မိလ္လာကျွင်းတူးဘဝရောက်သွားတယ်ဆိုပြီး လှောင်ပြောင်လာတဲ့သူကို ထိထိမိမိတုံ့ပြန်လိုက်တဲ့ တိုင်းကျော်ရဲ့စကားတစ်ခွန်း

လူရွှင်တော်ဘဝကနေ မိလ္လာကျွင်းတူးဘဝရောက်သွားတယ်ဆိုပြီး လှောင်ပြောင်လာတဲ့သူကို ထိထိမိမိတုံ့ပြန်လိုက်တဲ့ တိုင်းကျော်ရဲ့စကားတစ်ခွန်း

နာမည်ကြီးလူရွှင်တော်အဖွဲ့ဖြစ်တဲ့ ဟားငါးကောင်အဖွဲ့ကတော့ လက်ရှိမှာဆိုရင် စစ်ပညာသင်ယူဖို့အတွက် တောထဲတောင်ထဲမှာ ခိုလှုံနေရတာ ဖြစ်ပါတယ်။ သူတို့အဖွဲ့က ကိုယ့်အားကိုယ်ကိုးပြီး ရှိတာလေးနဲ့ အဆင်ပြေအောင် နေထိုင်စားသောက်နေကြတာပဲ ဖြစ်ပါတယ် ။ အခက်အခဲ၊ဒုက္ခမျိုးစုံကို ရင်ဆိုင်နေရပေမယ့်လည်း ဆက်လက်အားတင်းရင်းနဲ့ပဲ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ အခိုင်အမာ ရပ်တည်နေကြတာ ဖြစ်ပါတယ် ။

တောထဲကိုရောက်စအချိန်မှာတော့ ဟားငါးကောင်အဖွဲ့က စားဝတ်နေရေးနဲ့ပတ်သက်ပြီး အဆင်မပြေမှုတွေ ကြုံတွေ့နေရပေမယ့်လည်း ကြံ့ကြံ့ခံရင်ဆိုင်နေကြောင်း ပရိသတ်တွေကို အသိပေးခဲ့တာ ဖြစ်ပါတယ် ။ သူတို့ကတော့ နေဖို့အိမ်ကအစ ကိုယ်တိုင်ဆောက်လုပ်ရသလို အဲ့ဒီအိမ်ကလည်း မိုးမလုံတာကြောင့် အိပ်စရာနေရာတောင်မရှိတဲ့ အခြေအနေတွေ ရောက်ခဲ့ရတာ ဖြစ်ပါတယ် ။ အခုလည်း မြေကျင်းတူးနေတဲ့ ဟားငါးကောင်အဖွဲ့ရဲ့ဓာတ်ပုံကို လူတစ်ယောက်က လှောင်ပြောင်သရော်ခဲ့တာ ဖြစ်ပါတယ် ။

ဒါကြောင့် လူရွှင်တော်တိုင်းကျော်က သူတို့ကို လှောင်တဲ့သူကို ပညာသားပါပါနဲ့ ထိထိမိမိလေး တုံ့ပြန်လိုက်တာ ဖြစ်ပါတယ် ။ တိုင်းကျော်က တောထဲရောက်တာတောင်အရှက်တရားနဲ့ စည်းကမ်းရှိတဲ့ သူတို့အဖွဲ့ ကို ပြည်သူတွေသိအောင် အခုလိုပံ့ပိုးရေးသားပေးတဲ့အတွက် ကျေးဇူးတောင်တင်မိကြောင်း ပြောခဲ့တာ ဖြစ်ပါတယ် ။ ဒါ့အပြင် သူတို့အဖွဲ့က ပြည်သူတွေ ကျေကျေနပ်နပ်နေခိုင်းတဲ့အထိ အဲ့ဒီနေရာကနေ တစ်ဖဝါးမှခွာမဟုတ်ကြောင်း စကားပါးခဲ့တာလည်း ဖြစ်ပါတယ် ။

Zawgyi

လူ႐ႊင္ေတာ္ဘဝကေန မိလႅာကြၽင္းတူးဘဝေရာက္သြားတယ္ဆိုၿပီး ေလွာင္ေျပာင္လာတဲ့သူကို ထိထိမိမိတုံ႔ျပန္လိုက္တဲ့ တိုင္းေက်ာ္ရဲ႕စကားတစ္ခြန္း

နာမည္ႀကီးလူ႐ႊင္ေတာ္အဖြဲ႕ျဖစ္တဲ့ ဟားငါးေကာင္အဖြဲ႕ကေတာ့ လက္ရွိမွာဆိုရင္ စစ္ပညာသင္ယူဖို႔အတြက္ ေတာထဲေတာင္ထဲမွာ ခိုလႈံေနရတာ ျဖစ္ပါတယ္။ သူတို႔အဖြဲ႕က ကိုယ့္အားကိုယ္ကိုးၿပီး ရွိတာေလးနဲ႔ အဆင္ေျပေအာင္ ေနထိုင္စားေသာက္ေနၾကတာပဲ ျဖစ္ပါတယ္ ။ အခက္အခဲ၊ဒုကၡမ်ိဳးစုံကို ရင္ဆိုင္ေနရေပမယ့္လည္း ဆက္လက္အားတင္းရင္းနဲ႔ပဲ ျပည္သူေတြနဲ႔အတူ အမွန္တရားဘက္ကေန အခိုင္အမာ ရပ္တည္ေနၾကတာ ျဖစ္ပါတယ္ ။

ေတာထဲကိုေရာက္စအခ်ိန္မွာေတာ့ ဟားငါးေကာင္အဖြဲ႕က စားဝတ္ေနေရးနဲ႔ပတ္သက္ၿပီး အဆင္မေျပမႈေတြ ႀကဳံေတြ႕ေနရေပမယ့္လည္း ႀကံ့ႀကံ့ခံရင္ဆိုင္ေနေၾကာင္း ပရိသတ္ေတြကို အသိေပးခဲ့တာ ျဖစ္ပါတယ္ ။ သူတို႔ကေတာ့ ေနဖို႔အိမ္ကအစ ကိုယ္တိုင္ေဆာက္လုပ္ရသလို အဲ့ဒီအိမ္ကလည္း မိုးမလုံတာေၾကာင့္ အိပ္စရာေနရာေတာင္မရွိတဲ့ အေျခအေနေတြ ေရာက္ခဲ့ရတာ ျဖစ္ပါတယ္ ။ အခုလည္း ေျမက်င္းတူးေနတဲ့ ဟားငါးေကာင္အဖြဲ႕ရဲ႕ဓာတ္ပုံကို လူတစ္ေယာက္က ေလွာင္ေျပာင္သေရာ္ခဲ့တာ ျဖစ္ပါတယ္ ။

ဒါေၾကာင့္ လူ႐ႊင္ေတာ္တိုင္းေက်ာ္က သူတို႔ကို ေလွာင္တဲ့သူကို ပညာသားပါပါနဲ႔ ထိထိမိမိေလး တုံ႔ျပန္လိုက္တာ ျဖစ္ပါတယ္ ။ တိုင္းေက်ာ္က ေတာထဲေရာက္တာေတာင္အရွက္တရားနဲ႔ စည္းကမ္းရွိတဲ့ သူတို႔အဖြဲ႕ ကို ျပည္သူေတြသိေအာင္ အခုလိုပံ့ပိုးေရးသားေပးတဲ့အတြက္ ေက်းဇူးေတာင္တင္မိေၾကာင္း ေျပာခဲ့တာ ျဖစ္ပါတယ္ ။ ဒါ့အျပင္ သူတို႔အဖြဲ႕က ျပည္သူေတြ ေက်ေက်နပ္နပ္ေနခိုင္းတဲ့အထိ အဲ့ဒီေနရာကေန တစ္ဖဝါးမွခြာမဟုတ္ေၾကာင္း စကားပါးခဲ့တာလည္း ျဖစ္ပါတယ္ ။

Leave a Reply

Your email address will not be published. Required fields are marked *