ပုဒ်မ ၅၀၅ (က)နဲ့ဖမ်းဆီးခံရတဲ့ အဆိုတော်အေသင်ချိုဆွေ ပြန်လွတ်လာပြီ
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အဆိုတော်အေသင်ချိုဆွေ ဇွန်လ ၁၁ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာပြီလို့မိသားစုဝင်တွေက ပြောပါတယ် ။
အဆိုတော်အေသင်ချိုဆွေကို ပြီးခဲ့တဲ့မေလ ၂၃ ရက်နေ့က နေအိမ်မှာဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီးအခုလိုပြန်လည်လွတ်မြောက်လာတာဟာ ငွေကြေးတစုံတရာပေးခဲ့ရတာမရှိဘူးလို့အေသင်ချိုဆွေရဲ့မိခင်ဖြစ်သူက သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသားထားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖမ်းဆီးထိန်းသိမ်းထားခဲ့တဲ့ ရုပ်ရှင်အစည်းရုံးဥက္ကဋ္ဌဟောင်း သရုပ်ဆောင်ဇင်ဝိုင်းပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ လက်ရှိမှာ ၅ဝ၅ (က)နဲ့ဖမ်းဝရမ်းထုတ်ခံထားရပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အနုပညာရှင်ပေါင်း ၅ဝ ထက်မနည်းရှိနေပါတယ်။
Zawgyi
ပုဒ္မ ၅၀၅ (က)နဲ႔ဖမ္းဆီးခံရတဲ့ အဆိုေတာ္ေအသင္ခ်ိဳေဆြ ျပန္လြတ္လာၿပီ
ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅ (က) နဲ႔ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ အဆိုေတာ္ေအသင္ခ်ိဳေဆြ ဇြန္လ ၁၁ ရက္ေန႔မွာ ျပန္လည္လြတ္ေျမာက္လာၿပီလို႔မိသားစုဝင္ေတြက ေျပာပါတယ္ ။
အဆိုေတာ္ေအသင္ခ်ိဳေဆြကို ၿပီးခဲ့တဲ့ေမလ ၂၃ ရက္ေန႔က ေနအိမ္မွာဝင္ေရာက္ဖမ္းဆီးခဲ့တာျဖစ္ၿပီးအခုလိုျပန္လည္လြတ္ေျမာက္လာတာဟာ ေငြေၾကးတစုံတရာေပးခဲ့ရတာမရွိဘူးလို႔ေအသင္ခ်ိဳေဆြရဲ႕မိခင္ျဖစ္သူက သူမရဲ႕လူမႈကြန္ယက္စာမ်က္ႏွာမွာေရးသားထားခဲ့ပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းကလည္း စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြဖမ္းဆီးထိန္းသိမ္းထားခဲ့တဲ့ ႐ုပ္ရွင္အစည္း႐ုံးဥကၠ႒ေဟာင္း သ႐ုပ္ေဆာင္ဇင္ဝိုင္းျပန္လည္လြတ္ေျမာက္လာခဲ့ပါတယ္။ လက္ရွိမွာ ၅ဝ၅ (က)နဲ႔ဖမ္းဝရမ္းထုတ္ခံထားရၿပီး ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ အႏုပညာရွင္ေပါင္း ၅ဝ ထက္မနည္းရွိေနပါတယ္။