အံ့အားသင့်ဖို့ကောင်းတဲ့ ကြက်သွန်နီ ခြေဖဝါးကပ်ခြင်းအကျိုး

အံ့အားသင့်ဖို့ကောင်းတဲ့ ကြက်သွန်နီ ခြေဖဝါးကပ်ခြင်းအကျိုး

ပရိသတ်ကြီးတို့အတွက် ကျန်းမာရေးသတင်းလေးတစ်ပုဒ်ပြောပြချင်ပါတယ်…အဲတာကတော့ကြက်သွန်နီဟာ မြန်မာတို့ရဲ့ မီးဖိုချောင်တိုင်းမှာ ရှိနေတဲ့အရာဖြစ်ပြီး ဟင်းတိုင်းလိုလိုမှာ ထည့်သွင်းချက်ပြုတ်ကြပါတယ်။အသုပ်တွေမှာလည်း ထည့်သုပ်ကြသလို ကြော်၍လည်း စားကြပါတယ်။

ကြက်သွန်ဟာ စားရုံသာမက ဆေးဘက်ဝင်တဲ့အရာလည်း ဖြစ်တာကြောင့် အိမ်သုံးဆေးဝါးအဖြစ်လည်းအသုံးပြုလို့ရပါသေးတယ်။ တရုတ်ရိုးရာဆေးနည်းမှာတော့ ကြက်သွန်နီကို ခြေဖဝါးအောက်မှာထားပြီး အိပ်စက်ခြင်းဟာကောင်းကျိုးများစွာရှိတယ်လို့ ဆိုပါတယ်။

ခြေဖဝါးဟာ ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတွေနဲ့ ဆက်သွယ်ထားတဲ့ အာရုံကြောတွေစုဆုံရာအရပ်ဖြစ်ပါတယ်။ ခြေဖဝါးမှာရှိတဲ့ အကြောတွေကို ကောင်းမွန်အောင် လှုံ့ဆော်ပေးခြင်းဖြင့် ခန္ဓာကိုယ်ကကျန်အစိတ်အပိုင်းတွေကို ကျန်းမာစေတယ်လို့ တရုတ်ဆေးပညာမှာ ဖော်ပြထားပါတယ်။

ကြက်သွန်နီက သဘာဝ ပဋိဇီဝဆေးဖြစ်ပါတယ်။ ခြေဖဝါးအောက်မှာထားပြီး အိပ်ရင် ခြေဖဝါး၊ ခြေသည်းကအရေပြားမှိုစွဲတာတွေ ပျောက်ပါတယ်။ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ကြက်သွန်နီမှာပါတဲ့ဖော့စ်ဖောရစ် (phosphoric)အက်ဆစ်က သံလိုက်လိုစုပ်ယူပေးသွားဦးမှာပါ။

ရေဓာတ် ၉၀ ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းထားတဲ့ကြက်သွန်နီကို အကြောဆုံရာနေရာဖြစ်တဲ့ ခြေဖဝါးမှာကပ်ထားရင် ခန္ဓာကိုယ်ကရေဓာတ်လိုအပ်တဲ့နေရာတွေဆီ ထောက်ပံ့ပေးလိမ့်မယ်လို့ တရုတ်ဆ‌ေးပညာရှင်တွေက ယုံကြည်ပါတယ်။

ကြက်သွန်နီကို ခပ်ထူထူကွင်းတာဖြစ်စေ၊ ထက်ဝက်ခြမ်းတာဖြစ်စေ ခြေဖဝါးအောက်၊ ခြေအိတ်ထဲထည့်ပြီးအိပ်စက်ခြင်းဟာ သွေးကိုသန့်စင်စေပြီး အိပ်စက်မှုကို အထောက်အကူပြုစေတယ်လို့လည်း ဆိုကြပါတယ်။ဒါကြောင့် အလွယ်တကူရနိုင်တဲ့ ကြက်သွန်နီလေးနဲ့ ကျန်းမာရေးအကျိုးရှိအောင် စမ်းလုပ်ကြည့်နော်…

Zawgyi

အံ့အားသင့္ဖို႔ေကာင္းတဲ့ ၾကက္သြန္နီ ေျခဖဝါးကပ္ျခင္းအက်ိဳး

ပရိသတ္ႀကီးတို႔အတြက္ က်န္းမာေရးသတင္းေလးတစ္ပုဒ္ေျပာျပခ်င္ပါတယ္…အဲတာကေတာ့ၾကက္သြန္နီဟာ ျမန္မာတို႔ရဲ႕ မီးဖိုေခ်ာင္တိုင္းမွာ ရွိေနတဲ့အရာျဖစ္ၿပီး ဟင္းတိုင္းလိုလိုမွာ ထည့္သြင္းခ်က္ျပဳတ္ၾကပါတယ္။အသုပ္ေတြမွာလည္း ထည့္သုပ္ၾကသလို ေၾကာ္၍လည္း စားၾကပါတယ္။

ၾကက္သြန္ဟာ စား႐ုံသာမက ေဆးဘက္ဝင္တဲ့အရာလည္း ျဖစ္တာေၾကာင့္ အိမ္သုံးေဆးဝါးအျဖစ္လည္းအသုံးျပဳလို႔ရပါေသးတယ္။ တ႐ုတ္႐ိုးရာေဆးနည္းမွာေတာ့ ၾကက္သြန္နီကို ေျခဖဝါးေအာက္မွာထားၿပီး အိပ္စက္ျခင္းဟာေကာင္းက်ိဳးမ်ားစြာရွိတယ္လို႔ ဆိုပါတယ္။

ေျခဖဝါးဟာ ခႏၶာကိုယ္အတြက္မရွိမျဖစ္လိုအပ္တဲ့ အစိတ္အပိုင္းေတြနဲ႔ ဆက္သြယ္ထားတဲ့ အာ႐ုံေၾကာေတြစုဆုံရာအရပ္ျဖစ္ပါတယ္။ ေျခဖဝါးမွာရွိတဲ့ အေၾကာေတြကို ေကာင္းမြန္ေအာင္ လႈံ႕ေဆာ္ေပးျခင္းျဖင့္ ခႏၶာကိုယ္ကက်န္အစိတ္အပိုင္းေတြကို က်န္းမာေစတယ္လို႔ တ႐ုတ္ေဆးပညာမွာ ေဖာ္ျပထားပါတယ္။

ၾကက္သြန္နီက သဘာဝ ပဋိဇီဝေဆးျဖစ္ပါတယ္။ ေျခဖဝါးေအာက္မွာထားၿပီး အိပ္ရင္ ေျခဖဝါး၊ ေျခသည္းကအေရျပားမႈိစြဲတာေတြ ေပ်ာက္ပါတယ္။ ခႏၶာကိုယ္တြင္းက အဆိပ္အေတာက္ေတြကို ၾကက္သြန္နီမွာပါတဲ့ေဖာ့စ္ေဖာရစ္ (phosphoric)အက္ဆစ္က သံလိုက္လိုစုပ္ယူေပးသြားဦးမွာပါ။

ေရဓာတ္ ၉၀ ရာခိုင္ႏႈန္းနဲ႔ ဖြဲ႕စည္းထားတဲ့ၾကက္သြန္နီကို အေၾကာဆုံရာေနရာျဖစ္တဲ့ ေျခဖဝါးမွာကပ္ထားရင္ ခႏၶာကိုယ္ကေရဓာတ္လိုအပ္တဲ့ေနရာေတြဆီ ေထာက္ပံ့ေပးလိမ့္မယ္လို႔ တ႐ုတ္ဆ‌ေးပညာရွင္ေတြက ယုံၾကည္ပါတယ္။

ၾကက္သြန္နီကို ခပ္ထူထူကြင္းတာျဖစ္ေစ၊ ထက္ဝက္ျခမ္းတာျဖစ္ေစ ေျခဖဝါးေအာက္၊ ေျခအိတ္ထဲထည့္ၿပီးအိပ္စက္ျခင္းဟာ ေသြးကိုသန႔္စင္ေစၿပီး အိပ္စက္မႈကို အေထာက္အကူျပဳေစတယ္လို႔လည္း ဆိုၾကပါတယ္။ဒါေၾကာင့္ အလြယ္တကူရႏိုင္တဲ့ ၾကက္သြန္နီေလးနဲ႔ က်န္းမာေရးအက်ိဳးရွိေအာင္ စမ္းလုပ္ၾကည့္ေနာ္…

Leave a Reply

Your email address will not be published. Required fields are marked *