အစားထိုးကုသဖို့လိုအပ်နေတဲ့ မျက်ကြည်လွှာကို လှူချင်ပါတယ်ဆိုတဲ့ စေတနာရှင်မိန်းကလေး

အစားထိုးကုသဖို့လိုအပ်နေတဲ့ မျက်ကြည်လွှာကို လှူချင်ပါတယ်ဆိုတဲ့ စေတနာရှင်မိန်းကလေး

လက်ရှိမှာတော့ တချို့လူငယ်လေးတွေရဲ့ အသက်တွေ၊ဘဝတွေပေးဆပ်လိုက်ရသလို တချို့ပြည်သူတွေလည်း တောထဲဝင်ပြီး စစ်ပညာကိုသင်ကြားလေ့ကျင့်နေကြတာဖြစ်ပါတယ်။

အင်ဂျင်နီယာကျောင်းသားတစ်ယောက်ဖြစ်တဲ့မောင်လျှံဖြိုးအောင်ဆိုရင်လည်း လက်တစ်ဖက်ဖြတ်လိုက်ရတဲ့အပြင် ညာဘက်မျက်လုံးကလည်း မျက်ကြည်လွှာအစားထိုးကုသဖို့အတွက် လိုအပ်နေတာဖြစ်ပါတယ်။

မောင်လျှံဖြိုးအောင်ရဲ့မိသားစုဝင်တွေကလည်း သူ့ရဲ့ဘေးနားမှာနေပြီး အစစအရာရာဂရုစိုက်ပေးနေတာဖြစ်ပါတယ်။

(၇.၆.၂၀၂၁)ရက်နေ့မှာတော့ မောင်လျှံဖြိုးအောင်ကို တရားစွဲဆိုထားတဲ့ ၅၀၅(က) ပုဒ်မနဲ့ လာရောက်ဖမ်းဆီးပြီးဒေါင်းနေအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။မောင်လျှံဖြိုးအောင်က အခုချိန်ထိ အကောင်းပကတိပြန်မဖြစ်သေးဘဲ မိသားစုအကူအညီနဲ့လှုပ်ရှားနေရတာဖြစ်ပါတယ်။

နောက်ထပ်ဆေးကုသမှုတွေလိုအပ်နေသေးတဲ့သားဖြစ်သူကို မိသားစုဝင်တွေကလည်း စိတ်ပူနေကြတာဖြစ်ပါတယ်။ပြည်သူတွေကတော့ သူ့အတွက် တတ်နိုင်သလောက်ကူညီပေးကြပြီး Speak Out လည်းလုပ်ပေးနေကြတာဖြစ်ပါတယ်။

မိန်းကလေးတစ်ယောက်ကဆိုရင် မောင်လျှံဖြိုးအောင် မျက်လုံးတစ်ဖက်မြင်ရဖို့အတွက် သူ့ရဲ့မျက်ကြည်လွှာကိုလှူချင်နေတာဖြစ်ပါတယ်။စေတနာရှင်မိန်းကလေးက “ညီမက ကိုယ်လက်အင်္ဂါအကုန်စုံနေသေးတော့ မျက်လုံးတစ်ဖက်မမြင်ရလည်းအဆင်ပြေမှာပါ။

အစ်ကို့အတွက် အမြင်အာရုံလေးဖြစ်ဖြစ် ကူညီချင်ပါတယ်”ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။မောင်လျှံဖြိုးအောင်ရဲ့ ဖခင်ကလည်း အခုလိုမျိုး စေတနာကောင်းတဲ့မိန်းကလေးကို အရမ်းကျေးဇူးတင်နေတာဖြစ်ပါတယ်။

အများအကျိုးအတွက်ဆောင်ရွက်ခဲ့ရင်း ပေးဆပ်လိုက်ရတဲ့ မောင်လျှံဖြိုးအောင်လည်း အချုပ်အနှောင်မှလွတ်မြောက်ပြီး မြန်မြန်သက်သာပါစေလို့ ဆုတောင်းရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Zawgyi

အစားထိုးကုသဖို႔လိုအပ္ေနတဲ့ မ်က္ၾကည္လႊာကို လႉခ်င္ပါတယ္ဆိုတဲ့ ေစတနာရွင္မိန္းကေလး

လက္ရွိမွာေတာ့ တခ်ိဳ႕လူငယ္ေလးေတြရဲ႕ အသက္ေတြ၊ဘဝေတြေပးဆပ္လိုက္ရသလို တခ်ိဳ႕ျပည္သူေတြလည္း ေတာထဲဝင္ၿပီး စစ္ပညာကိုသင္ၾကားေလ့က်င့္ေနၾကတာျဖစ္ပါတယ္။

အင္ဂ်င္နီယာေက်ာင္းသားတစ္ေယာက္ျဖစ္တဲ့ေမာင္လွ်ံၿဖိဳးေအာင္ဆိုရင္လည္း လက္တစ္ဖက္ျဖတ္လိုက္ရတဲ့အျပင္ ညာဘက္မ်က္လုံးကလည္း မ်က္ၾကည္လႊာအစားထိုးကုသဖို႔အတြက္ လိုအပ္ေနတာျဖစ္ပါတယ္။

ေမာင္လွ်ံၿဖိဳးေအာင္ရဲ႕မိသားစုဝင္ေတြကလည္း သူ႔ရဲ႕ေဘးနားမွာေနၿပီး အစစအရာရာဂ႐ုစိုက္ေပးေနတာျဖစ္ပါတယ္။

(၇.၆.၂၀၂၁)ရက္ေန႔မွာေတာ့ ေမာင္လွ်ံၿဖိဳးေအာင္ကို တရားစြဲဆိုထားတဲ့ ၅၀၅(က) ပုဒ္မနဲ႔ လာေရာက္ဖမ္းဆီးၿပီးေဒါင္းေနအက်ဥ္းေထာင္သို႔ ပို႔ေဆာင္ခဲ့တယ္လို႔သိရပါတယ္။ေမာင္လွ်ံၿဖိဳးေအာင္က အခုခ်ိန္ထိ အေကာင္းပကတိျပန္မျဖစ္ေသးဘဲ မိသားစုအကူအညီနဲ႔လႈပ္ရွားေနရတာျဖစ္ပါတယ္။

ေနာက္ထပ္ေဆးကုသမႈေတြလိုအပ္ေနေသးတဲ့သားျဖစ္သူကို မိသားစုဝင္ေတြကလည္း စိတ္ပူေနၾကတာျဖစ္ပါတယ္။ျပည္သူေတြကေတာ့ သူ႔အတြက္ တတ္ႏိုင္သေလာက္ကူညီေပးၾကၿပီး Speak Out လည္းလုပ္ေပးေနၾကတာျဖစ္ပါတယ္။

မိန္းကေလးတစ္ေယာက္ကဆိုရင္ ေမာင္လွ်ံၿဖိဳးေအာင္ မ်က္လုံးတစ္ဖက္ျမင္ရဖို႔အတြက္ သူ႔ရဲ႕မ်က္ၾကည္လႊာကိုလႉခ်င္ေနတာျဖစ္ပါတယ္။ေစတနာရွင္မိန္းကေလးက “ညီမက ကိုယ္လက္အဂၤါအကုန္စုံေနေသးေတာ့ မ်က္လုံးတစ္ဖက္မျမင္ရလည္းအဆင္ေျပမွာပါ။

အစ္ကို႔အတြက္ အျမင္အာ႐ုံေလးျဖစ္ျဖစ္ ကူညီခ်င္ပါတယ္”ဆိုၿပီး ေရးသားထားတာျဖစ္ပါတယ္။ေမာင္လွ်ံၿဖိဳးေအာင္ရဲ႕ ဖခင္ကလည္း အခုလိုမ်ိဳး ေစတနာေကာင္းတဲ့မိန္းကေလးကို အရမ္းေက်းဇူးတင္ေနတာျဖစ္ပါတယ္။

အမ်ားအက်ိဳးအတြက္ေဆာင္႐ြက္ခဲ့ရင္း ေပးဆပ္လိုက္ရတဲ့ ေမာင္လွ်ံၿဖိဳးေအာင္လည္း အခ်ဳပ္အေႏွာင္မွလြတ္ေျမာက္ၿပီး ျမန္ျမန္သက္သာပါေစလို႔ ဆုေတာင္းရင္း ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *