ယနေ့ရုံးချိန်မှာ အာမခံပေးဖို့မလွယ်ကူတဲ့အခြေအနေတစ်ခုမှာရှိနေတဲ့ ပိုင်တံခွန်ရဲ့အမှုအနေအထားကိုပြောပြလာခဲ့တဲ့ ပိုင်တံခွန်ရဲ့ရှေေ့နေ

ယနေ့ရုံးချိန်မှာ အာမခံပေးဖို့မလွယ်ကူတဲ့အခြေအနေတစ်ခုမှာရှိနေတဲ့ ပိုင်တံခွန်ရဲ့အမှုအနေအထားကိုပြောပြလာခဲ့တဲ့ ပိုင်တံခွန်ရဲ့ရှေေ့နေ

စစ်ကောင်စီက ပုဒ်မ ၅၀၅(က) နဲ့ ဖမ်းဆီးတရားစွဲထားတဲ့ သရုပ်ဆောင် မော်ဒယ် ပိုင်တံခွန်အမှုကို ဇွန်လ ၉ ရက် ဒီနေ့ ရုံးချိန်းခေါ်ခဲ့ပြီး တရားလို မြောက်ဒဂုံမြို့မရဲစခန်းမှူး ဒုရဲမှူးဇော်မင်းအောင်ကို အင်းစိန်ထောင်တွင်း တရားရုံးမှာ စတင်စစ်ဆေးခဲ့ပါတယ်။ အမှုကို ပြန်ချေပနိုင်ဖို့ တရားလိုရဲ့စွပ်စွဲချက်တွေ ခိုင်မာမှုရှိမရှိ ပိုင်တံခွန် ရဲ့ဥပဒေအကြံပေးက သုံးသပ်နေပြီး တရားလိုပြသက်သေတွေရဲ့စွဲချက်တွေကို နောက်ရုံးချိန်းမှာ စောင့်ကြည့်ရဦးမယ်လို့ ပိုင်တံခွန်ရဲ့ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။

သရုပ်ဆောင်ပိုင်တံခွန်ကို အင်းစိန်ထောင်တွင်းသီးသန့်ဆောင်မှာ ထိန်းသိမ်းထားတာဖြစ်ပြီး အခုရုံးချိန်းမှာ ကျန်းမာရေးကောင်းမွန်တာတွေ့ရတယ်လို့ ရှေ့နေကပြောပါတယ်။ ပိုင်တံခွန်ကိုစကစက စွဲချက်တင်ရာမှာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်က အထောက်အထားတွေနဲ့ စွပ်စွဲတာဖြစ်ပါတယ်။

သရုပ်ဆောင်ပိုင်တံခွန်ကို ဧပြီ ၈ရက် နေ့က မြောက်ဒဂုံက သူ့ရဲ့နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ပိုင်တံခွန်အမှုအတွက် နောက်ရုံးချိန်းကို ဇွန်လ ၂၃ ရက်နေ့မှာပြန်ခေါ်ထားပြီး တရားလိုပြသက်သေတွေကို ဆက်စစ်မှာဖြစ်ပါတယ်။ အင်းစိန်ထောင်ထဲရောက်ပြီး ပုဒ်မ ၅၀၅ နဲ့အစွဲခံထားရသူတွေကို အာမခံပေးလေ့မရှိတဲ့အတွက် ပိုင်တံခွန်အတွက် အာမခံလျှောက်ထားဖို့ကလည်း ခက်ခဲနေတယ်လို့ သူ့ရဲ့ဥပဒေအကြံပေးက ပြောပါတယ်။

Zawgyi

ယေန႔႐ုံးခ်ိန္မွာ အာမခံေပးဖို႔မလြယ္ကူတဲ့အေျခအေနတစ္ခုမွာရွိေနတဲ့ ပိုင္တံခြန္ရဲ႕အမႈအေနအထားကိုေျပာျပလာခဲ့တဲ့ ပိုင္တံခြန္ရဲ႕ေရွေ့ေန

စစ္ေကာင္စီက ပုဒ္မ ၅၀၅(က) နဲ႔ ဖမ္းဆီးတရားစြဲထားတဲ့ သ႐ုပ္ေဆာင္ ေမာ္ဒယ္ ပိုင္တံခြန္အမႈကို ဇြန္လ ၉ ရက္ ဒီေန႔ ႐ုံးခ်ိန္းေခၚခဲ့ၿပီး တရားလို ေျမာက္ဒဂုံၿမိဳ႕မရဲစခန္းမႉး ဒုရဲမႉးေဇာ္မင္းေအာင္ကို အင္းစိန္ေထာင္တြင္း တရား႐ုံးမွာ စတင္စစ္ေဆးခဲ့ပါတယ္။ အမႈကို ျပန္ေခ်ပႏိုင္ဖို႔ တရားလိုရဲ႕စြပ္စြဲခ်က္ေတြ ခိုင္မာမႈရွိမရွိ ပိုင္တံခြန္ ရဲ႕ဥပေဒအႀကံေပးက သုံးသပ္ေနၿပီး တရားလိုျပသက္ေသေတြရဲ႕စြဲခ်က္ေတြကို ေနာက္႐ုံးခ်ိန္းမွာ ေစာင့္ၾကည့္ရဦးမယ္လို႔ ပိုင္တံခြန္ရဲ႕ဥပေဒအႀကံေပး တရားလႊတ္ေတာ္ ေရွ႕ေန ဦးခင္ေမာင္ျမင့္က ေျပာပါတယ္။

သ႐ုပ္ေဆာင္ပိုင္တံခြန္ကို အင္းစိန္ေထာင္တြင္းသီးသန္႔ေဆာင္မွာ ထိန္းသိမ္းထားတာျဖစ္ၿပီး အခု႐ုံးခ်ိန္းမွာ က်န္းမာေရးေကာင္းမြန္တာေတြ႕ရတယ္လို႔ ေရွ႕ေနကေျပာပါတယ္။ ပိုင္တံခြန္ကိုစကစက စြဲခ်က္တင္ရာမွာ ေဖ့စ္ဘြတ္ခ္လူမႈကြန္ရက္ေပၚက အေထာက္အထားေတြနဲ႔ စြပ္စြဲတာျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ပိုင္တံခြန္ကို ဧၿပီ ၈ရက္ ေန႔က ေျမာက္ဒဂုံက သူ႔ရဲ႕ေနအိမ္မွာ ဝင္ေရာက္ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။ ပိုင္တံခြန္အမႈအတြက္ ေနာက္႐ုံးခ်ိန္းကို ဇြန္လ ၂၃ ရက္ေန႔မွာျပန္ေခၚထားၿပီး တရားလိုျပသက္ေသေတြကို ဆက္စစ္မွာျဖစ္ပါတယ္။ အင္းစိန္ေထာင္ထဲေရာက္ၿပီး ပုဒ္မ ၅၀၅ နဲ႔အစြဲခံထားရသူေတြကို အာမခံေပးေလ့မရွိတဲ့အတြက္ ပိုင္တံခြန္အတြက္ အာမခံေလွ်ာက္ထားဖို႔ကလည္း ခက္ခဲေနတယ္လို႔ သူ႔ရဲ႕ဥပေဒအႀကံေပးက ေျပာပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *