စိတ်ကြွဆေးပြားတွေကို သရုပ်ဆောင် ရဲတိုက်ရဲ့ ကိုယ်ပေါ်မှာ ရှာတွေ့တာမဟုတ်ဘူးလို့ စစ်ဆေးပေါ်ပေါက်

စိတ်ကြွဆေးပြားတွေကို သရုပ်ဆောင် ရဲတိုက်ရဲ့ ကိုယ်ပေါ်မှာ ရှာတွေ့တာမဟုတ်ဘူးလို့ စစ်ဆေးပေါ်ပေါက်ခဲ့တဲ့ အကြောင်း ပြောပြလာ တဲ့ ရဲတိုက်ရဲ့ ဥပဒေအကြံပေး ရှေ့နေ

သရုပ်ဆောင်ရဲတိုက်ကို စွပ်စွဲထားတဲ့ မူးယစ်ဆေးဝါးအမှုမှာ ရဲက တင်သွင်းတဲ့ သက်သေခံ စိတ်ကြွဆေးပြားတွေဟာ ရဲတိုက်ရဲ့ ကိုယ်ပေါ်ကနေ ရှာတွေ့တာမဟုတ်ဘူးလို့ တရားရုံးမှာ စစ်ဆေးပေါက်ပေါက်တဲ့အကြောင်း သူ့ရဲ့ ဥပဒေအကြံပေး ရှေ့နေက ပြောပါတယ်။

သရုပ်ဆောင်မင်းသား ရဲတိုက်ကို လသာမြို့မရဲစခန်းက ပုဒ်မ ၅၀၅(က)နဲ့တရားစွဲဆိုပြီး မရမ်းကုန်းမြို့မရဲစခန်းက မူးယစ်ပုဒ်မ ၁၆(ဂ) နဲ့တရားစွဲဆိုထားတာပါ။

ဇွန်လ ၃ ရက်နေ့မှာ မရမ်းကုန်းမြို့မရဲစခန်းက စွဲဆိုထားတဲ့ မူးယစ်အမှုအတွက် အင်းစိန်ထောင်တွင်းတရားရုံးမှာ တရားလိုရဲစခန်းမှူးကို စတင်စစ်ဆေးခဲ့ပါတယ်။

စစ်ဆေးရာမှာ စိတ်ကြွမူးယစ်ဆေးပြား ၁၁ ပြားနဲ့ ဆက်စပ်ပစ္စည်းတွေကို ရဲတိုက်ဆီက ဖမ်းဆီးရမိခဲ့တယ်လို့ တရားလိုရဲက ထွက်ဆိုခဲ့ပေမယ့် တရားရုံးစစ်ဆေးချက်အရ ရဲတိုက်ရဲ့ကိုယ်ပေါ်က ရှာဖွေတွေ့ရှိတာမျိုးမဟုတ်ခဲ့ဘူးလို့ ရဲတိုက်ရဲ့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောပါတယ်။

“တရားလိုစစ်တယ်။ စိတ်ကြွဆေးပြား ၁၁ ပြားမိတယ်လို့ဆိုတယ်။ မိတာက အိမ်မှာလည်း မဟုတ်ဘူး။ ရုံးခန်းမှာလည်းမဟုတ်ဘူး။ သူ ပိုင်ဆိုင်တဲ့ အဆောက်အအုံမှာလည်း မဟုတ်ဘူး။ လူသူလေးပါး ဖြတ်သန်းသွားလာနေတဲ့သမိုင်းလမ်းဆုံမှာ ရပ်တန့်ရှာဖွေတာ ဖြစ်တယ်။

ရှာဖွေတွေ့ရှိတာကလည်း သူ ဝတ်ထားတဲ့ အင်္ကျီဘောင်းဘီတွဲလျက် ဝတ်စုံအိတ်ထဲကလည်း မိတာမဟုတ်ဘဲနဲ့ ကိုရဲတိုက် လွယ်လာတယ်လို့ပြောတဲ့ ပြောက်ကျားအိတ်ကလေးထဲကနေမှ ဆေးပြား ၁၁ ပြားနဲ့ ဆက်စပ်ပစ္စည်းတွေမိတယ်ဆိုတော့ ကိုရဲတိုက်ကတော့ ဒါ သူ့ပစ္စည်း မဟုတ်ဘူးလို့ အကြိမ်ကြိမ် ငြင်းဆိုထားတယ်။

တရားလိုဒုရဲအုပ်ကလည်း သူ ရှာတယ်လို့ ပြောတယ်။ အဓိကပေါ်ပေါက်တာကတော့ ဒီဆေးပြား ၁၁ ပြားသည် ကိုရဲတိုက်ရဲ့ကိုယ်ခန္ဓာပေါ်က အဝတ်အစားတွေထဲက တွေ့တာမဟုတ်ဘူး။

သီးခြားဖြစ်နေတဲ့ အိတ်တအိတ်ထဲက တွေ့ခဲ့တယ်ဆိုတာကို ပေါ်ပေါက်အောင် စစ်ဆေးနိုင်ခဲ့တယ်။ လက်ဝယ်တွေ့ရှိမှု အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ချေဖျက်နိုင်ဖို့ ကြိုးစားနိုင်ခဲ့တဲ့ အနေအထားရှိခဲ့ပါတယ်”။

အဲဒီနေ့ရုံးချိန်မှာ သရုပ်ဆောင်ရဲတိုက်ကို မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းဖမ်းဆီးတာ တမျိုးတည်းမဟုတ်ဘဲ ပုဒ်မ ၅၀၅(က)နဲ့ ဖမ်းဝရမ်းထုတ်ထားတဲ့ ကြေညာချက်အရသာ ဖမ်းဆီးခဲ့တယ်ဆိုတဲ့အချက်ကို တရားရံးမှာ ပေါ်အောင်စစ်နိုင်ခဲ့တယ်လို့ ဦးခင်မောင်မြင့်ကပြောပါတယ်။

“ကိုရဲတိုက်ကို ဖမ်းဆီးခြင်းသည် မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းဖမ်းဆီးတာ မဟုတ်ဘူး။ ဖမ်းဆီးတဲ့ ဧပြီလ ၃ ရက်နေ့မနက်ပိုင်းမှာ ကြေးမုံသတင်းစာ စာမျက်နှာ ၁၇ မှာပါတဲ့ ကိုရဲတိုက် အပါအဝင် အနုပညာရှင်တွေကို ပုဒ်မ ၅၀၅(က)နဲ့ ဖမ်းဝရမ်းထုတ်ထားတဲ့ ကြေညာချက်ပါတယ်။

အဲဒီကြေညာချက်အရပဲ ဖမ်းဆီးတာဖြစ်တယ်။ ဒါကို ပေါ်ပေါက်အောင်စစ်နိုင်ခဲ့တယ်”လို့ ဦးခင်မောင်မြင့်က ပြောပါတယ်။

လက်ရှိ သရုပ်ဆောင်ရဲတိုက်ကို အင်းစိန်ထောင်သီးသန့်ဆောင်မှာ ထိန်းသိမ်းထားတာဖြစ်ပြီး ကျန်းမာရေးကောင်းမွန်တယ်လို့ သိရပါတယ်။

ရဲတိုက်ကို အင်းစိန်ထောင်တွင်းအထူးတရားရုံးမှာ စစ်ဆေးနေတာဖြစ်ပြီး လသာမှာစွဲထားတဲ့ ပုဒ်မ ၅၀၅ (က) အမှုအတွက် ဇွန်လ ၁၅ ရက်နေ့မှာ ရုံးချိန်းပြန်ခေါ်ပြီး မရမ်းကုန်းမှာ စွဲထားတဲ့ မူးယစ်အမှုအတွက် ၁၇ ရက်နေ့မှာ ရုံးချိန်းပြန်ခေါ်ထားပါတယ်။

Zawgyi

စိတ္ႂကြေဆးျပားေတြကို သ႐ုပ္ေဆာင္ ရဲတိုက္ရဲ႕ ကိုယ္ေပၚမွာ ရွာေတြ႕တာမဟုတ္ဘူးလို႔ စစ္ေဆးေပၚေပါက္ခဲ့တဲ့ အေၾကာင္း ေျပာျပလာ တဲ့ ရဲတိုက္ရဲ႕ ဥပေဒအႀကံေပး ေရွ႕ေန

သ႐ုပ္ေဆာင္ရဲတိုက္ကို စြပ္စြဲထားတဲ့ မူးယစ္ေဆးဝါးအမႈမွာ ရဲက တင္သြင္းတဲ့ သက္ေသခံ စိတ္ႂကြေဆးျပားေတြဟာ ရဲတိုက္ရဲ႕ ကိုယ္ေပၚကေန ရွာေတြ႕တာမဟုတ္ဘူးလို႔ တရား႐ုံးမွာ စစ္ေဆးေပါက္ေပါက္တဲ့အေၾကာင္း သူ႔ရဲ႕ ဥပေဒအႀကံေပး ေရွ႕ေနက ေျပာပါတယ္။

သ႐ုပ္ေဆာင္မင္းသား ရဲတိုက္ကို လသာၿမိဳ႕မရဲစခန္းက ပုဒ္မ ၅၀၅(က)နဲ႔တရားစြဲဆိုၿပီး မရမ္းကုန္းၿမိဳ႕မရဲစခန္းက မူးယစ္ပုဒ္မ ၁၆(ဂ) နဲ႔တရားစြဲဆိုထားတာပါ။

ဇြန္လ ၃ ရက္ေန႔မွာ မရမ္းကုန္းၿမိဳ႕မရဲစခန္းက စြဲဆိုထားတဲ့ မူးယစ္အမႈအတြက္ အင္းစိန္ေထာင္တြင္းတရား႐ုံးမွာ တရားလိုရဲစခန္းမႉးကို စတင္စစ္ေဆးခဲ့ပါတယ္။

စစ္ေဆးရာမွာ စိတ္ႂကြမူးယစ္ေဆးျပား ၁၁ ျပားနဲ႔ ဆက္စပ္ပစၥည္းေတြကို ရဲတိုက္ဆီက ဖမ္းဆီးရမိခဲ့တယ္လို႔ တရားလိုရဲက ထြက္ဆိုခဲ့ေပမယ့္ တရား႐ုံးစစ္ေဆးခ်က္အရ ရဲတိုက္ရဲ႕ကိုယ္ေပၚက ရွာေဖြေတြ႕ရွိတာမ်ိဳးမဟုတ္ခဲ့ဘူးလို႔ ရဲတိုက္ရဲ႕ ဥပေဒအႀကံေပး ဦးခင္ေမာင္ျမင့္က ေျပာပါတယ္။

“တရားလိုစစ္တယ္။ စိတ္ႂကြေဆးျပား ၁၁ ျပားမိတယ္လို႔ဆိုတယ္။ မိတာက အိမ္မွာလည္း မဟုတ္ဘူး။ ႐ုံးခန္းမွာလည္းမဟုတ္ဘူး။ သူ ပိုင္ဆိုင္တဲ့ အေဆာက္အအုံမွာလည္း မဟုတ္ဘူး။ လူသူေလးပါး ျဖတ္သန္းသြားလာေနတဲ့သမိုင္းလမ္းဆုံမွာ ရပ္တန႔္ရွာေဖြတာ ျဖစ္တယ္။

ရွာေဖြေတြ႕ရွိတာကလည္း သူ ဝတ္ထားတဲ့ အက်ႌေဘာင္းဘီတြဲလ်က္ ဝတ္စုံအိတ္ထဲကလည္း မိတာမဟုတ္ဘဲနဲ႔ ကိုရဲတိုက္ လြယ္လာတယ္လို႔ေျပာတဲ့ ေျပာက္က်ားအိတ္ကေလးထဲကေနမွ ေဆးျပား ၁၁ ျပားနဲ႔ ဆက္စပ္ပစၥည္းေတြမိတယ္ဆိုေတာ့ ကိုရဲတိုက္ကေတာ့ ဒါ သူ႔ပစၥည္း မဟုတ္ဘူးလို႔ အႀကိမ္ႀကိမ္ ျငင္းဆိုထားတယ္။

တရားလိုဒုရဲအုပ္ကလည္း သူ ရွာတယ္လို႔ ေျပာတယ္။ အဓိကေပၚေပါက္တာကေတာ့ ဒီေဆးျပား ၁၁ ျပားသည္ ကိုရဲတိုက္ရဲ႕ကိုယ္ခႏၶာေပၚက အဝတ္အစားေတြထဲက ေတြ႕တာမဟုတ္ဘူး။

သီးျခားျဖစ္ေနတဲ့ အိတ္တအိတ္ထဲက ေတြ႕ခဲ့တယ္ဆိုတာကို ေပၚေပါက္ေအာင္ စစ္ေဆးႏိုင္ခဲ့တယ္။ လက္ဝယ္ေတြ႕ရွိမႈ အဓိပၸာယ္ဖြင့္ဆိုခ်က္ကို ေခ်ဖ်က္ႏိုင္ဖို႔ ႀကိဳးစားႏိုင္ခဲ့တဲ့ အေနအထားရွိခဲ့ပါတယ္”။

အဲဒီေန႔႐ုံးခ်ိန္မွာ သ႐ုပ္ေဆာင္ရဲတိုက္ကို မူးယစ္ေဆးဝါးသတင္းအရ ေစာင့္ဆိုင္းဖမ္းဆီးတာ တမ်ိဳးတည္းမဟုတ္ဘဲ ပုဒ္မ ၅၀၅(က)နဲ႔ ဖမ္းဝရမ္းထုတ္ထားတဲ့ ေၾကညာခ်က္အရသာ ဖမ္းဆီးခဲ့တယ္ဆိုတဲ့အခ်က္ကို တရားရံးမွာ ေပၚေအာင္စစ္ႏိုင္ခဲ့တယ္လို႔ ဦးခင္ေမာင္ျမင့္ကေျပာပါတယ္။

“ကိုရဲတိုက္ကို ဖမ္းဆီးျခင္းသည္ မူးယစ္ေဆးဝါးသတင္းအရ ေစာင့္ဆိုင္းဖမ္းဆီးတာ မဟုတ္ဘူး။ ဖမ္းဆီးတဲ့ ဧၿပီလ ၃ ရက္ေန႔မနက္ပိုင္းမွာ ေၾကးမုံသတင္းစာ စာမ်က္ႏွာ ၁၇ မွာပါတဲ့ ကိုရဲတိုက္ အပါအဝင္ အႏုပညာရွင္ေတြကို ပုဒ္မ ၅၀၅(က)နဲ႔ ဖမ္းဝရမ္းထုတ္ထားတဲ့ ေၾကညာခ်က္ပါတယ္။

အဲဒီေၾကညာခ်က္အရပဲ ဖမ္းဆီးတာျဖစ္တယ္။ ဒါကို ေပၚေပါက္ေအာင္စစ္ႏိုင္ခဲ့တယ္”လို႔ ဦးခင္ေမာင္ျမင့္က ေျပာပါတယ္။

လက္ရွိ သ႐ုပ္ေဆာင္ရဲတိုက္ကို အင္းစိန္ေထာင္သီးသန႔္ေဆာင္မွာ ထိန္းသိမ္းထားတာျဖစ္ၿပီး က်န္းမာေရးေကာင္းမြန္တယ္လို႔ သိရပါတယ္။

ရဲတိုက္ကို အင္းစိန္ေထာင္တြင္းအထူးတရား႐ုံးမွာ စစ္ေဆးေနတာျဖစ္ၿပီး လသာမွာစြဲထားတဲ့ ပုဒ္မ ၅၀၅ (က) အမႈအတြက္ ဇြန္လ ၁၅ ရက္ေန႔မွာ ႐ုံးခ်ိန္းျပန္ေခၚၿပီး မရမ္းကုန္းမွာ စြဲထားတဲ့ မူးယစ္အမႈအတြက္ ၁၇ ရက္ေန႔မွာ ႐ုံးခ်ိန္းျပန္ေခၚထားပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *