ဥ္းက် ခံေနရတာပါ။

“ကြၽန္ေတာ္တို႔ ႏွစ္ေယာက္က အေဆာင္အတူတူေနခဲ့ရတယ္၊ တစ္ေယာက္တစ္ခန္းေပါ့ေနာ္၊ ေထာင္ထဲ စေရာက္ခါစတုန္းက အျပင္ကို လမ္းထြက္ေလွ်ာက္ခြင့္ရခဲ့တယ္၊ အဲ့မွာ ေထာင္အက်ဥ္ခန္းထဲ ကေန ကိုလူမင္းက စကားလွမ္းေျပာတယ္။ မ်က္ႏွာေတာ့ မျမင္ရဘူး၊ မ်က္လုံးေလာက္က်ယ္တဲ့ အေပါက္ကေလးက လွမ္းေျပာတာပါ။”လို႔ သူက ဆိုပါတယ္။

ယူကီ ခီတဇုမီ ဟာဧၿပီလ ၁၈ ရက္မွာ စစ္ေကာင္စီရဲ႕ ဖမ္းဆီးျခင္းခံရၿပီး ေမလ ၁၄ ရက္မနက္မွာ အင္းစိန္ေထာင္ကေနျပန္လြတ္ကာ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ကေန ဂ်ပန္ႏိုင္ငံကို ျပန္ပို႔ခံလိုက္ရတာ ျဖစ္ပါတယ္။

ဒါ႐ိုက္တာ လူမင္းေျပာခ်င္တာေတြကို အျပင္မွာ ျပန္ေျပာေပးႏိုင္တာ သူတစ္ေယာက္တည္း ရွိၿပီး စစ္ေကာင္စီက အၿပီးသက္လုပ္တဲ့ ဒီ႐ုပ္ရွင္ ထြက္လာရင္ လုံးဝေအာင္ျမင္မွာ မဟုတ္ေၾကာင္းနဲ႔ ျပည္သူေတြအေနနဲ႔လည္း ဒီ႐ုပ္ရွင္ကို မၾကည့္ၾကဘဲ စစ္ေကာင္စီကို ပိုၿပီးဆန႔္က်င္ၾကဖို႔ ယူကီက ေတာင္းဆိုပါတယ္။

“ဒီ႐ုပ္ရွင္က ဒါ႐ိုက္တာလူမင္းအပါအဝင္ ျပည္သူေတြ စိတ္ဝင္စားတဲ့ ကားျဖစ္ပါတယ္၊ ဒီ႐ုပ္ရွင္ကို ဒီမိုကေရစီျပန္ရၿပီး ႏိုင္ငံေရးအက်ဥ္သားေတြ ျပန္ထြက္လာမွ စိတ္ႀကိဳက္ျပင္ဆင္ၿပီး ၾကည့္ၾကဖို႔ ေတာင္းဆိုခ်င္ပါတယ္” လို႔ ဆိုပါတယ္။

ေနအိမ္အက်ယ္ခ်ဳပ္မွာ ႏွစ္ေပါင္းမ်ားစြာေနခဲ့ရတဲ့ ေဒၚေအာင္ဆန္းစုၾကည္ လြတ္ေျမာက္လာၿပီးတဲ့ေနာက္ ၂၀၁၀ ျပည့္ႏွစ္ ႏွစ္ကုန္ခါနီးမွာ ျမန္မာ့႐ုပ္ရွင္နယ္ပယ္ကလူေတြနဲ႔ ေတြ႕ဆုံတာကေန ဗိုလ္ခ်ဳပ္ရာဇဝင္ကား႐ိုက္ဖို႔ စီစဥ္ခဲ့ၾကတာျဖစ္ပါတယ္။

ေအာင္ဆန္း႐ုပ္ရွင္ျဖစ္ေျမာက္ေရးကို ၂၀၁၂ ခုႏွစ္မွာ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ဖြဲ႕စည္းေပးခဲ့ၿပီး ဇာဂနာ၊ ဒါ႐ိုက္တာမင္းထင္ကိုကိုႀကီး၊ ဝိုင္း၊ ထြန္းအိျႏၵာဗို၊ ဒါ႐ိုက္တာအိအိခိုင္၊ ဇာဂနာ၊ လူမင္းနဲ႔ ဇင္ဝိုင္း တို႔ပါဝင္ခဲ့ပါတယ္။

အာဏာသိမ္းမခံရခင္ ဇန္နဝါရီလအတြင္းက ထုတ္ျပန္ခ်က္မွာေတာ့ ေအာင္ဆန္း႐ုပ္ရွင္ဟာ ၉၀ရာခိုင္ႏႈန္းေလာက္ၿပီးစီးေနၿပီလို႔ဆိုပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *