အခကြေးငွေဆိုတဲ့ Speak Out လုပ်ရင်သိန်း၁၀၀ယူတယ်ဆိုတဲ့ သတင်းတွေကို ချမ်းမြမြသော် ဖြေရှင်းပီ
လက်ရှိ တောင်ကိုရီးယားနိုင်ငံမှာ နေထိုင်ပြီး၊ ကိုရီးယား ရုပ်သံ မီဒီယာများကို မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှု အကြောင်း Speak Out လုပ်ပေးနေတဲ့ ကိုရီးယားဘာသာစကား ဆရာမ ချမ်းမြမြသော်က Speak Out တခါလုပ်ရင် သိန်း ၁၀၀ ယူတယ်ဆိုတဲ့ ကောလာဟလ သတင်းတွေကို အခုလိုပဲ ဖြေရှင်းထားပါတယ်။
ကျမကိုလေ Speak Out တခါလုပ်ရင် KBSကနေ သိန်း ၁၀၀ ယူတယ်ဆိုတဲ့ ကောလာဟလနဲ့ ပတ်သက်ပြီး ရှင်းပြဖို့တောင်အ ရေးမပါတဲ့ကိစ္စမို့ ကျမ အရေးတယူလုပ်ပြီး မရှင်းပြခဲ့ပါဘူး။အဲ ဒီစကားကို ဘယ်နေ့၊ ဘယ်အချိန်က၊ ဘယ်ကိစ္စနဲ့ အစပြုပြီး ဘယ်သူက စလွှင့်ခဲ့သလဲအထိ ကျမမှာခိုင်လုံတဲ့ သက်သေလည်း ရှိထားပြီးပါပြီ။
ပို့စ်တင်ပြီးဖြန့်တဲ့ ကာယကံရှင်ဆီကို တိုက်ရိုက် သက်သေနဲ့တ ကွ ချပြနိုင်ကြောင်း ကျမကိုယ်တိုင် တိုက်ရိုက် သွားပြောခဲ့ပေမယ့် ကျမကိုသူဘာမှ ပြန်မပြောနိုင်ခဲ့ပါဘူး။ တကယ်ဆို သူတို့ အဲဒီပို့စ်တင်တုန်းက ကျမအလုပ်လုပ်နေတာဟာ KBS ရုပ်သံဖြစ် ပေမယ့် ကျမကို SBS ကသိန်း ၁၀၀ယူပါတယ်ဆိုပြီး ရေးသား ထားတဲ့ KBS မှန်း၊ SBS မှန်းတောင် မကွဲပြားတဲ့ ရူးနှမ်းနှမ်းစ ကားတွေမို့ ကျမလစ်လျူရှုခဲ့ပါတယ်။
ဒီနေ့ဒီစာကလည်း အရေးမပါတဲ့ အရူးအနှမ်း စကားတွေကိုရှင်း ဖို့တော့ မဟုတ်ပါဘူး။ ကျမကိုလာပြောကြတဲ့အထဲမှာ လူအချို့ရဲ့ အတွေးအခေါ် လွဲမှားနေပုံကို စိတ်မသက်မသာစရာ တွေ့နေရတာမို့ ကျမဒီနေ့ ဒီစာကိုရေးဖြစ်ပါတယ်။ ကိစ္စကဒီလိုပါ။အခု တလော ကျမ TV ပရိုဂရမ်မှာ Speak Out လုပ်တဲ့ပို့စ်အချို့ အောက်မှာမြင်ရတဲ့ ကွန်မန့်အချို့ပါလို့ ဆရာမ ချမ်းမြမြသော်က ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံဟာ တိုးတက်ပြီးနိုင်ငံ ဖြစ်တဲ့အတွက်အဲဒီ နိုင်ငံအတွင်းမှာ နေထိုင်သူတိုင်း အလုပ်လုပ်ရင် လုပ်အားခကိုအချိန်နာရီနဲ့ အတိအကျ ရတယ်လို့ ဆိုပါတယ်။တောင်ကိုရီးယားနိုင်ငံဟာ တိုးတက်ပြီး နိုင်ငံတခု ဖြစ်ပါတယ်။ဒီနိုင်ငံအတွင်းမှာ နေထိုင်သူတိုင်းအတွက် အလုပ်လုပ်ရင် ကိုယ့်ရဲ့လုပ်အားခကို အချိန်နဲ့နာရီနဲ့ အတိအကျ ရပါတယ်။
ဘယ်သူကမှ ဘယ်သူ့ကိုမှ အလကား ခေါ်ခိုင်းလို့မရပါဘူး။ ဘာသာပြန်ခိုင်းရင်လည်း အခကြေးငွေ ပေးရသလို၊ အင်တာဗျူးချင်ရင်လည်း ဗျူးခံမယ့်လူကို ဗျူးမယ့်လူက အခကြေးငွေ ပေးရပါတယ်။ ဒါဟာ မကောင်းမှုတခု မဟုတ်ပါဘူး။
အလုပ်လုပ်သူတိုင်းဟာ မိမိလုပ်တဲ့ အလုပ်တခုနဲ့ တန်တဲ့ လုပ် အားခ အခကြေးငွေကို ရယူဖို့ သင့်သလို၊ အလုပ်ပေးတဲ့ လူကလည်း အလုပ်လုပ်ပေးတဲ့ သူကိုထိုက်တန်တဲ့ လုပ်အားခကိုပေး ဆောင်ရပါတယ်။ အထူးသဖြင့် ကိုရီးယားလို နိုင်ငံကရုပ်သံဌာနတွေမှာ TV မှာ ပါဝင်တဲ့ လူတိုင်းကို အနုပညာကြေး ပေးရပါတယ်။ ခဏတာခေါ်ပြီး သုံးရင်တောင် ပေးရပါတယ်။
ကျမလို ပရိုဂရမ်တခုမှာ နာရီနဲ့ချီပြီး စကားဝိုင်းမှာ ထိုင်ပြောရတဲ့ လူတယောက်ကို အနုပညာကြေး မတွက်ပေးရင် အဲဒီပရိုဂ ရမ်နဲ့ ရုပ်သံဌာနမှာ ပြဿနာတက်မှာပါ။ ဒီအတွက် အလုပ်ပေးသူနဲ့ အလုပ်လုပ်သူ ကြားမှာ လုပ်အားခ ပေးဆောင်တာဟာဘာမှ ပြဿနာလုပ်နေရမယ့် ကိစ္စမဟုတ်ကြောင်းကို သဘော ပေါက်ကြ စေချင်ပါတယ်လို့ ချမ်းမြမြသော်က ပြောပါတယ်။
ဆက်လက်ပြီး Speak Out တခါလုပ်ရင် ဝမ်သိန်း ၁၀၀ ရတယ်ဆိုတဲ့ ကောလာဟလ အကြောင်းကိုလည်း ဆရာမချမ်းမြ မြသော်က အခုလိုပဲဆိုပါတယ်။ဒီမှာ သိန်း ၁၀၀ ကိစ္စက ပါလာပါပြီ။ ကျမကို တခါ Speak out လုပ်ရင် ဝမ်သိန်း ၁၀၀ ရတယ်လို့ပြောတဲ့ ပုဂ္ဂိုလ်တို့။
ပုဂ္ဂိုလ်တို့ နမိတ်ဖတ်သလို များမကြာမီ အဲဒီလို ဖြစ်လာပါစေလို့ ကျမ ဆုတောင်းပါတယ်။ လူတယောက်ကို အကွက်ချ ချောက်ချချင်ရင်တောင် ဦး နှောက်သုံးဖို့ လိုတယ်ရှင့်။ ပါးစပ်ထဲ ရှိရာ လျှောက်ပြောရုံ အဆင့်နဲ့ဆိုရင်တော့ ကိုယ်တုံးတာ လူသိရုံပဲ ရှိမှာပါ။ ဒါကြောင့်လည်း ကျမကအဖက် ပြန်မလုပ်ခဲ့တာပါ။
ကိုရီးယားနိုင်ငံမှာ လွှမ်းမိုးမှုအများဆုံး အနုပညာသည်တွေထဲက တယောက်ကို ရွေးပါဆိုရင် “Running Man” က Yoo Jae Seok (ယူဂျယ်ဆော့ဂ်) ကို ဥပမာထား ပြောပါမယ်။ သူဟာ အနုပညာကြေး အမြင့်ဆုံးအနုပညာသည်ထဲက တယောက် ဖြစ်ပါတယ်။ သူတခါပါဝင် သရုပ်ဆောင်ရင် ဝမ်သိန်း ၁၅၀ နီးပါး ရပါတယ်လို့ သိထားရပါတယ်။
ဒါဟာ ကိုရီးယားမှာထိပ်သီးခေါင် အဆင့်ရှိတဲ့ အနုပညာသည်ရဲ့ အနုပညာကြေးပါ။ ဒါကို ကျမကတခါ Speak Out လုပ်ပေးရင် ဝမ်သိန်း ၁၀၀ ရတယ်ဆိုတော့ အရမ်းဟာသဆန်သွားပါတယ်။ ဒါကြောင့်လည်း ကျမက ခေါက်ထားခဲ့တာပါ။ ဖြေရှင်းရလောက်တဲ့ တန်ဖိုးမရှိတဲ့ ကိစ္စမို့ပါလို့ ချမ်းမြမြသော်က ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက SBS ရုပ်သံမှာ ထုတ်လွှင့်ခဲ့တဲ့ “Master in the House” အစီအစဉ်က ဝမ် ၁၀ သိန်း ပေးမှာဖြစ်ပြီး၊ အဲဒီငွေကိုလည်း လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။
အခု SBS “Master in the House” က ဝမ် ၁၀ သိန်း ပေးမယ် ပြောပါတယ်။ ဒီငွေကိုလည်း အလှူငွေထဲကို ထည့်ဖို့ စီစဉ်ထားပြီးသားပါ။ ကျမဘာလို့ လှူနိုင်တာလဲဆိုတော့ ကျမတို့ အိမ်ထောင်မှာ ကိုယ်ပိုင်အလုပ်နဲ့ ဝင်ငွေရှိလို့ပါ။ ခင်ပွန်းသည်က လစဉ် ဝမ်သိန်း ၄၀ ကနေ ၅၀ နီးပါး ဝင်ပါတယ်။ ကျမရဲ့ဝင် ငွေကလည်း တလကို ဝမ်သိန်း ၃၀ နီးပါးရှိပါတယ်။
ဒါကြောင့် လင်မယားနှစ်ယောက် ပေါင်းရင်ကျိကျိတက်မချမ်း သာရင်တောင် ချို့တဲ့တဲ့အဆင့်ထဲတော့ မပါပါဘူး။ ဒါကြောင့် ကိုယ့်တိုင်းပြည်အတွက် ကိုယ့်လုပ်အားခနဲ့ တတ်နိုင်သလောက်ကို လှူပါတယ်။ Speak out လုပ်လို့ ရုပ်သံဌာနကရတဲ့ ငွေ အနည်း ငယ်ကိုလည်း ဘာမက်မောမှုမှမရှိဘဲ လှူပါတယ်လို့ ချမ်းမြမြသော်က ပြောပါတယ်။
ဒီမှာ ကျမပြောချင်တာက ရှင်တို့ (အမှန်တကယ် နားလည်ပေး အားပေးကြတဲ့သူတွေကို မဆိုလိုပါ၊ ဘေးထိုင်ဘုပြောသူတွေကို ရည်ရွယ်ပါတယ်) တကယ်လိုချင်တာက ဘာလဲ။ မြန်မာပြည်အခုလို အခြေအနေဆိုက်နေကြောင်းကို ပြည်ပကနေ Speak out လုပ်ပေးဖို့လိုလားတာ မဟုတ်ဘူးလား။ အဲဒီတော့ Speak out လုပ်ပေးရုံနဲ့ မကျေနပ်နိုင်ဘူးလား။
အနုပညာကြေး ရတော့ယူတော့ရော ဘယ်သူ့ကို ထိခိုက်သွားသ လဲ။ မြန်မာပြည်အရေးနဲ့ ဆိုင်သလား။ မြန်မာပြည်သူတွေကိုထိ ခိုက်သလား။ ကျမ သတင်းတခါသွားဖို့အတွက် ပြင်ဆင်ရတာတွေ ဘယ်သူတာဝန်ယူပါသလဲ။ ဒီနေ့ဒီစာဟာ အတွေးအခေါ်မှားသူတွေကို အမှန်တရားအတိုင်း သိမြင်ခံစားစေဖို့ ရေးတဲ့စာ ဖြစ်ပါတယ်။ ကျမ စိတ်ထဲလည်း မထည့်ထားသလို ထပ်မံရှင်း ပြဖို့လည်းမလိုတဲ့ အကြောင်းအရာ ဖြစ်ပါတယ်။
ဒါကြောင့် ကျမကို ချစ်ခင်ကြသူတွေက စိတ်ထဲမထားဖို့၊ အား တင်းထားဖို့ မပြောလည်း ရပါတယ်ရှင့်။ ကျမမှာ ဒီထက်ပိုပြီး အရေးပါတဲ့ အလုပ်တွေ လုပ်ရမှာရှိသလို လုပ်နေဆဲဖြစ်ပါတယ်။ ကျမ နိုင်ငံသားတယောက်အနေနဲ့ လုပ်ပေးနိုင်တာကိုလုပ်ပေးနေတာ ဖြစ်တာကြောင့် ကျေးဇူးမတင်ကြဖို့လည်း ပြောဖူးပါတယ်။ ကျေးဇူးတင်ကြောင်း၊ အားကိုးကြောင်း၊ ချစ်ခင်ကြောင်းပြောပေးကြတဲ့ ချစ်ခင်သူ မိဘပြည်သူ အားလုံးကိုလည်း ကျမက အထူးကျေးဇူးတင်ပါတယ်လို့ ဆရာမ ချမ်းမြမြသော်က ပြောထားပါတယ်။
ကိုရီးယားဘာသာစကား ဆရာမ ချမ်းမြမြသော်ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ထုတ်လွှင့်ခဲ့တဲ့ နာမည်ကျော် TV ပရိုဂ ရမ် “Master in the house” အစီအစဉ်မှာ ပါဝင်ခဲ့ပြီးမြန် မာနိုင်ငံရဲ့လက်ရှိ အခြေအနေတွေအကြောင်းကို Speak Out လုပ်ပေးခဲ့သူ ဖြစ်ပါတယ်။
Zawgyi
အခေၾကးေငြဆိုတဲ့ Speak Out လုပ္ရင္သိန္း၁၀၀ယူတယ္ဆိုတဲ့ သတင္းေတြကို ခ်မ္းျမျမေသာ္ ေျဖရွင္းပီ
လက္ရွိ ေတာင္ကိုရီးယားႏိုင္ငံမွာ ေနထိုင္ၿပီး၊ ကိုရီးယား ႐ုပ္သံ မီဒီယာမ်ားကို ျမန္မာႏိုင္ငံက စစ္အာဏာသိမ္းမႈ အေၾကာင္း Speak Out လုပ္ေပးေနတဲ့ ကိုရီးယားဘာသာစကား ဆရာမ ခ်မ္းျမျမေသာ္က Speak Out တခါလုပ္ရင္ သိန္း ၁၀၀ ယူတယ္ဆိုတဲ့ ေကာလာဟလ သတင္းေတြကို အခုလိုပဲ ေျဖရွင္းထားပါတယ္။
က်မကိုေလ Speak Out တခါလုပ္ရင္ KBSကေန သိန္း ၁၀၀ ယူတယ္ဆိုတဲ့ ေကာလာဟလနဲ႔ ပတ္သက္ၿပီး ရွင္းျပဖို႔ေတာင္အ ေရးမပါတဲ့ကိစၥမို႔ က်မ အေရးတယူလုပ္ၿပီး မရွင္းျပခဲ့ပါဘူး။အဲ ဒီစကားကို ဘယ္ေန႔၊ ဘယ္အခ်ိန္က၊ ဘယ္ကိစၥနဲ႔ အစျပဳၿပီး ဘယ္သူက စလႊင့္ခဲ့သလဲအထိ က်မမွာခိုင္လုံတဲ့ သက္ေသလည္း ရွိထားၿပီးပါၿပီ။
ပို႔စ္တင္ၿပီးျဖန႔္တဲ့ ကာယကံရွင္ဆီကို တိုက္႐ိုက္ သက္ေသနဲ႔တ ကြ ခ်ျပႏိုင္ေၾကာင္း က်မကိုယ္တိုင္ တိုက္႐ိုက္ သြားေျပာခဲ့ေပမယ့္ က်မကိုသူဘာမွ ျပန္မေျပာႏိုင္ခဲ့ပါဘူး။ တကယ္ဆို သူတို႔ အဲဒီပို႔စ္တင္တုန္းက က်မအလုပ္လုပ္ေနတာဟာ KBS ႐ုပ္သံျဖစ္ ေပမယ့္ က်မကို SBS ကသိန္း ၁၀၀ယူပါတယ္ဆိုၿပီး ေရးသား ထားတဲ့ KBS မွန္း၊ SBS မွန္းေတာင္ မကြဲျပားတဲ့ ႐ူးႏွမ္းႏွမ္းစ ကားေတြမို႔ က်မလစ္လ်ဴရႈခဲ့ပါတယ္။
ဒီေန႔ဒီစာကလည္း အေရးမပါတဲ့ အ႐ူးအႏွမ္း စကားေတြကိုရွင္း ဖို႔ေတာ့ မဟုတ္ပါဘူး။ က်မကိုလာေျပာၾကတဲ့အထဲမွာ လူအခ်ိဳ႕ရဲ႕ အေတြးအေခၚ လြဲမွားေနပုံကို စိတ္မသက္မသာစရာ ေတြ႕ေနရတာမို႔ က်မဒီေန႔ ဒီစာကိုေရးျဖစ္ပါတယ္။ ကိစၥကဒီလိုပါ။အခု တေလာ က်မ TV ပ႐ိုဂရမ္မွာ Speak Out လုပ္တဲ့ပို႔စ္အခ်ိဳ႕ ေအာက္မွာျမင္ရတဲ့ ကြန္မန႔္အခ်ိဳ႕ပါလို႔ ဆရာမ ခ်မ္းျမျမေသာ္က ေျပာပါတယ္။
ေတာင္ကိုရီးယားႏိုင္ငံဟာ တိုးတက္ၿပီးႏိုင္ငံ ျဖစ္တဲ့အတြက္အဲဒီ ႏိုင္ငံအတြင္းမွာ ေနထိုင္သူတိုင္း အလုပ္လုပ္ရင္ လုပ္အားခကိုအခ်ိန္နာရီနဲ႔ အတိအက် ရတယ္လို႔ ဆိုပါတယ္။ေတာင္ကိုရီးယားႏိုင္ငံဟာ တိုးတက္ၿပီး ႏိုင္ငံတခု ျဖစ္ပါတယ္။ဒီႏိုင္ငံအတြင္းမွာ ေနထိုင္သူတိုင္းအတြက္ အလုပ္လုပ္ရင္ ကိုယ့္ရဲ႕လုပ္အားခကို အခ်ိန္နဲ႔နာရီနဲ႔ အတိအက် ရပါတယ္။
ဘယ္သူကမွ ဘယ္သူ႔ကိုမွ အလကား ေခၚခိုင္းလို႔မရပါဘူး။ ဘာသာျပန္ခိုင္းရင္လည္း အခေၾကးေငြ ေပးရသလို၊ အင္တာဗ်ဴးခ်င္ရင္လည္း ဗ်ဴးခံမယ့္လူကို ဗ်ဴးမယ့္လူက အခေၾကးေငြ ေပးရပါတယ္။ ဒါဟာ မေကာင္းမႈတခု မဟုတ္ပါဘူး။
အလုပ္လုပ္သူတိုင္းဟာ မိမိလုပ္တဲ့ အလုပ္တခုနဲ႔ တန္တဲ့ လုပ္ အားခ အခေၾကးေငြကို ရယူဖို႔ သင့္သလို၊ အလုပ္ေပးတဲ့ လူကလည္း အလုပ္လုပ္ေပးတဲ့ သူကိုထိုက္တန္တဲ့ လုပ္အားခကိုေပး ေဆာင္ရပါတယ္။ အထူးသျဖင့္ ကိုရီးယားလို ႏိုင္ငံက႐ုပ္သံဌာနေတြမွာ TV မွာ ပါဝင္တဲ့ လူတိုင္းကို အႏုပညာေၾကး ေပးရပါတယ္။ ခဏတာေခၚၿပီး သုံးရင္ေတာင္ ေပးရပါတယ္။
က်မလို ပ႐ိုဂရမ္တခုမွာ နာရီနဲ႔ခ်ီၿပီး စကားဝိုင္းမွာ ထိုင္ေျပာရတဲ့ လူတေယာက္ကို အႏုပညာေၾကး မတြက္ေပးရင္ အဲဒီပ႐ိုဂ ရမ္နဲ႔ ႐ုပ္သံဌာနမွာ ျပႆနာတက္မွာပါ။ ဒီအတြက္ အလုပ္ေပးသူနဲ႔ အလုပ္လုပ္သူ ၾကားမွာ လုပ္အားခ ေပးေဆာင္တာဟာဘာမွ ျပႆနာလုပ္ေနရမယ့္ ကိစၥမဟုတ္ေၾကာင္းကို သေဘာ ေပါက္ၾက ေစခ်င္ပါတယ္လို႔ ခ်မ္းျမျမေသာ္က ေျပာပါတယ္။
ဆက္လက္ၿပီး Speak Out တခါလုပ္ရင္ ဝမ္သိန္း ၁၀၀ ရတယ္ဆိုတဲ့ ေကာလာဟလ အေၾကာင္းကိုလည္း ဆရာမခ်မ္းျမ ျမေသာ္က အခုလိုပဲဆိုပါတယ္။ဒီမွာ သိန္း ၁၀၀ ကိစၥက ပါလာပါၿပီ။ က်မကို တခါ Speak out လုပ္ရင္ ဝမ္သိန္း ၁၀၀ ရတယ္လို႔ေျပာတဲ့ ပုဂၢိဳလ္တို႔။
ပုဂၢိဳလ္တို႔ နမိတ္ဖတ္သလို မ်ားမၾကာမီ အဲဒီလို ျဖစ္လာပါေစလို႔ က်မ ဆုေတာင္းပါတယ္။ လူတေယာက္ကို အကြက္ခ် ေခ်ာက္ခ်ခ်င္ရင္ေတာင္ ဦး ေႏွာက္သုံးဖို႔ လိုတယ္ရွင့္။ ပါးစပ္ထဲ ရွိရာ ေလွ်ာက္ေျပာ႐ုံ အဆင့္နဲ႔ဆိုရင္ေတာ့ ကိုယ္တုံးတာ လူသိ႐ုံပဲ ရွိမွာပါ။ ဒါေၾကာင့္လည္း က်မကအဖက္ ျပန္မလုပ္ခဲ့တာပါ။
ကိုရီးယားႏိုင္ငံမွာ လႊမ္းမိုးမႈအမ်ားဆုံး အႏုပညာသည္ေတြထဲက တေယာက္ကို ေ႐ြးပါဆိုရင္ “Running Man” က Yoo Jae Seok (ယူဂ်ယ္ေဆာ့ဂ္) ကို ဥပမာထား ေျပာပါမယ္။ သူဟာ အႏုပညာေၾကး အျမင့္ဆုံးအႏုပညာသည္ထဲက တေယာက္ ျဖစ္ပါတယ္။ သူတခါပါဝင္ သ႐ုပ္ေဆာင္ရင္ ဝမ္သိန္း ၁၅၀ နီးပါး ရပါတယ္လို႔ သိထားရပါတယ္။
ဒါဟာ ကိုရီးယားမွာထိပ္သီးေခါင္ အဆင့္ရွိတဲ့ အႏုပညာသည္ရဲ႕ အႏုပညာေၾကးပါ။ ဒါကို က်မကတခါ Speak Out လုပ္ေပးရင္ ဝမ္သိန္း ၁၀၀ ရတယ္ဆိုေတာ့ အရမ္းဟာသဆန္သြားပါတယ္။ ဒါေၾကာင့္လည္း က်မက ေခါက္ထားခဲ့တာပါ။ ေျဖရွင္းရေလာက္တဲ့ တန္ဖိုးမရွိတဲ့ ကိစၥမို႔ပါလို႔ ခ်မ္းျမျမေသာ္က ဆိုပါတယ္။
ၿပီးခဲ့တဲ့ ရက္ပိုင္းက SBS ႐ုပ္သံမွာ ထုတ္လႊင့္ခဲ့တဲ့ “Master in the House” အစီအစဥ္က ဝမ္ ၁၀ သိန္း ေပးမွာျဖစ္ၿပီး၊ အဲဒီေငြကိုလည္း လႉဒါန္းသြားမယ္လို႔ ဆိုပါတယ္။
အခု SBS “Master in the House” က ဝမ္ ၁၀ သိန္း ေပးမယ္ ေျပာပါတယ္။ ဒီေငြကိုလည္း အလႉေငြထဲကို ထည့္ဖို႔ စီစဥ္ထားၿပီးသားပါ။ က်မဘာလို႔ လႉႏိုင္တာလဲဆိုေတာ့ က်မတို႔ အိမ္ေထာင္မွာ ကိုယ္ပိုင္အလုပ္နဲ႔ ဝင္ေငြရွိလို႔ပါ။ ခင္ပြန္းသည္က လစဥ္ ဝမ္သိန္း ၄၀ ကေန ၅၀ နီးပါး ဝင္ပါတယ္။ က်မရဲ႕ဝင္ ေငြကလည္း တလကို ဝမ္သိန္း ၃၀ နီးပါးရွိပါတယ္။
ဒါေၾကာင့္ လင္မယားႏွစ္ေယာက္ ေပါင္းရင္က်ိက်ိတက္မခ်မ္း သာရင္ေတာင္ ခ်ိဳ႕တဲ့တဲ့အဆင့္ထဲေတာ့ မပါပါဘူး။ ဒါေၾကာင့္ ကိုယ့္တိုင္းျပည္အတြက္ ကိုယ့္လုပ္အားခနဲ႔ တတ္ႏိုင္သေလာက္ကို လႉပါတယ္။ Speak out လုပ္လို႔ ႐ုပ္သံဌာနကရတဲ့ ေငြ အနည္း ငယ္ကိုလည္း ဘာမက္ေမာမႈမွမရွိဘဲ လႉပါတယ္လို႔ ခ်မ္းျမျမေသာ္က ေျပာပါတယ္။
ဒီမွာ က်မေျပာခ်င္တာက ရွင္တို႔ (အမွန္တကယ္ နားလည္ေပး အားေပးၾကတဲ့သူေတြကို မဆိုလိုပါ၊ ေဘးထိုင္ဘုေျပာသူေတြကို ရည္႐ြယ္ပါတယ္) တကယ္လိုခ်င္တာက ဘာလဲ။ ျမန္မာျပည္အခုလို အေျခအေနဆိုက္ေနေၾကာင္းကို ျပည္ပကေန Speak out လုပ္ေပးဖို႔လိုလားတာ မဟုတ္ဘူးလား။ အဲဒီေတာ့ Speak out လုပ္ေပး႐ုံနဲ႔ မေက်နပ္ႏိုင္ဘူးလား။
အႏုပညာေၾကး ရေတာ့ယူေတာ့ေရာ ဘယ္သူ႔ကို ထိခိုက္သြားသ လဲ။ ျမန္မာျပည္အေရးနဲ႔ ဆိုင္သလား။ ျမန္မာျပည္သူေတြကိုထိ ခိုက္သလား။ က်မ သတင္းတခါသြားဖို႔အတြက္ ျပင္ဆင္ရတာေတြ ဘယ္သူတာဝန္ယူပါသလဲ။ ဒီေန႔ဒီစာဟာ အေတြးအေခၚမွားသူေတြကို အမွန္တရားအတိုင္း သိျမင္ခံစားေစဖို႔ ေရးတဲ့စာ ျဖစ္ပါတယ္။ က်မ စိတ္ထဲလည္း မထည့္ထားသလို ထပ္မံရွင္း ျပဖို႔လည္းမလိုတဲ့ အေၾကာင္းအရာ ျဖစ္ပါတယ္။
ဒါေၾကာင့္ က်မကို ခ်စ္ခင္ၾကသူေတြက စိတ္ထဲမထားဖို႔၊ အား တင္းထားဖို႔ မေျပာလည္း ရပါတယ္ရွင့္။ က်မမွာ ဒီထက္ပိုၿပီး အေရးပါတဲ့ အလုပ္ေတြ လုပ္ရမွာရွိသလို လုပ္ေနဆဲျဖစ္ပါတယ္။ က်မ ႏိုင္ငံသားတေယာက္အေနနဲ႔ လုပ္ေပးႏိုင္တာကိုလုပ္ေပးေနတာ ျဖစ္တာေၾကာင့္ ေက်းဇူးမတင္ၾကဖို႔လည္း ေျပာဖူးပါတယ္။ ေက်းဇူးတင္ေၾကာင္း၊ အားကိုးေၾကာင္း၊ ခ်စ္ခင္ေၾကာင္းေျပာေပးၾကတဲ့ ခ်စ္ခင္သူ မိဘျပည္သူ အားလုံးကိုလည္း က်မက အထူးေက်းဇူးတင္ပါတယ္လို႔ ဆရာမ ခ်မ္းျမျမေသာ္က ေျပာထားပါတယ္။
ကိုရီးယားဘာသာစကား ဆရာမ ခ်မ္းျမျမေသာ္ကေတာ့ ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းက ထုတ္လႊင့္ခဲ့တဲ့ နာမည္ေက်ာ္ TV ပ႐ိုဂ ရမ္ “Master in the house” အစီအစဥ္မွာ ပါဝင္ခဲ့ၿပီးျမန္ မာႏိုင္ငံရဲ႕လက္ရွိ အေျခအေနေတြအေၾကာင္းကို Speak Out လုပ္ေပးခဲ့သူ ျဖစ္ပါတယ္။