ကိုယ်အင်္ဂါချို့ယွင်းခဲ့ရသူ ကိုလျှံဖြိုးအောင် မျက်လုံးခွဲစိတ်ကုသရန် အရေးပေါ်လိုအပ်နေ

စစ်ကောင်စီကြောင့် ကိုယ်အင်္ဂါချို့ယွင်းခဲ့ရသူ မျက်လုံးခွဲစိတ်ကုသရန် အရေးပေါ်လိုအပ်နေ

အသက် ၂၂ နှစ်အရွယ် နည်းပညာကျောင်းသား ကိုလျှံဖြိုးအောင်

စစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် ကိုယ်အင်္ဂါအစိတ်အပိုင်းများ ချို့ယွင်းခဲ့ရပြီး ပုဒ်မ ၅၀၅ (က)နှင့်ပါ တရားစွဲခံရသည့် ကိုလျှံဖြိုးအောင်မှာ မျက်လုံးခွဲစိတ် ကုသမှုရန် လိုအပ်နေပြီး ကုသခွင့် မရပါက အမြင်အာရုံပါ ဆုံးရှုံးသွားနိုင်သည့် အခြေအနေ ရှိကြောင်း မိသား စုများထံမှ သိရသည်။

အသက် ၂၂ နှစ်အရွယ် ကိုလျှံဖြိုးအောင်သည် မကွေးနည်းပညာတက္ကသိုလ်၊ မြို့ပြအင်ဂျင်နီယာဘာသာရပ်၊ ဒုတိယ နှစ် ကျောင်းသားတဦးဖြစ်ပြီး မကွေးမြို့တွင် မတ် ၂၇ ရက်က ပြုလုပ်ခဲ့သည့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲကို စစ်ကောင်စီက အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ခြင်း ဖြစ်သည်။

ကိုလျှံဖြိုးအောင်၏ အစ်ကိုဖြစ်သူက “မျက်လုံးက ပြည်တည်နေတယ်။ ခွဲစိတ်မှု အရမ်း အရေးကြီးနေပါတယ်။ စစ်ဆေးရုံမှာ မျက်စိနဲ့ ပတ်သက်တဲ့ အထူးကုတွေ မရှိတဲ့အတွက် ရန်ကုန်ဆေးရုံမှာ မျက်ကြည်လွှာ အစားထိုးကုသရမှာ” ဟု ပြောသည်။

စစ်ကောင်စီ၏ အကြမ်းဖက် ဖြိုခွင်းခဲ့မှုကြောင့် ကိုလျှံဖြိုးအောင်သည် မျက်လုံးတဖက် ဆုံးရှုံးခဲ့ရသလို ညာဘက်လက်ပြတ်၊ ဘယ်ဘက်လက်မှာလည်း ကျိုးခဲ့ရုံသာမက ခြေထောက် ၂ ဖက်ကိုလည်း ရာဘာကျည်ဖြင့် အချက်များစွာ ပစ်ခတ်ခံရမှု ကြောင့် လမ်းကောင်းကောင်း မလျှောက်နိုင်တော့သည့် အခြေအနေတွင် တပ်မတော်ဆေးရုံ၌ အကျယ်ချုပ်ဖြင့် ဆေးကုသ ခဲ့ရသည်။

ထိုကဲ့သို့ ကုသနေစဉ် စစ်ကောင်စီက ကိုလျှံဖြိုးအောင်ကို ပြီးခဲ့သည့် ဧပြီလအတွင်း ပုဒ်မ ၅၀၅ (က) ဖြင့် စတင် တရား စွဲခဲ့ခြင်းဖြစ်ပြီး မျက်လုံးမှအပ တခြားဒဏ်ရာများ သက်သာပြီဟုဆိုကာ စစ်ဆေးရုံမှ ဇွန် ၇ ရက်နေ့တွင် ဆေးစာ ထွက်ရှိ လာပြီးနောက် မကွေးအကျဉ်းထောင်သို့ ပို့ဆောင်ခံရခြင်း ဖြစ်သည်။

“မျက်လုံးထဲမှာရှိတဲ့ ယမ်းအဆိပ်ကို အခုချိန်အထိ မခွဲစိတ်ရသေးတဲ့အတွက်ကြောင့် ကောင်းတဲ့မျက်လုံးပါ နာကျင်နေတဲ့ အတွက် စိုးရိမ်နေရတာ။ အဲဒီ မျက်လုံးထဲမှာရှိတဲ့ ယမ်းအဆိပ်ကြောင့် ကျန်နေတဲ့တဖက်ပါ အန္တရာယ်များလာလို့ စိုးရိမ်နေ ရတာ” ဟု ကိုလျှံဖြိုးအောင်၏ အစ်ကိုက ပြောသည်။

ကိုလျှံဖြိုးအောင်၏ တခြားဒဏ်ရာများ သက်သာသော်လည်း မျက်စိနှင့် ပတ်သက်၍ တပ်မတော်ဆေးရုံတွင် မျက်စိကုသနိုင်ခြင်း မရှိသဖြင့် ရန်ကုန်မျက်စိဆေးရုံကြီး၌ ကုသရန် ဆေးစာတွင် ဖော်ပြထားသော်လည်း ဆက်လက်ကုသခွင့် မပေးဘဲ အကျဉ်းထောင် သို့ ခေါ်ဆောင်သွားခံရခြင်း ဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။

ဆက်လက်၍ ၎င်းက “ရန်ကုန် မျက်စိအထူးကုဆေးရုံကြီးမှာ အထူးကုပါရဂူနဲ့ မျက်ကြည်လွှာ လဲခြင်းပြုခြင်းကို လုပ်လို့ရ မှာပေါ့။ စစ်ဆေးရုံရဲ့ ဆေးစာထဲမှာကို ပါပြီးသား။ အဲဒီလို ကုသရန် လိုအပ်ပါသည်ဆိုတာကိုပဲ ထောင်ထဲထည့်ပစ်တာ။ အဲဒီဆေးစာ ရရချင်းကို တန်းဖမ်းသွားတာ” ဟု ပြောဆိုသည်။

ထို့ပြင် ကိုလျှံဖြိုးအောင်သည် ရာဘာကျည်ဖြင့် အနီးကပ် ပစ်ခတ်ခံရသည့် ဒဏ်ရာများကြောင့် လမ်းကောင်းကောင်း မလျှောက်နိုင်သေးသဖြင့် လိုအပ်သည့် လေ့ကျင့်ခန်းများကို ပြုလုပ်ရန် လိုအပ်သေးကြောင်း စစ်ဆေးရုံ၏ ဆေးစာတွင် မှတ်ချက် ပြုထားသည်။

မြန်မာနိုင်ငံတွင် မသန်စွမ်းသူများအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဥပဒေ ပြဋ္ဌာန်းထားပြီး ဖြစ်သည့်အပြင် ကုလသမဂ္ဂ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်ကိုလည်း လက်မှတ်ရေးထိုးထားပြီးဖြစ်ရာ လက်ရှိ အချိန်တွင် မသန်စွမ်းသူကို ဆေးကုသခွင့်ပေးရန် ရွှေမင်းသားဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမြတ်သူဝင်းက မေတ္တာရပ်ခံ သည်။

၎င်းက “သာမန်ဘဝကနေ ကိုယ်အင်္ဂါချို့ယွင်းသွားတဲ့အခါမှာ ချို့ယွင်းတာလည်း လပိုင်းပဲရှိသေးတော့ သူသည် ကိုယ်အင်္ဂါ ချို့ယွင်းနေတဲ့ အနေအထား အသစ်တခုမှာ နိစ္စဒူဝ ဆောင်ရွက်မှုတွေ ဆောင်ရွက်နိုင်မှာ မဟုတ်ဘူး။ သူ့အနေနဲ့ အခုမှ ဆိုတော့ ဘယ်လိုမှ ကျင့်သားရဖို့ မရှိဘူး။ အရေးကြီးတာက သူသည် ဆေးကုသခွင့်၊ ဆက်လက်ခံယူခွင့် အပြည့်အဝ ရှိပါ တယ်။ ဆေးဝါးကုသခွင့် ဆက်လက်ပေးဖို့ကို မေတ္တာရပ်ခံချင်ပါတယ်” ဟု ဆိုသည်။

လက်ရှိ ကျင့်သုံးနေသော ရာဇဝတ်ကျင့်ထုံး ဥပဒေများအရလည်း အကျဉ်းထောင်တွင်း ချုပ်နှောင်ခံထားရသူ ကိုလျှံ ဖြိုးအောင် အနေဖြင့် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု ခံယူရန်နှင့် အာမခံ လျှောက်ထားနိုင်ခွင့်များ ရှိနေသည်။

ကျန်းမာရေး အမှန်တကယ် မပြည့်စုံသူ၊ အရေးပေါ် ကုသမှုလိုအပ်သူဆိုလျှင် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၇ အပိုဒ်ခွဲ ၁ အရ တရားသူကြီးက ဆင်ခြင်တုံတရားဖြင့် သေဒဏ်၊ တသက်တကျွန်း၊ ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မ မျိုး မဟုတ်ပါက အာမခံပေးနိုင်သည်ဟု အတိအလင်း ပြဋ္ဌာန်းထားကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်က ရှင်းပြသည်။

၎င်းက “ဒီ ၅၀၅(က) ဆိုတာကလည်း အမြင့်ဆုံးမှာ ၃ နှစ်ပဲ ချရမယ့်ပုဒ်မမျိုး ဖြစ်တဲ့အတွက် ဥပဒေနဲ့အညီ အာမခံလျှောက် ထားမယ် ဆိုရင်တော့ ရဲမှာပဲ ရှိနေသေးတဲ့အတွက် သက်ဆိုင်ရာ စခန်း၊ မြို့နယ်မှူးတွေဆီမှာ အာမခံ လျှောက်ထားမယ်ဆို ရင် အာမခံရနိုင်တဲ့ အခွင့်အရေးရှိတယ်” ဟု ပြောသည်။

စစ်ကောင်စီက အကြမ်းဖက် ဖြိုခွင်းမှုကြောင့် မသန်စွမ်းဘဝ ရောက်ရှိခဲ့ရသည့်အပြင် ဆေးဝါး ဆက်လက်ကုသရန် လိုအပ် နေဆဲဖြစ်သည့် ကိုလျှံဖြိုးအောင်ကို အတင်းအဓမ္မ ထောင်သွင်း အကျဉ်းချထားခြင်းအပေါ် ဝေဖန်မှုများလည်း ရှိနေသည်။

ကိုလျှံဖြိုးအောင်၏ အစ်ကိုကလည်း “အခုဟာက ဒုက္ခိတ ဖြစ်နေတဲ့ လူတယောက်ပါ။ ဒုက္ခိတ ဖြစ်တယ်ဆိုတာလည်း သူ တို့တွေ နှိပ်စက်လို့ ဖြစ်ရတာပါ။ အဲဒီ ဒုက္ခိတ ဖြစ်တဲ့လူကိုပဲ အမှုထပ်ဆွဲပြီးတော့ ထပ်ဖမ်းတာကတော့ လုံးဝ လူမဆန်ပါ ဘူး” ဟု ပြောသည်။

စစ်ကောင်စီသည် တိုင်းနှင့်ပြည်နယ် တချို့မှ ဉာဏ်ရည် မသန်စွမ်းသူများ အပါအဝင် မသန်စွမ်းသူ ၁၅ ဦးခန့်ကို ဖမ်းဆီး ထားကြောင်း မသန်စွမ်းအဖွဲ့အစည်းများထံမှ သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ရက်ပေါင်း ၁၀၀ ကျော်အတွင်း စစ်ကောင်စီလက်ချက်ဖြင့် ပြည်သူ ၈၅၀ ကျော် သေ ဆုံးခဲ့ပြီး ကိုလျှံဖြိုးအောင် အပါအဝင် လူပေါင်း ၅၀၀၀ နီးပါးလည်း ဖမ်းဆီးချုပ်နှောင်ထားခံရကြောင်း နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ထားသည်။

Zawgyi

စစ္ေကာင္စီေၾကာင့္ ကိုယ္အဂၤါခ်ိဳ႕ယြင္းခဲ့ရသူ မ်က္လုံးခြဲစိတ္ကုသရန္ အေရးေပၚလိုအပ္ေန

အသက္ ၂၂ ႏွစ္အ႐ြယ္ နည္းပညာေက်ာင္းသား ကိုလွ်ံၿဖိဳးေအာင္

စစ္ေကာင္စီ၏ အၾကမ္းဖက္မႈေၾကာင့္ ကိုယ္အဂၤါအစိတ္အပိုင္းမ်ား ခ်ိဳ႕ယြင္းခဲ့ရၿပီး ပုဒ္မ ၅၀၅ (က)ႏွင့္ပါ တရားစြဲခံရသည့္ ကိုလွ်ံၿဖိဳးေအာင္မွာ မ်က္လုံးခြဲစိတ္ ကုသမႈရန္ လိုအပ္ေနၿပီး ကုသခြင့္ မရပါက အျမင္အာ႐ုံပါ ဆုံးရႈံးသြားႏိုင္သည့္ အေျခအေန ရွိေၾကာင္း မိသား စုမ်ားထံမွ သိရသည္။

အသက္ ၂၂ ႏွစ္အ႐ြယ္ ကိုလွ်ံၿဖိဳးေအာင္သည္ မေကြးနည္းပညာတကၠသိုလ္၊ ၿမိဳ႕ျပအင္ဂ်င္နီယာဘာသာရပ္၊ ဒုတိယ ႏွစ္ ေက်ာင္းသားတဦးျဖစ္ၿပီး မေကြးၿမိဳ႕တြင္ မတ္ ၂၇ ရက္က ျပဳလုပ္ခဲ့သည့္ စစ္အာဏာရွင္ ဆန႔္က်င္ေရး ဆႏၵျပပြဲကို စစ္ေကာင္စီက အၾကမ္းဖက္ ပစ္ခတ္ၿဖိဳခြင္းခဲ့ျခင္းေၾကာင့္ ဒဏ္ရာအျပင္းအထန္ ရရွိခဲ့ျခင္း ျဖစ္သည္။

ကိုလွ်ံၿဖိဳးေအာင္၏ အစ္ကိုျဖစ္သူက “မ်က္လုံးက ျပည္တည္ေနတယ္။ ခြဲစိတ္မႈ အရမ္း အေရးႀကီးေနပါတယ္။ စစ္ေဆး႐ုံမွာ မ်က္စိနဲ႔ ပတ္သက္တဲ့ အထူးကုေတြ မရွိတဲ့အတြက္ ရန္ကုန္ေဆး႐ုံမွာ မ်က္ၾကည္လႊာ အစားထိုးကုသရမွာ” ဟု ေျပာသည္။

စစ္ေကာင္စီ၏ အၾကမ္းဖက္ ၿဖိဳခြင္းခဲ့မႈေၾကာင့္ ကိုလွ်ံၿဖိဳးေအာင္သည္ မ်က္လုံးတဖက္ ဆုံးရႈံးခဲ့ရသလို ညာဘက္လက္ျပတ္၊ ဘယ္ဘက္လက္မွာလည္း က်ိဳးခဲ့႐ုံသာမက ေျခေထာက္ ၂ ဖက္ကိုလည္း ရာဘာက်ည္ျဖင့္ အခ်က္မ်ားစြာ ပစ္ခတ္ခံရမႈ ေၾကာင့္ လမ္းေကာင္းေကာင္း မေလွ်ာက္ႏိုင္ေတာ့သည့္ အေျခအေနတြင္ တပ္မေတာ္ေဆး႐ုံ၌ အက်ယ္ခ်ဳပ္ျဖင့္ ေဆးကုသ ခဲ့ရသည္။

ထိုကဲ့သို႔ ကုသေနစဥ္ စစ္ေကာင္စီက ကိုလွ်ံၿဖိဳးေအာင္ကို ၿပီးခဲ့သည့္ ဧၿပီလအတြင္း ပုဒ္မ ၅၀၅ (က) ျဖင့္ စတင္ တရား စြဲခဲ့ျခင္းျဖစ္ၿပီး မ်က္လုံးမွအပ တျခားဒဏ္ရာမ်ား သက္သာၿပီဟုဆိုကာ စစ္ေဆး႐ုံမွ ဇြန္ ၇ ရက္ေန႔တြင္ ေဆးစာ ထြက္ရွိ လာၿပီးေနာက္ မေကြးအက်ဥ္းေထာင္သို႔ ပို႔ေဆာင္ခံရျခင္း ျဖစ္သည္။

“မ်က္လုံးထဲမွာရွိတဲ့ ယမ္းအဆိပ္ကို အခုခ်ိန္အထိ မခြဲစိတ္ရေသးတဲ့အတြက္ေၾကာင့္ ေကာင္းတဲ့မ်က္လုံးပါ နာက်င္ေနတဲ့ အတြက္ စိုးရိမ္ေနရတာ။ အဲဒီ မ်က္လုံးထဲမွာရွိတဲ့ ယမ္းအဆိပ္ေၾကာင့္ က်န္ေနတဲ့တဖက္ပါ အႏၲရာယ္မ်ားလာလို႔ စိုးရိမ္ေန ရတာ” ဟု ကိုလွ်ံၿဖိဳးေအာင္၏ အစ္ကိုက ေျပာသည္။

ကိုလွ်ံၿဖိဳးေအာင္၏ တျခားဒဏ္ရာမ်ား သက္သာေသာ္လည္း မ်က္စိႏွင့္ ပတ္သက္၍ တပ္မေတာ္ေဆး႐ုံတြင္ မ်က္စိကုသႏိုင္ျခင္း မရွိသျဖင့္ ရန္ကုန္မ်က္စိေဆး႐ုံႀကီး၌ ကုသရန္ ေဆးစာတြင္ ေဖာ္ျပထားေသာ္လည္း ဆက္လက္ကုသခြင့္ မေပးဘဲ အက်ဥ္းေထာင္ သို႔ ေခၚေဆာင္သြားခံရျခင္း ျဖစ္သည္ဟု ၎က ရွင္းျပသည္။

ဆက္လက္၍ ၎က “ရန္ကုန္ မ်က္စိအထူးကုေဆး႐ုံႀကီးမွာ အထူးကုပါရဂူနဲ႔ မ်က္ၾကည္လႊာ လဲျခင္းျပဳျခင္းကို လုပ္လို႔ရ မွာေပါ့။ စစ္ေဆး႐ုံရဲ႕ ေဆးစာထဲမွာကို ပါၿပီးသား။ အဲဒီလို ကုသရန္ လိုအပ္ပါသည္ဆိုတာကိုပဲ ေထာင္ထဲထည့္ပစ္တာ။ အဲဒီေဆးစာ ရရခ်င္းကို တန္းဖမ္းသြားတာ” ဟု ေျပာဆိုသည္။

ထို႔ျပင္ ကိုလွ်ံၿဖိဳးေအာင္သည္ ရာဘာက်ည္ျဖင့္ အနီးကပ္ ပစ္ခတ္ခံရသည့္ ဒဏ္ရာမ်ားေၾကာင့္ လမ္းေကာင္းေကာင္း မေလွ်ာက္ႏိုင္ေသးသျဖင့္ လိုအပ္သည့္ ေလ့က်င့္ခန္းမ်ားကို ျပဳလုပ္ရန္ လိုအပ္ေသးေၾကာင္း စစ္ေဆး႐ုံ၏ ေဆးစာတြင္ မွတ္ခ်က္ ျပဳထားသည္။

ျမန္မာႏိုင္ငံတြင္ မသန္စြမ္းသူမ်ားအခြင့္အေရး ကာကြယ္ေစာင့္ေရွာက္ေရးဥပေဒ ျပ႒ာန္းထားၿပီး ျဖစ္သည့္အျပင္ ကုလသမဂၢ မသန္စြမ္းသူမ်ား၏ အခြင့္အေရးမ်ားဆိုင္ရာ သေဘာတူစာခ်ဳပ္ကိုလည္း လက္မွတ္ေရးထိုးထားၿပီးျဖစ္ရာ လက္ရွိ အခ်ိန္တြင္ မသန္စြမ္းသူကို ေဆးကုသခြင့္ေပးရန္ ေ႐ႊမင္းသားေဖာင္ေဒးရွင္းဥကၠ႒ ဦးျမတ္သူဝင္းက ေမတၱာရပ္ခံ သည္။

၎က “သာမန္ဘဝကေန ကိုယ္အဂၤါခ်ိဳ႕ယြင္းသြားတဲ့အခါမွာ ခ်ိဳ႕ယြင္းတာလည္း လပိုင္းပဲရွိေသးေတာ့ သူသည္ ကိုယ္အဂၤါ ခ်ိဳ႕ယြင္းေနတဲ့ အေနအထား အသစ္တခုမွာ နိစၥဒူဝ ေဆာင္႐ြက္မႈေတြ ေဆာင္႐ြက္ႏိုင္မွာ မဟုတ္ဘူး။ သူ႔အေနနဲ႔ အခုမွ ဆိုေတာ့ ဘယ္လိုမွ က်င့္သားရဖို႔ မရွိဘူး။ အေရးႀကီးတာက သူသည္ ေဆးကုသခြင့္၊ ဆက္လက္ခံယူခြင့္ အျပည့္အဝ ရွိပါ တယ္။ ေဆးဝါးကုသခြင့္ ဆက္လက္ေပးဖို႔ကို ေမတၱာရပ္ခံခ်င္ပါတယ္” ဟု ဆိုသည္။

လက္ရွိ က်င့္သုံးေနေသာ ရာဇဝတ္က်င့္ထုံး ဥပေဒမ်ားအရလည္း အက်ဥ္းေထာင္တြင္း ခ်ဳပ္ေႏွာင္ခံထားရသူ ကိုလွ်ံ ၿဖိဳးေအာင္ အေနျဖင့္ အေရးေပၚ က်န္းမာေရးေစာင့္ေရွာက္မႈ ခံယူရန္ႏွင့္ အာမခံ ေလွ်ာက္ထားႏိုင္ခြင့္မ်ား ရွိေနသည္။

က်န္းမာေရး အမွန္တကယ္ မျပည့္စုံသူ၊ အေရးေပၚ ကုသမႈလိုအပ္သူဆိုလွ်င္ ရာဇဝတ္က်င့္ထုံး ဥပေဒပုဒ္မ ၄၉၇ အပိုဒ္ခြဲ ၁ အရ တရားသူႀကီးက ဆင္ျခင္တုံတရားျဖင့္ ေသဒဏ္၊ တသက္တကြၽန္း၊ ေထာင္ဒဏ္ ၁၀ ႏွစ္အထိ ခ်မွတ္ႏိုင္သည့္ ပုဒ္မ မ်ိဳး မဟုတ္ပါက အာမခံေပးႏိုင္သည္ဟု အတိအလင္း ျပ႒ာန္းထားေၾကာင္း တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ျမင့္က ရွင္းျပသည္။

၎က “ဒီ ၅၀၅(က) ဆိုတာကလည္း အျမင့္ဆုံးမွာ ၃ ႏွစ္ပဲ ခ်ရမယ့္ပုဒ္မမ်ိဳး ျဖစ္တဲ့အတြက္ ဥပေဒနဲ႔အညီ အာမခံေလွ်ာက္ ထားမယ္ ဆိုရင္ေတာ့ ရဲမွာပဲ ရွိေနေသးတဲ့အတြက္ သက္ဆိုင္ရာ စခန္း၊ ၿမိဳ႕နယ္မႉးေတြဆီမွာ အာမခံ ေလွ်ာက္ထားမယ္ဆို ရင္ အာမခံရႏိုင္တဲ့ အခြင့္အေရးရွိတယ္” ဟု ေျပာသည္။

စစ္ေကာင္စီက အၾကမ္းဖက္ ၿဖိဳခြင္းမႈေၾကာင့္ မသန္စြမ္းဘဝ ေရာက္ရွိခဲ့ရသည့္အျပင္ ေဆးဝါး ဆက္လက္ကုသရန္ လိုအပ္ ေနဆဲျဖစ္သည့္ ကိုလွ်ံၿဖိဳးေအာင္ကို အတင္းအဓမၼ ေထာင္သြင္း အက်ဥ္းခ်ထားျခင္းအေပၚ ေဝဖန္မႈမ်ားလည္း ရွိေနသည္။

ကိုလွ်ံၿဖိဳးေအာင္၏ အစ္ကိုကလည္း “အခုဟာက ဒုကၡိတ ျဖစ္ေနတဲ့ လူတေယာက္ပါ။ ဒုကၡိတ ျဖစ္တယ္ဆိုတာလည္း သူ တို႔ေတြ ႏွိပ္စက္လို႔ ျဖစ္ရတာပါ။ အဲဒီ ဒုကၡိတ ျဖစ္တဲ့လူကိုပဲ အမႈထပ္ဆြဲၿပီးေတာ့ ထပ္ဖမ္းတာကေတာ့ လုံးဝ လူမဆန္ပါ ဘူး” ဟု ေျပာသည္။

စစ္ေကာင္စီသည္ တိုင္းႏွင့္ျပည္နယ္ တခ်ိဳ႕မွ ဉာဏ္ရည္ မသန္စြမ္းသူမ်ား အပါအဝင္ မသန္စြမ္းသူ ၁၅ ဦးခန႔္ကို ဖမ္းဆီး ထားေၾကာင္း မသန္စြမ္းအဖြဲ႕အစည္းမ်ားထံမွ သိရသည္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ရက္ေပါင္း ၁၀၀ ေက်ာ္အတြင္း စစ္ေကာင္စီလက္ခ်က္ျဖင့္ ျပည္သူ ၈၅၀ ေက်ာ္ ေသ ဆုံးခဲ့ၿပီး ကိုလွ်ံၿဖိဳးေအာင္ အပါအဝင္ လူေပါင္း ၅၀၀၀ နီးပါးလည္း ဖမ္းဆီးခ်ဳပ္ေႏွာင္ထားခံရေၾကာင္း ႏိုင္ငံေရးအက်ဥ္းသား မ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP)က ထုတ္ျပန္ထားသည္။

Leave a Reply

Your email address will not be published. Required fields are marked *