“သံဃာကို မစော်ကားသင့်ဘူး”လို့ ပြောကြသူတွေကို မင်းမော်ကွန်း မေးခွန်းထုတ်
ယမန်နေ့ (ဇွန်လ ၁၀ ရက်) က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ အနီးစခန်းလေဆိပ်အနီး တပ်မတော် လေယာဉ်ပျက်ကျမှုမှာ ပါဝင်ပြီး ပျံလွန်တော်မူသွားခဲ့တဲ့ ဈေးကုန်းဆရာတော်နဲ့ ပတ်သက်ပြီး လူတချို့ရဲ့ ပြောဆိုမှုအပေါ် သရုပ်ဆောင် မင်းမော်ကွန်းက အခုလိုပဲ ပြောထားပါတယ်။
“မနေ့က ဈေးကုန်းဆရာတော် ပျံလွန်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကောင်းခြင်း၊ ဆိုးခြင်း ဘာတခုမှ မဝေဖန်လိုပါ။ လူတချို့ရဲ့ကိစ္စကိုပဲ ပြောချင်တာ ဖြစ်ပါတယ်”
“ဈေးကုန်းဆရာတော်ကြီး ပျံလွန်တော်မူမှ ထပြီး သံဃာတော်တွေကို မပြစ်မှား မစော်ကားသင့်ပါဆိုတဲ့ နိဗ္ဗာန်ကို ချက်ချင်း မျက်မှောက်ပြုသွားကြသူ သူတော်စင်၊ သူတော်ကောင်းကြီးများကိုပဲ နည်းနည်းလောက် မေးကြည့်ချင်တာပါ”လို့ မင်းမော်ကွန်းက ဆိုပါတယ်။
အဆိုပါ လူအချို့ဟာ သံဃာကို မစော်ကားသင့်ဘူး၊ မပြစ်မှားသင့်ဘူးလို့ ပြောဆိုနေကြတာကြောင့် စစ်ကောင်စီဘက်က သံဃာတွေကို ဖမ်းဆီး ရိုက်နှက်၊ ညှဉ်းဆဲ သတ်ဖြတ်ခဲ့တုန်းက ဘာလို့ ငြိမ်နေကြသလဲလို့ မင်းမော်ကွန်းက ဆိုပါတယ်။
“ခင်ဗျားတို့က သံဃာကို မစော်ကားသင့်ဘူး၊ မပြစ်မှားသင့်ဘူးလို့ ယုံကြည်တယ်ဆိုရင် စကစ တွေက ရဟန်း၊ သံဃာတော်တွေကို ဖမ်းဆီး ရိုက်နှက်ခဲ့တုန်းက၊ ညှဉ်းဆဲသတ်ဖြတ်ခဲ့ကြတုန်းက ဘာလို့ ငြိမ်နေကြသလဲ”
“မိုးကုတ်ရေပူဆရာတော်ကြီးကို ထောင် ၃ နှစ် ချခဲ့တုန်းက၊ ပဲခူးအောင်ရတနာကျောင်းတိုက် ဆရာတော် ရိုက်နှက် စစ်ဆေးခံရရင်း ပျံလွန်ခဲ့တုန်းက၊ မိုးမောက်မှာ ဆရာတော်ဦးကသေလ လက်နက်ကြီး ထိလို့ ပျံလွန်တုန်းက ဘာလို့ အသံမထွက်ခဲ့ကြသလဲ”လို့ မင်းမော်ကွန်းက မေးခွန်းထုတ်ထားပါတယ်။
ဒါ့အပြင် ပြီးခဲ့ရက်ပိုင်းက မန္တလေး မစိုးရိမ်တိုက်က သံဃာတွေကို ပရိတ်ရွတ်လို့ စစ်တပ်က ဘုန်းကြီးကျောင်းထဲ ဝင်ပြီး ဆဲဆို၊ အကြမ်းဖက်ခဲ့တဲ့အကြောင်းကိုလည်း အခုလို ဆိုထားပါတယ်။
“မန္တလေး မစိုးရိမ်တိုက်က သံဃာတွေ ပရိတ်ရွတ်လို့ စစ်တပ်က ဘုန်းကြီးကျောင်းထဲထိ ဝင်ပြီး ဆဲဆိုအကြမ်းဖက်၊ ခြိမ်းခြောက် ပစ်ခတ်ခဲ့တာ ရက်ပိုင်းပဲရှိသေးဗျာ။ အဲ့ဒီတုန်းက ခင်ဗျားတို့ ဝစီပိတ် ကျင့်နေကြသလား။ ဒါတွေကိုကျ သံဃာ မဟုတ်ဘူး ထင်လို့လား”
“ဒါမှမဟုတ် ကိုယ်ကိုးကွယ်တဲ့ ဘုန်းကြီး မဟုတ်လို့ တခြားဘုန်းကြီး ဘာဖြစ်ဖြစ်ဆိုပြီး သံဃာတော်တွေကို ခွဲခြားခဲ့တာလား။ ဒါမှမဟုတ် စစ်တပ်ကတော့ သံဃာတွေကို နှိပ်စက်သတ်ဖြတ်၊ စော်ကား ပြစ်မှားခွင့် ရှိတယ်ဆိုပြီး သတ်မှတ်ထားခဲ့ကြသလား။ ဖြေပါ မဟာ့မဟာ သာသနာပြု အရိယာသူတော်စင်တို့”လို့ မင်းမော်ကွန်းက ပြောထားပါတယ်။
အဆိုပါ လေယာဉ် ပျက်ကျမှုကြောင့် ပျံလွန်တော်မူသွားခဲ့တဲ့ နိုင်ငံတော် သြဝါဒ စရိယ ဈေးကုန်းဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား အမှတ် ၂၊ တပ်မတော် ဆေးရုံကြီး ခုတင် ၁၀၀၀ မှ ပျဉ်းမနားမြို့၊ မြို့မဈေးကုန်း ကျောင်းတိုက်သို့ ယနေ့၊ မနက်မှာ ပင့်ဆောင်သွားပြီလို့ သိရပါတယ်။
Zawgyi
“သံဃာကို မေစာ္ကားသင့္ဘူး”လို႔ ေျပာၾကသူေတြကို မင္းေမာ္ကြန္း ေမးခြန္းထုတ္
ယမန္ေန႔ (ဇြန္လ ၁၀ ရက္) က မႏၲေလးတိုင္းေဒသႀကီး၊ ျပင္ဦးလြင္ၿမိဳ႕၊ အနီးစခန္းေလဆိပ္အနီး တပ္မေတာ္ ေလယာဥ္ပ်က္က်မႈမွာ ပါဝင္ၿပီး ပ်ံလြန္ေတာ္မူသြားခဲ့တဲ့ ေဈးကုန္းဆရာေတာ္နဲ႔ ပတ္သက္ၿပီး လူတခ်ိဳ႕ရဲ႕ ေျပာဆိုမႈအေပၚ သ႐ုပ္ေဆာင္ မင္းေမာ္ကြန္းက အခုလိုပဲ ေျပာထားပါတယ္။
“မေန႔က ေဈးကုန္းဆရာေတာ္ ပ်ံလြန္တဲ့ ကိစၥနဲ႔ ပတ္သက္ၿပီး ေကာင္းျခင္း၊ ဆိုးျခင္း ဘာတခုမွ မေဝဖန္လိုပါ။ လူတခ်ိဳ႕ရဲ႕ကိစၥကိုပဲ ေျပာခ်င္တာ ျဖစ္ပါတယ္”
“ေဈးကုန္းဆရာေတာ္ႀကီး ပ်ံလြန္ေတာ္မူမွ ထၿပီး သံဃာေတာ္ေတြကို မျပစ္မွား မေစာ္ကားသင့္ပါဆိုတဲ့ နိဗၺာန္ကို ခ်က္ခ်င္း မ်က္ေမွာက္ျပဳသြားၾကသူ သူေတာ္စင္၊ သူေတာ္ေကာင္းႀကီးမ်ားကိုပဲ နည္းနည္းေလာက္ ေမးၾကည့္ခ်င္တာပါ”လို႔ မင္းေမာ္ကြန္းက ဆိုပါတယ္။
အဆိုပါ လူအခ်ိဳ႕ဟာ သံဃာကို မေစာ္ကားသင့္ဘူး၊ မျပစ္မွားသင့္ဘူးလို႔ ေျပာဆိုေနၾကတာေၾကာင့္ စစ္ေကာင္စီဘက္က သံဃာေတြကို ဖမ္းဆီး ႐ိုက္ႏွက္၊ ညႇဥ္းဆဲ သတ္ျဖတ္ခဲ့တုန္းက ဘာလို႔ ၿငိမ္ေနၾကသလဲလို႔ မင္းေမာ္ကြန္းက ဆိုပါတယ္။
“ခင္ဗ်ားတို႔က သံဃာကို မေစာ္ကားသင့္ဘူး၊ မျပစ္မွားသင့္ဘူးလို႔ ယုံၾကည္တယ္ဆိုရင္ စကစ ေတြက ရဟန္း၊ သံဃာေတာ္ေတြကို ဖမ္းဆီး ႐ိုက္ႏွက္ခဲ့တုန္းက၊ ညႇဥ္းဆဲသတ္ျဖတ္ခဲ့ၾကတုန္းက ဘာလို႔ ၿငိမ္ေနၾကသလဲ”
“မိုးကုတ္ေရပူဆရာေတာ္ႀကီးကို ေထာင္ ၃ ႏွစ္ ခ်ခဲ့တုန္းက၊ ပဲခူးေအာင္ရတနာေက်ာင္းတိုက္ ဆရာေတာ္ ႐ိုက္ႏွက္ စစ္ေဆးခံရရင္း ပ်ံလြန္ခဲ့တုန္းက၊ မိုးေမာက္မွာ ဆရာေတာ္ဦးကေသလ လက္နက္ႀကီး ထိလို႔ ပ်ံလြန္တုန္းက ဘာလို႔ အသံမထြက္ခဲ့ၾကသလဲ”လို႔ မင္းေမာ္ကြန္းက ေမးခြန္းထုတ္ထားပါတယ္။
ဒါ့အျပင္ ၿပီးခဲ့ရက္ပိုင္းက မႏၲေလး မစိုးရိမ္တိုက္က သံဃာေတြကို ပရိတ္႐ြတ္လို႔ စစ္တပ္က ဘုန္းႀကီးေက်ာင္းထဲ ဝင္ၿပီး ဆဲဆို၊ အၾကမ္းဖက္ခဲ့တဲ့အေၾကာင္းကိုလည္း အခုလို ဆိုထားပါတယ္။
“မႏၲေလး မစိုးရိမ္တိုက္က သံဃာေတြ ပရိတ္႐ြတ္လို႔ စစ္တပ္က ဘုန္းႀကီးေက်ာင္းထဲထိ ဝင္ၿပီး ဆဲဆိုအၾကမ္းဖက္၊ ၿခိမ္းေျခာက္ ပစ္ခတ္ခဲ့တာ ရက္ပိုင္းပဲရွိေသးဗ်ာ။ အဲ့ဒီတုန္းက ခင္ဗ်ားတို႔ ဝစီပိတ္ က်င့္ေနၾကသလား။ ဒါေတြကိုက် သံဃာ မဟုတ္ဘူး ထင္လို႔လား”
“ဒါမွမဟုတ္ ကိုယ္ကိုးကြယ္တဲ့ ဘုန္းႀကီး မဟုတ္လို႔ တျခားဘုန္းႀကီး ဘာျဖစ္ျဖစ္ဆိုၿပီး သံဃာေတာ္ေတြကို ခြဲျခားခဲ့တာလား။ ဒါမွမဟုတ္ စစ္တပ္ကေတာ့ သံဃာေတြကို ႏွိပ္စက္သတ္ျဖတ္၊ ေစာ္ကား ျပစ္မွားခြင့္ ရွိတယ္ဆိုၿပီး သတ္မွတ္ထားခဲ့ၾကသလား။ ေျဖပါ မဟာ့မဟာ သာသနာျပဳ အရိယာသူေတာ္စင္တို႔”လို႔ မင္းေမာ္ကြန္းက ေျပာထားပါတယ္။
အဆိုပါ ေလယာဥ္ ပ်က္က်မႈေၾကာင့္ ပ်ံလြန္ေတာ္မူသြားခဲ့တဲ့ ႏိုင္ငံေတာ္ ၾသဝါဒ စရိယ ေဈးကုန္းဆရာေတာ္ႀကီး၏ ႐ုပ္ကလာပ္ေတာ္အား အမွတ္ ၂၊ တပ္မေတာ္ ေဆး႐ုံႀကီး ခုတင္ ၁၀၀၀ မွ ပ်ဥ္းမနားၿမိဳ႕၊ ၿမိဳ႕မေဈးကုန္း ေက်ာင္းတိုက္သို႔ ယေန႔၊ မနက္မွာ ပင့္ေဆာင္သြားၿပီလို႔ သိရပါတယ္။