ဝတ်ပြုရှိခိုးလျှင် ဘာကြောင့် သုံးကြိမ် ဦးချရသလဲ?

ဝတ်ပြုရှိခိုးလျှင် ဘာကြောင့် သုံးကြိမ် ဦးချရသလဲ?

ဗုဒ္ဓဘာသာဝင်တိုင်းသည် စေတီပုထိုး၊ ဘုရားဆင်းထုတော်၊ သံဃာတော်များ၊ မိဘဆရာ၊ သက်ကြီးဝါကြီး များကို ရှိခိုးကန်တော့ခြင်းသည် ဓလေ့ထုံးစံ တစ်ခုကဲ့သို့ ပြုလုပ်ရခြင်းထက် ပိုပါသည်။

လုပ်ဆောင်အပ်သော ဝတ္တရား၊ လိုက်နာပြုကျင့်ရမည့် ဆက်ဆံရေး၊ ဂုဏ်ယူဖွယ် လူမှုစရိုက်၊ သိမ်မွေ့ရိုကျိုးသည့် ယဉ်ကျေးမှု အဖြစ် ထိန်းသိမ်းထားရှိရခြင်းသည် ဗုဒ္ဓဘာသာဝင်တိုင်းဧ။် အဓိက ထမ်းဆောင်ရမည့် အထူးတာဝန်ကြီးတစ်ရပ်ပင် ဖြစ်သည်။

မွေးဖွားလာပြီး မည်သည့်အချိန်မှစ၍ ဗုဒ္ဓဘာသာဝင် ဖြစ်သွားသလဲဆိုသည်ကို သတိမမူလိုက်မိဘဲ ဖြစ်တတ်ကြသည်၊ မိဘက ဗုဒ္ဓဘာသာဝင်ဖြစ်လို့ လိုက်၍ဖြစ်သွားသည့် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေ များမည် ထင်သည်။

ဆင်းထုတော်ကို, စေတီပုထိုးများကို ရှိခိုးဦးချလိုက်သည်နှင့် ဗုဒ္ဓဘာသာဝင်ဖြစ်သွားသည်ဟု ထင်ခဲ့မည်ဆိုလျှင် မမှန်ပါ။ဘုရား၊ တရား၊ သံဃာ ဟူသော ရတနာသုံးပါးဧ။် လေးနက်တဲ့ အဓိပ္ပာယ်၊ မွန်မြတ်တဲ့ သိက္ခာ၊ ကြည်ညိုဖွယ် ဂုဏ်အရည်အချင်းများကို မှန်မှန်ကန်ကန် သိရှိနားလည်ရပါသည်၊

ယင်းသို့ သေသေချာချာတိတိကျကျ သဘောပေါက်နားလည်သဖြင့် အမှန်တကယ် အားကိုးယုံကြည်ပြီး ဆည်းကပ်ကိုးကွယ်မှသာ ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်သည်ဟူ၍ ဆုံးဖြတ်နိုင်သည်။

ရတနာသုံးပါးကို အစစ်အမှန် ကိုးကွယ်လဲလျောင်းရာ အဖြစ် ခံယူခြင်းကို ” သရဏ ” ဟူ၍ခေါ်ဆိုရသည်။ဆန္ဒအမှန်ဖြင့် ယုံကြည်ကိုးကွယ် သဖြင့် ဆည်းကပ်ပူဇော်ခြင်းကို (သရဏ ဂမန) ” သရဏဂုံ ” ဟူ၍ခေါ်ဆိုရသည်။

ထိုသို့ အသေအချာ သိရှိနားလည်၍ ယုံကြည်ကိုးကွယ်ပြီး ဆည်းကပ်ပူဇော်သူကို ” သရဏဂုံ တည်သူ ” ဟူ၍ခေါ်ဆိုရသည်။ ဤသို့ ” သရဏဂုံ တည်သူ ” ကိုသာလျှင် ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်သည်ဟု ဆုံးဖြတ်နိုင်သည်။

မိမိတွင် အကျိုးကျေးဇူး ရရှိနိုင်သည်ဟူသော အထင်ဖြင့် ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို သော်လည်းကောင်း၊ အယူဝါဒ တစ်ခုခုကို သော်လည်းကောင်း၊ အခြားဘာသာ တစ်ခုခုကို သော်လည်းကောင်း၊

စွဲစွဲမြဲမြဲ ကိုးကွယ်ဆည်းကပ်ခဲ့လျှင် ထိုသူမှာ ” သရဏဂုံ ” ပျက်ပြယ်သွားပြီဟု သတ်မှတ်ရသည်။ ( စကားချပ် — ပုဂ္ဂိုလ်စွဲ ယုံကြည်မှု လွန်ကဲခြင်းမဖြစ်ရန် သတိထားရမည်။)ရတနာသုံးပါးကို မေ့လျော့နေလျှင် ကိုးကွယ်ဆည်းကပ်မှုဖြင့် ဝေးကွာနေသောကြောင့် ” သရဏဂုံ ” မှေးမှိန်နေသည်၊ ညှိုးနွမ်းနေသည်ဟု သတ်မှတ်ရသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များအတွက် ရတနာသုံးပါးကို မေ့မေ့လျော့လျော့မနေဘဲ၊ အစဉ်သဖြင့် သတိတရ ကိုးကွယ်ဆည်းကပ်နေရန် အလွန်လိုအပ်လှပေသည်။

ကိုးကွယ်ဆည်းကပ်နေရမည် ဆိုသည်မှာ ဆွမ်းကပ်လှူခြင်း၊ ပန်း ဆီမီးတို့ဖြင့် ပူဇော်ခြင်း၊ ဝတ္တု ပစ္စည်းများဖြင့် လှူဒါန်းခြင်း၊ စသည်တို့ကို အမြဲပြုလုပ်နေရမည်ဟု မဆိုလိုပါ၊ရတနာသုံးပါးဧ။် ဂုဏ်ကျေးဇူးတော်များကို စိတ်ထဲမှာ မမေ့မလျော့ အောင်းမေ့သတိရနေခြင်းသည်သာ အရေးကြီးဆုံးဖြစ်သည်။

သို့အတွက် ရတနာသုံးပါးကို အမြဲနှလုံးသွင်းနိုင်ရန် မည်သည့်နေရာမှာဖြစ်စေ၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ၊ မည်သည့် ပုဂ္ဂိုလ်၊ စေတီ၊ ဆင်းတုတော် ကိုဖြစ်စေ၊ ရှိခိုးဝတ်ပြုပြီဆိုလျှင် ရတနာသုံးပါးကို ရည်စူးမှန်းဆပြီး သုံးကြိမ် ဦးချရမည်ဖြစ်သည်။

ဆရာတော်ကြီးများ အမိန့်ရှိသလို ” မင်းတို့ဦးချတာက ပုဆိန်ပေါက်နေသလို၊ ဖားဖမ်းနေသလို ပါပဲလား ” လို့ မဖြစ်ရလေအောင် ပထမတစ်ကြိမ် ဦးချစဉ်တွင် ” မြတ်စွာဘုရားဧ။် ဂုဏ်တော် ” တို့ကိုနှလုံးသွင်း အာရုံပြု၍ ဖြေးဖြေးမှန်မှန် ဦးနှိမ်ပြီး ဝတ်ချရသည်။

ဒုတိယတစ်ကြိမ်တွင် ” တရားတော်ဧ။် ဂုဏ်တော် ” များ၊ တတိယတစ်ကြိမ်တွင် ” သံဃာတော်ဧ။် ဂုဏ်တော် ” များကို နှလုံးသွင်းကာအာရုံပြုလျက် ညင်သာဖြေးညှင်းစွာ ဦးနှိမ်ချ၍ ရှိခိုးရသည်။

ထိုသို့နှလုံးသွင်း အာရုံပြုနိုင်ရန် မြတ်စွာဘုရားဧ။် ဂုဏ်တော်များ၊ တရားတော်ဧ။် ဂုဏ်တော်များ၊ သံဃာတော်ဧ။် ဂုဏ်တော်များ ကို သေသေချာချာ လေ့လာမှတ်သားပြီး အိပ်ရာဝင်, အိပ်ရာထတိုင်းအမြဲမပြတ် ပွားများကြံစည် နေအပ်ပေသည်။

ဗုဒ္ဓကျမ်းဂန်တို့တွင် ” သရဏဂုံ ” အမြဲတည်နေသောသူသည် သက်တမ်းကုန်ဆုံး၍သော်လည်းကောင်း၊ နာတာရှည်ရောဂါတို့ဖြင့်သော်လည်းကောင်း၊ ရုတ်တရက် မတော်တဆ အနေဖြင့်သော်လည်းကောင်း၊

တမလွန်သို့ ဘဝကူးပြောင်းသွားခဲ့သော် အောက်ဘုံများသို့ မဆင်းဘဲ၊ အထက်ဘုံများသို့သာ လားရောက်ရသည်ဟု အတိအလင်း ပြဆိုထားလေသည်။ ။ဗုဒ္ဓဘာသာဝင်တိုင်း ” သရဏဂုံ ” အမြဲတည်တံ့နေရန် အားထုတ်သင့်လှပေသည်။

Zawgyi

ဝတ္ျပဳရွိခိုးလွ်င္ ဘာေၾကာင့္ သုံးႀကိမ္ ဦးခ်ရသလဲ?

ဗုဒၶဘာသာဝင္တိုင္းသည္ ေစတီပုထိုး၊ ဘုရားဆင္းထုေတာ္၊ သံဃာေတာ္မ်ား၊ မိဘဆရာ၊ သက္ႀကီးဝါႀကီး မ်ားကို ရွိခိုးကန္ေတာ့ျခင္းသည္ ဓေလ့ထုံးစံ တစ္ခုကဲ့သို႔ ျပဳလုပ္ရျခင္းထက္ ပိုပါသည္။

လုပ္ေဆာင္အပ္ေသာ ဝတၱရား၊ လိုက္နာျပဳက်င့္ရမည့္ ဆက္ဆံေရး၊ ဂုဏ္ယူဖြယ္ လူမႈစ႐ိုက္၊ သိမ္ေမြ႕႐ိုက်ိဳးသည့္ ယဥ္ေက်းမႈ အျဖစ္ ထိန္းသိမ္းထားရွိရျခင္းသည္ ဗုဒၶဘာသာဝင္တိုင္းဧ။္ အဓိက ထမ္းေဆာင္ရမည့္ အထူးတာဝန္ႀကီးတစ္ရပ္ပင္ ျဖစ္သည္။

ေမြးဖြားလာၿပီး မည္သည့္အခ်ိန္မွစ၍ ဗုဒၶဘာသာဝင္ ျဖစ္သြားသလဲဆိုသည္ကို သတိမမူလိုက္မိဘဲ ျဖစ္တတ္ၾကသည္၊ မိဘက ဗုဒၶဘာသာဝင္ျဖစ္လို႔ လိုက္၍ျဖစ္သြားသည့္ မိ႐ိုးဖလာ ဗုဒၶဘာသာဝင္ေတြ မ်ားမည္ ထင္သည္။

ဆင္းထုေတာ္ကို, ေစတီပုထိုးမ်ားကို ရွိခိုးဦးခ်လိုက္သည္ႏွင့္ ဗုဒၶဘာသာဝင္ျဖစ္သြားသည္ဟု ထင္ခဲ့မည္ဆိုလွ်င္ မမွန္ပါ။ဘုရား၊ တရား၊ သံဃာ ဟူေသာ ရတနာသုံးပါးဧ။္ ေလးနက္တဲ့ အဓိပၸာယ္၊ မြန္ျမတ္တဲ့ သိကၡာ၊ ၾကည္ညိဳဖြယ္ ဂုဏ္အရည္အခ်င္းမ်ားကို မွန္မွန္ကန္ကန္ သိရွိနားလည္ရပါသည္၊

ယင္းသို႔ ေသေသခ်ာခ်ာတိတိက်က် သေဘာေပါက္နားလည္သျဖင့္ အမွန္တကယ္ အားကိုးယုံၾကည္ၿပီး ဆည္းကပ္ကိုးကြယ္မွသာ ဗုဒၶဘာသာဝင္ စစ္စစ္ျဖစ္သည္ဟူ၍ ဆုံးျဖတ္ႏိုင္သည္။

ရတနာသုံးပါးကို အစစ္အမွန္ ကိုးကြယ္လဲေလ်ာင္းရာ အျဖစ္ ခံယူျခင္းကို ” သရဏ ” ဟူ၍ေခၚဆိုရသည္။ဆႏၵအမွန္ျဖင့္ ယုံၾကည္ကိုးကြယ္ သျဖင့္ ဆည္းကပ္ပူေဇာ္ျခင္းကို (သရဏ ဂမန) ” သရဏဂုံ ” ဟူ၍ေခၚဆိုရသည္။

ထိုသို႔ အေသအခ်ာ သိရွိနားလည္၍ ယုံၾကည္ကိုးကြယ္ၿပီး ဆည္းကပ္ပူေဇာ္သူကို ” သရဏဂုံ တည္သူ ” ဟူ၍ေခၚဆိုရသည္။ ဤသို႔ ” သရဏဂုံ တည္သူ ” ကိုသာလွ်င္ ဗုဒၶဘာသာဝင္ စစ္စစ္ျဖစ္သည္ဟု ဆုံးျဖတ္ႏိုင္သည္။

မိမိတြင္ အက်ိဳးေက်းဇူး ရရွိႏိုင္သည္ဟူေသာ အထင္ျဖင့္ ပုဂၢိဳလ္ တစ္ဦးတစ္ေယာက္ကို ေသာ္လည္းေကာင္း၊ အယူဝါဒ တစ္ခုခုကို ေသာ္လည္းေကာင္း၊ အျခားဘာသာ တစ္ခုခုကို ေသာ္လည္းေကာင္း၊

စြဲစြဲၿမဲၿမဲ ကိုးကြယ္ဆည္းကပ္ခဲ့လွ်င္ ထိုသူမွာ ” သရဏဂုံ ” ပ်က္ျပယ္သြားၿပီဟု သတ္မွတ္ရသည္။ ( စကားခ်ပ္ — ပုဂၢိဳလ္စြဲ ယုံၾကည္မႈ လြန္ကဲျခင္းမျဖစ္ရန္ သတိထားရမည္။)ရတနာသုံးပါးကို ေမ့ေလ်ာ့ေနလွ်င္ ကိုးကြယ္ဆည္းကပ္မႈျဖင့္ ေဝးကြာေနေသာေၾကာင့္ ” သရဏဂုံ ” ေမွးမွိန္ေနသည္၊ ညႇိဳးႏြမ္းေနသည္ဟု သတ္မွတ္ရသည္။

ထို႔ေၾကာင့္ ဗုဒၶဘာသာဝင္မ်ားအတြက္ ရတနာသုံးပါးကို ေမ့ေမ့ေလ်ာ့ေလ်ာ့မေနဘဲ၊ အစဥ္သျဖင့္ သတိတရ ကိုးကြယ္ဆည္းကပ္ေနရန္ အလြန္လိုအပ္လွေပသည္။

ကိုးကြယ္ဆည္းကပ္ေနရမည္ ဆိုသည္မွာ ဆြမ္းကပ္လႉျခင္း၊ ပန္း ဆီမီးတို႔ျဖင့္ ပူေဇာ္ျခင္း၊ ဝတၱဳ ပစၥည္းမ်ားျဖင့္ လႉဒါန္းျခင္း၊ စသည္တို႔ကို အၿမဲျပဳလုပ္ေနရမည္ဟု မဆိုလိုပါ၊ရတနာသုံးပါးဧ။္ ဂုဏ္ေက်းဇူးေတာ္မ်ားကို စိတ္ထဲမွာ မေမ့မေလ်ာ့ ေအာင္းေမ့သတိရေနျခင္းသည္သာ အေရးႀကီးဆုံးျဖစ္သည္။

သို႔အတြက္ ရတနာသုံးပါးကို အၿမဲႏွလုံးသြင္းႏိုင္ရန္ မည္သည့္ေနရာမွာျဖစ္ေစ၊ မည္သည့္အေၾကာင္းေၾကာင့္ျဖစ္ေစ၊ မည္သည့္ ပုဂၢိဳလ္၊ ေစတီ၊ ဆင္းတုေတာ္ ကိုျဖစ္ေစ၊ ရွိခိုးဝတ္ျပဳၿပီဆိုလွ်င္ ရတနာသုံးပါးကို ရည္စူးမွန္းဆၿပီး သုံးႀကိမ္ ဦးခ်ရမည္ျဖစ္သည္။

ဆရာေတာ္ႀကီးမ်ား အမိန႔္ရွိသလို ” မင္းတို႔ဦးခ်တာက ပုဆိန္ေပါက္ေနသလို၊ ဖားဖမ္းေနသလို ပါပဲလား ” လို႔ မျဖစ္ရေလေအာင္ ပထမတစ္ႀကိမ္ ဦးခ်စဥ္တြင္ ” ျမတ္စြာဘုရားဧ။္ ဂုဏ္ေတာ္ ” တို႔ကိုႏွလုံးသြင္း အာ႐ုံျပဳ၍ ေျဖးေျဖးမွန္မွန္ ဦးႏွိမ္ၿပီး ဝတ္ခ်ရသည္။

ဒုတိယတစ္ႀကိမ္တြင္ ” တရားေတာ္ဧ။္ ဂုဏ္ေတာ္ ” မ်ား၊ တတိယတစ္ႀကိမ္တြင္ ” သံဃာေတာ္ဧ။္ ဂုဏ္ေတာ္ ” မ်ားကို ႏွလုံးသြင္းကာအာ႐ုံျပဳလ်က္ ညင္သာေျဖးညႇင္းစြာ ဦးႏွိမ္ခ်၍ ရွိခိုးရသည္။

ထိုသို႔ႏွလုံးသြင္း အာ႐ုံျပဳႏိုင္ရန္ ျမတ္စြာဘုရားဧ။္ ဂုဏ္ေတာ္မ်ား၊ တရားေတာ္ဧ။္ ဂုဏ္ေတာ္မ်ား၊ သံဃာေတာ္ဧ။္ ဂုဏ္ေတာ္မ်ား ကို ေသေသခ်ာခ်ာ ေလ့လာမွတ္သားၿပီး အိပ္ရာဝင္, အိပ္ရာထတိုင္းအၿမဲမျပတ္ ပြားမ်ားႀကံစည္ ေနအပ္ေပသည္။

ဗုဒၶက်မ္းဂန္တို႔တြင္ ” သရဏဂုံ ” အၿမဲတည္ေနေသာသူသည္ သက္တမ္းကုန္ဆုံး၍ေသာ္လည္းေကာင္း၊ နာတာရွည္ေရာဂါတို႔ျဖင့္ေသာ္လည္းေကာင္း၊ ႐ုတ္တရက္ မေတာ္တဆ အေနျဖင့္ေသာ္လည္းေကာင္း၊

တမလြန္သို႔ ဘဝကူးေျပာင္းသြားခဲ့ေသာ္ ေအာက္ဘုံမ်ားသို႔ မဆင္းဘဲ၊ အထက္ဘုံမ်ားသို႔သာ လားေရာက္ရသည္ဟု အတိအလင္း ျပဆိုထားေလသည္။ ။ဗုဒၶဘာသာဝင္တိုင္း ” သရဏဂုံ ” အၿမဲတည္တံ့ေနရန္ အားထုတ္သင့္လွေပသည္။

Leave a Reply

Your email address will not be published. Required fields are marked *