စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်ပါဝင်မှု ရှိမရှိ မေးမြန်း ချက် စစ်ကောင်စီ ပြန်ကြားရေးနှုတ်ဆိတ်နေ

စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်ပါဝင်မှု ရှိမရှိ မေးမြန်း ချက် စစ်ကောင်စီ ပြန်ကြားရေးနှုတ်ဆိတ်နေ

ပြင်ဦးလွင် အနီးစခန်းမှ လေယာဉ်ပျက်ကျမှုဖြစ်စဉ်တွင် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်ပါဝင်မှု ရှိမရှိ မေးမြန်း ချက် အကြမ်းဖက်စစ်ကောင်စီ ပြန်ကြားရေးနှုတ်ဆိတ်နေ

ပြင်ဦးလွင် အနီးစခန်းမှာ ပျက်ကျခဲ့တဲ့ စစ်ထောက်ပို့ လေယာဉ်ပေါ်မှာ အာဏာသိမ်း စစ်တပ်ရဲ့ အကြီးအကဲ ပါဝင်မှုရှိမရှိကို နေပြည်တော် သတင်းထောက်အသိုင်းအဝိုင်းက အကြမ်းဖက်စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဇော်မင်းထွန်းကို

မေးမြန်းရာမှာ ပြန်လည်ဖြေကြားခြင်းမရှိဘဲ နှုတ်ဆိတ်နေတယ်လို့သိရပါတယ်။ ဒီနေ့ MRTV ရဲ့ ၈:၀၀ သတင်းမှာလည်း လေယာဉ်ပျက်ကျမှုဖြစ်စဉ်မှာ နိုင်ငံတော်သြဝါဒဆရာတော် ဒေါက်တာဘဒ္ဒန္တကဝိသာရ ပျံလွန်တော်မှုပြီး လာမယ့် ၁၄ရက်နေ့မှာ ဈာပနအခမ်းအနားပြုလုပ်မယ်လို့ကြေညာသွားပြီ

ဖြစ်စဉ်အတွင်း ကျန် သေဆုံးသူတွေကို ထုတ်ပြန်ကြေညာခြင်းမရှိပါဘူး။ လေယာဉ်ပျက်ကျပြီးနောက် အာဏာသိမ်းစစ်တပ်ရဲ့ အကြီးအကဲ ၂ဦးပါဝင်တယ်လို့ လူမှုကွန်ယက်ပေါ်မှာ သတင်းတွေပြန်နှံ့နေပါတယ်။

Zawgyi






Leave a Reply

Your email address will not be published. Required fields are marked *