ငွေကြေးအခက်အခဲကြီးကြီးမားမားရင်ဆိုင်နေရသူများအတွက် တနင်္လာနေ့တိုင်းပြုလုပ်ရမည့်အထူးလာဘ်ပွင့်ယတြာ
ငွေကြေးအခက်အခဲများကို ကြီးကြီးမားမား ရင်ဆိုင် ဖြေရှင်းနေရပြီး အခက်တွေ့နေရတဲ့ ၇ရကျသားသမီး အပေါင်းတို့အတွက် ရည်ရွယ်၍ တင်ပေးရခြင်းပါ။
မိမိကိုယ်တိုင် ငွေကြေး ငွေပူ ကြွေးမြှီး ကိစ္စ ပြဿနာ ကြုံတွေ့ နေရခြင်းဖြစ်စေ၊မိသားစုအတွင်း စီးပွားရေး မပြေလည်ဖြစ်ကာ
ငွေကြေးခက်ခဲမှု နွံထဲကျဆင်းနေကြခြင်းကြောင်း ဖြစ်စေ ယခုအထူးယတြာကို တနင်္လာနေ့တိုင်း သတိတရ နှင့် လုပ်ဆောင်ပေးနေကာ အပူအပင်ကင်း၍ စိတ်ချမ်းသာမှုကို ရယူပါဗျ။
သင်္ဘောသီးမှည့်တစ်လုံးကို အလယ်မှ တစ်ခြမ်းလှီးခြမ်လိုက်ပါ။
ထိုသင်္ဘောသီးထဲမှ အစေ့များကိုထုတ်ယူပြီး သေချာ ရေဆေး သန့်စင် ပေးလိုက်ပါ။
ထိုသင်္ဘောခြမ်း တစ်ခုထဲ၌ ထန်းလျက်၁၁ခဲ ကိုထည့်ရပါမည်။အထက်ပါစီရင်ပြီးသားအတိုင်းကိုကြွေပန်းကန်ပြား တစ်ချပ်ပေါ်တွင် တင်ထား၍
ဘုရားကျောင်းဆောင်ရှိ မြတ်စွာဘုရားရှင်အား ရိုသေစွာ ကပ်လှူ ပေးရမည်ဖြစ်သည်.။
ယတြာပြုလုပ်ရမည့် နေ့ရက် နှင့် အချိန်မှာ…
တနင်္လာနေ့ နံနက်(၆)နာရီ မှ နံနက်(၉)နာရီခွဲအတွင်းဤလာဘ် ပွင့်အထူးယတြာကို အပတ်စဉ် တနင်္လာနေ့တိုင်းတွင် သာ လုပ်ဆောင်ရမည်။
၇ရကျသားသမီး မည်သူမဆို ပြုလုပ်နိုင်ပါတယ်။ထန်းလျက်ခဲများကို ပိုး၊ပုရွက်စာအဖြစ် ကျွေး၍ စွန့်လိုက်ပါ။သင်္ဘောသီး အခြမ်းကို မိမိအိမ်မိသားစု များ စားသုံးနိုင်ပါတယ် ခင်ဗျ။
ဤယတြာသည် အလွန်အစွမ်းထက် ထိရောက်မှု ရှိသောကြောင့် တကယ်လုပ်အဟုတ်အဆင်ပြေမည်။
ဆရာဦးမင်းနိုင် နှင့်တကွ သင်ဆရာ ၊ မြင်ဆရာ ၊ကြားဆရာ များကို အစဉ် ရှိခိုးဦးခိုက်နေလျက်..။
ဗေဒင်နှင့်အထူးယတြာပေးပညာရှင် ဆရာပေါက်ကျိုင်း
Zawgyi
ေငြေၾကးအခက္အခဲႀကီးႀကီးမားမားရင္ဆိုင္ေနရသူမ်ားအတြက္ တနလၤာေန႔တိုင္းျပဳလုပ္ရမည့္အထူးလာဘ္ပြင့္ယၾတာ
ေငြေၾကးအခက္အခဲမ်ားကို ႀကီးႀကီးမားမား ရင္ဆိုင္ ေျဖရွင္းေနရၿပီး အခက္ေတြ႕ေနရတဲ့ ၇ရက်သားသမီး အေပါင္းတို႔အတြက္ ရည္႐ြယ္၍ တင္ေပးရျခင္းပါ။
မိမိကိုယ္တိုင္ ေငြေၾကး ေငြပူ ေႂကြးျမႇီး ကိစၥ ျပႆနာ ႀကဳံေတြ႕ ေနရျခင္းျဖစ္ေစ၊မိသားစုအတြင္း စီးပြားေရး မေျပလည္ျဖစ္ကာ
ေငြေၾကးခက္ခဲမႈ ႏြံထဲက်ဆင္းေနၾကျခင္းေၾကာင္း ျဖစ္ေစ ယခုအထူးယၾတာကို တနလၤာေန႔တိုင္း သတိတရ ႏွင့္ လုပ္ေဆာင္ေပးေနကာ အပူအပင္ကင္း၍ စိတ္ခ်မ္းသာမႈကို ရယူပါဗ်။
သေဘၤာသီးမွည့္တစ္လုံးကို အလယ္မွ တစ္ျခမ္းလွီးျခမ္လိုက္ပါ။
ထိုသေဘၤာသီးထဲမွ အေစ့မ်ားကိုထုတ္ယူၿပီး ေသခ်ာ ေရေဆး သန႔္စင္ ေပးလိုက္ပါ။
ထိုသေဘၤာျခမ္း တစ္ခုထဲ၌ ထန္းလ်က္၁၁ခဲ ကိုထည့္ရပါမည္။အထက္ပါစီရင္ၿပီးသားအတိုင္းကိုေႂကြပန္းကန္ျပား တစ္ခ်ပ္ေပၚတြင္ တင္ထား၍
ဘုရားေက်ာင္းေဆာင္ရွိ ျမတ္စြာဘုရားရွင္အား ႐ိုေသစြာ ကပ္လႉ ေပးရမည္ျဖစ္သည္.။
ယၾတာျပဳလုပ္ရမည့္ ေန႔ရက္ ႏွင့္ အခ်ိန္မွာ…
တနလၤာေန႔ နံနက္(၆)နာရီ မွ နံနက္(၉)နာရီခြဲအတြင္းဤလာဘ္ ပြင့္အထူးယၾတာကို အပတ္စဥ္ တနလၤာေန႔တိုင္းတြင္ သာ လုပ္ေဆာင္ရမည္။
၇ရက်သားသမီး မည္သူမဆို ျပဳလုပ္ႏိုင္ပါတယ္။ထန္းလ်က္ခဲမ်ားကို ပိုး၊ပု႐ြက္စာအျဖစ္ ေကြၽး၍ စြန႔္လိုက္ပါ။သေဘၤာသီး အျခမ္းကို မိမိအိမ္မိသားစု မ်ား စားသုံးႏိုင္ပါတယ္ ခင္ဗ်။
ဤယၾတာသည္ အလြန္အစြမ္းထက္ ထိေရာက္မႈ ရွိေသာေၾကာင့္ တကယ္လုပ္အဟုတ္အဆင္ေျပမည္။
ဆရာဦးမင္းႏိုင္ ႏွင့္တကြ သင္ဆရာ ၊ ျမင္ဆရာ ၊ၾကားဆရာ မ်ားကို အစဥ္ ရွိခိုးဦးခိုက္ေနလ်က္..။
ေဗဒင္ႏွင့္အထူးယၾတာေပးပညာရွင္ ဆရာေပါက္က်ိဳင္း