ရူးနေတဲ့သားက ရိုက်လို့နားမကြားတော့ဘဲ ပင်ပန်းခက်ခဲစွာအဝတ်လိုက်လျှော်နေရတဲ့ အသက်(၈၀)ကျော်အဖွား
တစ်စတစ်စနဲ့ဆိုးရွားလာတဲ့လက်ရှိပြည်တွင်းရေးအခြေအနေတွေကြောင့်ပြည်သူတွေဟာအစစအရာရာခက်ခဲကြပ်တည်းနေကြရပြီး တိုက်ပွဲတွေလည်းဆက်တိုက်ဖြစ်ပွားကာစစ်ဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့နေကြတာလည်းဖြစ်ပါတယ်။
အဖိုးအဖွားပြည်သူတွေအနေနဲ့အခုလိုအချိန်မှာအခက်အခဲတွေကိုပိုမိုရင်ဆိုင်နေရပြီးစားဝတ်နေရေးအတွက်ခက်ခက်ခဲခဲရုန်းကန်နေကြရတာတော်တော်များများတွေ့မြင်နေရပါတယ်။
အဝတ်လိုက်လျှော်ပြီးပင်ပန်းခက်ခဲစွာရုန်းကန်နေရတဲ့ အသက်(၈၀)ကျော်အဖွားတစ်ယောက်ကလည်းရူးနေတဲ့သားကို ရှာဖွေကျွေးမွေးရတဲ့အပြင်အရိုက်ခံရတာကြောင့်လည်းနားသိပ်မကြားတော့ဘဲစားဝတ်နေရေးအတွက်ခက်ခက်ခဲခဲရှာဖွေနေရတာတွေ့ရပါတယ်။
အဖွားကတော့မန္တလေး(၈၈)လမ်း(၃၃)ထောင့်ကကျူးတဲလေးမှာ နေထိုင်နေရတာဖြစ်ပြီးပနီးပတ်ဝန်းကျင်ကလူတွေကလည်းမနေစေချင်ပေမယ့်ဘုန်းကြီးကပေးနေထားတာဖြစ်တယ်လို့သိရပါတယ်။“ဒီအဖွားကအသက်၈၀ကျော်ပြီမန်းလေး၈၈လမ်း၃၃ထောင့်ကကျူးတဲလေးမှာနေတာပါ။အရင်ကတော့သူများအိမ်တွေအဝတ်လိုက်လျှော်တာပါရှင်။
သူ့ကိုအဲ့နားမှာတချို့ကမနေစေချင်ကြပေမယ့်ဘုန်းကြီးကပေးနေထားတာလို့ပြောပါတယ်ရှင်သားလုပ်တဲ့သူကရူးနေတာပါ။ရူးပြီးသူ့ကိုတခါတလေနားတွေပါရိုက်တော့နားကသိပ်မကြားရတော့ဘူး
ဆွိဒီနေ့အဖွားကိူသွားလှူခဲ့ပါတယ်။ပိုက်ဆံပေးတော့ဝမ်းသာပြီးငိုတယ်ရှင်။ဆွိပြန်ခါနီးတော့ဆွိကိုဖက်ပြီးဓာတ်ပုံရိုက်ချင်တယ်ဆိုတော့ဘေးကလူတွေကသဘောကျနေကြတာအဖွားကကလေးတယောက်လိုဖြစ်သွားလို့လေ။ဘာပဲပြောပြောအထီးကျန်တယ်ဒီအသက်ရွယ်တွေက။မန်းလေးကအမျိုးတို့ရေအဘွားတို့နားများရောက်ခဲ့ရင်ဝင်လှူပေးကြပါဦးနော်။
အဘွားကို လှူချင်ရင်မှတ်မိအောင်stickerမအုပ်တော့ဘူးနော်အလှူရှင်များစီးပွားလာဘ်လာဘများဒီရေအလားတိုးတက်ကြပါစေရှင်”ဆိုပြီးသရုပ်ဆောင်မေနွယ်ထွန်းကလည်းသူမကူညီခဲ့တဲ့ကုသိုလ်အလှူလေးကိုပြောပြထားပါသေးတယ်။
ပြည်သူတွေမှာအားကိုးစရာဆိုလို့ပြည်သူတွေပဲရှိတာမို့နီးစပ်ရာပြည်သူတွေကလည်းအဖွားအတွက်တတ်နိုင်သလောက်ကူညီဖေးမကြမယ်လို့မျှော်လင့်ရင်းမျှဝေတင်ဆက်လိုက်ပါတယ်နော်
Zawgyi
႐ူးေနတဲ့သားက ႐ိုက္လို႔နားမၾကားေတာ့ဘဲ ပင္ပန္းခက္ခဲစြာအဝတ္လိုက္ေလွ်ာ္ေနရတဲ့ အသက္(၈၀)ေက်ာ္အဖြား
တစ္စတစ္စနဲ႔ဆိုး႐ြားလာတဲ့လက္ရွိျပည္တြင္းေရးအေျခအေနေတြေၾကာင့္ျပည္သူေတြဟာအစစအရာရာခက္ခဲၾကပ္တည္းေနၾကရၿပီး တိုက္ပြဲေတြလည္းဆက္တိုက္ျဖစ္ပြားကာစစ္ေဘးအႏၲရာယ္ေတြနဲ႔ ႀကဳံေတြ႕ေနၾကတာလည္းျဖစ္ပါတယ္။
အဖိုးအဖြားျပည္သူေတြအေနနဲ႔အခုလိုအခ်ိန္မွာအခက္အခဲေတြကိုပိုမိုရင္ဆိုင္ေနရၿပီးစားဝတ္ေနေရးအတြက္ခက္ခက္ခဲခဲ႐ုန္းကန္ေနၾကရတာေတာ္ေတာ္မ်ားမ်ားေတြ႕ျမင္ေနရပါတယ္။
အဝတ္လိုက္ေလွ်ာ္ၿပီးပင္ပန္းခက္ခဲစြာ႐ုန္းကန္ေနရတဲ့ အသက္(၈၀)ေက်ာ္အဖြားတစ္ေယာက္ကလည္း႐ူးေနတဲ့သားကို ရွာေဖြေကြၽးေမြးရတဲ့အျပင္အ႐ိုက္ခံရတာေၾကာင့္လည္းနားသိပ္မၾကားေတာ့ဘဲစားဝတ္ေနေရးအတြက္ခက္ခက္ခဲခဲရွာေဖြေနရတာေတြ႕ရပါတယ္။
အဖြားကေတာ့မႏၲေလး(၈၈)လမ္း(၃၃)ေထာင့္ကက်ဴးတဲေလးမွာ ေနထိုင္ေနရတာျဖစ္ၿပီးပနီးပတ္ဝန္းက်င္ကလူေတြကလည္းမေနေစခ်င္ေပမယ့္ဘုန္းႀကီးကေပးေနထားတာျဖစ္တယ္လို႔သိရပါတယ္။“ဒီအဖြားကအသက္၈၀ေက်ာ္ၿပီမန္းေလး၈၈လမ္း၃၃ေထာင့္ကက်ဴးတဲေလးမွာေနတာပါ။အရင္ကေတာ့သူမ်ားအိမ္ေတြအဝတ္လိုက္ေလွ်ာ္တာပါရွင္
သူ႔ကိုအဲ့နားမွာတခ်ိဳ႕ကမေနေစခ်င္ၾကေပမယ့္ဘုန္းႀကီးကေပးေနထားတာလို႔ေျပာပါတယ္ရွင္သားလုပ္တဲ့သူက႐ူးေနတာပါ။႐ူးၿပီးသူ႔ကိုတခါတေလနားေတြပါ႐ိုက္ေတာ့နားကသိပ္မၾကားရေတာ့ဘူး
ဆြိဒီေန႔အဖြားကိူသြားလႉခဲ့ပါတယ္။ပိုက္ဆံေပးေတာ့ဝမ္းသာၿပီးငိုတယ္ရွင္။ဆြိျပန္ခါနီးေတာ့ဆြိကိုဖက္ၿပီးဓာတ္ပုံ႐ိုက္ခ်င္တယ္ဆိုေတာ့ေဘးကလူေတြကသေဘာက်ေနၾကတာအဖြားကကေလးတေယာက္လိုျဖစ္သြားလို႔ေလ။ဘာပဲေျပာေျပာအထီးက်န္တယ္ဒီအသက္႐ြယ္ေတြက။မန္းေလးကအမ်ိဳးတို႔ေရအဘြားတို႔နားမ်ားေရာက္ခဲ့ရင္ဝင္လႉေပးၾကပါဦးေနာ္။
အဘြားကို လႉခ်င္ရင္မွတ္မိေအာင္stickerမအုပ္ေတာ့ဘူးေနာ္အလႉရွင္မ်ားစီးပြားလာဘ္လာဘမ်ားဒီေရအလားတိုးတက္ၾကပါေစရွင္”ဆိုၿပီးသ႐ုပ္ေဆာင္ေမႏြယ္ထြန္းကလည္းသူမကူညီခဲ့တဲ့ကုသိုလ္အလႉေလးကိုေျပာျပထားပါေသးတယ္။
ျပည္သူေတြမွာအားကိုးစရာဆိုလို႔ျပည္သူေတြပဲရွိတာမို႔နီးစပ္ရာျပည္သူေတြကလည္းအဖြားအတြက္တတ္ႏိုင္သေလာက္ကူညီေဖးမၾကမယ္လို႔ေမွ်ာ္လင့္ရင္းမွ်ေဝတင္ဆက္လိုက္ပါတယ္ေနာ္