သရုပ်ဆောင် မိုးဟေကိုနဲ့ ခင်ပွန်းဟောင်းတို့၏ အမွေခွဲတမ်းအရှုပ်တော်ပုံံ

သရုပ်ဆောင် မိုးဟေကိုနဲ့ ခင်ပွန်းဟောင်းတို့၏ အမွေခွဲတမ်းအရှုပ်တော်ပုံံ

သရုပ်ဆောင် မိုးဟေကို၏ ခင်ပွန်းဟောင်းမှ နှစ်ဦးပိုင်ပစ္စည်းအား ပြင်ဆင်ရောင်းချခြင်း မပြုလုပ်ရန် နိုင်ငံပိုင် သတင်းစာတွင်ကြေညာ

သရုပ်ဆောင် မိုးဟေကို၏ ခင်ပွန်းဟောင်းမှ တရားဥပဒေအရ နှစ်ဦးပိုင်ပစ္စည်း ဖြစ်နေဆဲ မြေနှင့်နှစ်ထပ်တိုက်အား သရုပ် ဆောင် မိုးဟေကိုမှ ပြင်ဆင်ပြု လုပ်နေသည့်အတွက် ထိုပြင် ဆင်မှုကို ဆက်မပြုလုပ်ရန် ရှေ့နေကတဆင့် နိုင်ငံပိုင်သတင်းစာတွင် ကြေညာလိုက်သည်။

ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားမကြီးအမှုအ မှတ် ၁၄/ ၂၀၁၃ တွင် ဦးညီညီထွန်းက ဒေါ်အေးအေးခိုင် (ခ) သရုပ်ဆောင် မိုးဟေကို အပေါ် လင်မယား ကွာရှင်းပေးစေလိုမှု နှင့် နှစ်ဦးပိုင်ပစ္စည်း ခွဲပေးစေလိုမှုကို စွဲဆိုခဲ့ရာ(၈.၈. ၂၀၁၃) ရက်တွင် တရားဝင် လင်မယား ကွာရှင်းပြတ်စဲကြောင်း ဒီကရီ ချမှတ်ခဲ့ပြီး ဖြစ်သည်။

ထို့ကြောင့် နှစ်ဦးပိုင်ဖြစ်သော ဗဟန်းမြို့နယ် သံလွင်လမ်းအ မှတ် ၇၄ ဘီ ဟုခေါ်တွင်သော မြေနှင့်နှစ်ထပ်တိုက်ကို ထက် ဝက်ခွဲယူကြရန် ၁၈. ၂. ၂၀၁၉ ရက်တွင် အမိန့်ဒီကရီ ချမှတ်ခဲ့သည်။

ယင်းအမိန့်သည် အယူခံအဆင့်ဆင့် ဝင်ခဲ့သော်လည်း အထက် ပါ အမိန့်ဒီကရီအတိုင်း ဆက်လက်အတည် ပြု ဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ သို့သော်လည်း သ ရုပ်ဆောင် မိုးဟေကိုမှ တစ်ဦိးတည်းသဘောဖြင့် အ ချင်းမြေနှင့်မြေပေါ်ရှိ နေအိမ်အဆောက်အအုံအား

ပြု ပြင်ပြင်ဆင်ခြင်းများ ပြုလုပ်နေကြောင်း တွေ့ရှိရသဖြင့် ခင်ပွန်းဟောင်း ဦးညီညီထွန်း၏ သဘောတူညီမှု မရှိဘဲသ ရုပ်ဆောင် မိုးဟေကို အနေဖြင့် တစ်ဦးတည်း သဘောဆန္ဒအရရောင်းချခြင်း၊ ပေါင်နှံခြင်း၊ လှူဒါန်းခြင်း၊ စွန့်လွှတ်ခြင်း၊ ပေးကမ်းခြင်း၊

တစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်း ၊အာမခံထားခြင်း၊ ပြုပြင်ပြင်ဆင်ခြင်းတို့ကို မပြုလုပ်ရန် ရှေ့နေကတဆင့်နိုင်ငံပိုင် သတင်းစာတွင် ကြေညာလိုက်ခြင်း ဖြစ်သည်။ထိုသို့ပြုလုပ်နေခဲ့သည်ကို လက်ခံဆောင်ရွက်ပေးခြင်း၊ ကူညီခြင်း၊ လွှဲပြောင်း လက်ခံဝယ်ယူခြင်း စသည်တို့လည်း မပြုလုပ်ကြရန် ထပ်မံအသိပေးထားသည်။

သို့မဟုတ်ပါက ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးညီညီထွန်းက ဆိုထားသည်။ ဖတ်ရူပေးကြတဲ့ ပရိသတ်အ ပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်မာချမ်းသာကြပါစေခင်ဗျာ။

Zawgyi









Leave a Reply

Your email address will not be published. Required fields are marked *