ရှောင်တိမ်းနေရချိန်လေးမှာ ရန်ကုန်ကိုလွမ်းမိတဲ့အကြောင်းလေးနဲ့ ခံစားချက်အချို့ကိုမျှဝေလာတဲ့ မင်းမော်ကွန်း

ရှောင်တိမ်းနေရချိန်လေးမှာ ရန်ကုန်ကိုလွမ်းမိတဲ့အကြောင်းလေးနဲ့ ခံစားချက်အချို့ကိုမျှဝေလာတဲ့ မင်းမော်ကွန်း

လတ်တလော မြန်မာနိုင်ငံရဲ့ ဒီမီုကရေစီအရေးမှာ အမှန်တရားကို လိုလားကြတဲ့ ပြည်သူတွေနဲ့အတူ အနုပညာရှင်များစွာကလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ ဒီလို ပြည်သူတွေနဲ့အတူ တစ်သားတည်း ပါဝင်လှုပ်ရှားတဲ့ အနုပညာရှင်တွေထဲမှာ သရုပ်ဆောင် မင်းမော်ကွန်းလည်း အပါအဝင်ပါပဲ။ မင်းမော်ကွန်းက လူထုလှုပ်ရှားမှုတွေမှာ အောင်မြင်မှုတွေကို ဘေးချိတ်ပြီး လူငယ်တွေရဲ့အနာဂတ်အိမ်မက်တွေ မပျောက်အောင် တာဝန်သိ ပြည်သူတစ်ယောက်အနဲ့ စိတ်အားထက်သန်စွာ ပါဝင်ခဲ့တဲ့အနုပညာရှင်တစ်ယောက်ပါ။

မင်းမော်ကွန်းကတော့ ကိုယ်တိုင်လည်း လမ်းမထွက်ကာ လှုပ်ရှားမှုတွေမှာ စိတ်ရောကိုယ်ပါနှစ်ပြီး ပါဝင်သလို ဖြိုခွင်းမှုတွေကြောင့် ထိခိုက်နစ်နာသူတွေကိုလည်း စာနာ နားလည်မှုလေးတွေနဲ့ အတူ ဖေးမကူညီမှုလေးတွေကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။ ဒါကြောင့်လည်း မင်းမော်ကွန်းက ၅၀၅(က)နဲ့အမှုဖွင့်အရေးယူခံထားရပြီး ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။ မင်းမော်ကွန်းရဲ့ဖခင်ဦးဇင်ဝိုင်းလည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ယမန်နေ့ကမှပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်…..။

မင်းမော်ကွန်းက ရှောင်တိမ်းနေရပေမယ့်လည်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေပြည်သူတွေအတွက် ခွန်အားဖြစ်စေနိုင်တဲ့စာလေးတွေနဲ့ သတင်းအချက်လေးတွေကိုလည်းမျှဝေပေးနေတာဖြစ်ပါတယ်။ မကြာသေးမီကတော့ မင်းမော်ကွန်းက သူ့ရဲ့ Facebookစာမျက်နှာမှာ “ရန်ကုန်မှာမွေး ရန်ကုန်မှာကြီးတော့ ရန်ကုန်ကိုလဲ သိပ်လွမ်းတယ်ဗျာ ခုထိရော ည၈နာရီဆိုရင်

ရန်ကုန်မှာ သံဗုံးတွေတီးကြသေးလား

ကျွန်တော့်အိမ်မက်က ရန်ကုန်ကိုအမြန်ဆုံးပြန်လိုချင်တာ……” ဆိုပြီးရေးသားထားခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Zawgyi

ေရွာင္တိမ္းေနရခ်ိန္ေလးမွာ ရန္ကုန္ကိုလြမ္းမိတဲ့အေၾကာင္းေလးနဲ႔ ခံစားခ်က္အခ်ိဳ႕ကိုမွ်ေဝလာတဲ့ မင္းေမာ္ကြန္း

လတ္တေလာ ျမန္မာႏိုင္ငံရဲ႕ ဒီမီုကေရစီအေရးမွာ အမွန္တရားကို လိုလားၾကတဲ့ ျပည္သူေတြနဲ႔အတူ အႏုပညာရွင္မ်ားစြာကလည္း ပူးေပါင္းပါဝင္ခဲ့ၾကပါတယ္။ ဒီလို ျပည္သူေတြနဲ႔အတူ တစ္သားတည္း ပါဝင္လႈပ္ရွားတဲ့ အႏုပညာရွင္ေတြထဲမွာ သ႐ုပ္ေဆာင္ မင္းေမာ္ကြန္းလည္း အပါအဝင္ပါပဲ။ မင္းေမာ္ကြန္းက လူထုလႈပ္ရွားမႈေတြမွာ ေအာင္ျမင္မႈေတြကို ေဘးခ်ိတ္ၿပီး လူငယ္ေတြရဲ႕အနာဂတ္အိမ္မက္ေတြ မေပ်ာက္ေအာင္ တာဝန္သိ ျပည္သူတစ္ေယာက္အနဲ႔ စိတ္အားထက္သန္စြာ ပါဝင္ခဲ့တဲ့အႏုပညာရွင္တစ္ေယာက္ပါ။

မင္းေမာ္ကြန္းကေတာ့ ကိုယ္တိုင္လည္း လမ္းမထြက္ကာ လႈပ္ရွားမႈေတြမွာ စိတ္ေရာကိုယ္ပါႏွစ္ၿပီး ပါဝင္သလို ၿဖိဳခြင္းမႈေတြေၾကာင့္ ထိခိုက္နစ္နာသူေတြကိုလည္း စာနာ နားလည္မႈေလးေတြနဲ႔ အတူ ေဖးမကူညီမႈေလးေတြကိုလည္း ေဆာင္႐ြက္ခဲ့ပါတယ္။ ဒါေၾကာင့္လည္း မင္းေမာ္ကြန္းက ၅၀၅(က)နဲ႔အမႈဖြင့္အေရးယူခံထားရၿပီး ထြက္ေျပးတိမ္းေရွာင္ေနရတာျဖစ္ပါတယ္။ မင္းေမာ္ကြန္းရဲ႕ဖခင္ဦးဇင္ဝိုင္းလည္း ဖမ္းဆီးထိန္းသိမ္းခံခဲ့ရၿပီး ယမန္ေန႔ကမွျပန္လည္လြတ္ေျမာက္လာခဲ့တာျဖစ္ပါတယ္…..။

မင္းေမာ္ကြန္းက ေရွာင္တိမ္းေနရေပမယ့္လည္း သူ႔ရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာကေနျပည္သူေတြအတြက္ ခြန္အားျဖစ္ေစႏိုင္တဲ့စာေလးေတြနဲ႔ သတင္းအခ်က္ေလးေတြကိုလည္းမွ်ေဝေပးေနတာျဖစ္ပါတယ္။ မၾကာေသးမီကေတာ့ မင္းေမာ္ကြန္းက သူ႔ရဲ႕ Facebookစာမ်က္ႏွာမွာ “ရန္ကုန္မွာ​ေမြး ရန္ကုန္မွာႀကီး​ေတာ့ ရန္ကုန္ကိုလဲ သိပ္လြမ္းတယ္ဗ်ာ ခုထိ​ေရာ ည၈နာရီဆိုရင္

ရန္ကုန္မွာ သံဗုံး​ေတြတီးၾက​ေသးလား

ကြၽန္​ေတာ့္အိမ္မက္က ရန္ကုန္ကိုအျမန္ဆုံးျပန္လိုခ်င္တာ……” ဆိုၿပီးေရးသားထားခဲ့တာျဖစ္ပါတယ္။ ပရိသတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Leave a Reply

Your email address will not be published. Required fields are marked *