ဒေါက်တာဇော်ဝေစိုးအကောင့်ကို Report ထုကြဖို့ ပြည်ထဲရေးဝန်ကြီးစိုးထွဋ်မိန်းမ နီလာစိန် ညွှန်ကြား
အကြမ်းဖက်စစ်ကောင်စီခန့် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ရဲ့ မိန်းမ ဒေါ်နီလာစိန်ရဲ့
အသံဖိုင်တွေ ပေါက်ကြားနေရာမှာ ဒီမနက် ထပ်မံထွက်ပေါ်ခဲ့တဲ့ အသံဖိုင် ဒုတိယပိုင်းမှာတော့ ဒေါက်တာဇော်ဝေစိုးရဲ့ အကောင့်ကို report အကြိမ်ကြိမ်ထုကြဖို့ ပြည်ထဲရေးလက်အောက်ခံ ဝန်ထမ်းတွေကို viber group ထဲမှာ ညွှန်ကြားနေတာဖြစ်ပါတယ်။
အဆိုပါ အသံဖိုင်ကို ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ Mratt Kyaw Thu ရဲ့ facebook page ဖြစ်တဲ့ Mratt’s Channel ကနေ တင်ထားတာ တွေ့ရပါတယ်။
“သူ့ရဲ့ အေးစက်စက်အသံကြီးက အရမ်းကြောက်ဖို့ကောင်းတယ်”
ဒေါ်နီလာစိန်အသံဖိုင် – အပိုင်း (၂)
ဒီအသံဖိုင်မှာတော့ ဒေါက်တာဇော်ဝေစိုးကို ပြည်ထဲရေးဝန်ကြီးဌာန အုပ်စုအနေနဲ့ ဖေ့စ်ဘွတ်မှာ ရီပို့ထုဖို့ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ရဲ့ ဇနီး ဒေါ်နီလာစိန်က Viber ဂရုထဲ ညွှန်ကြားနေတာ ကြားရပါတယ်။
သူ့စကားထဲက စကားအသွားအလာအရ ဒီဂရုထဲမှာ လူဦးရေ ၂၀၀ ဝန်းကျင်ရှိတယ်လို့ ယုံကြည်ရပါတယ်။
Zawgyi
ေဒါက္တာေဇာ္ေဝစိုးအေကာင့္ကို Report ထုၾကဖို႔ ျပည္ထဲေရးဝန္ႀကီးစိုးထြဋ္မိန္းမ နီလာစိန္ ၫႊန္ၾကား
အၾကမ္းဖက္စစ္ေကာင္စီခန႔္ ျပည္ထဲေရးဝန္ႀကီး ဒုဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ရဲ႕ မိန္းမ ေဒၚနီလာစိန္ရဲ႕
အသံဖိုင္ေတြ ေပါက္ၾကားေနရာမွာ ဒီမနက္ ထပ္မံထြက္ေပၚခဲ့တဲ့ အသံဖိုင္ ဒုတိယပိုင္းမွာေတာ့ ေဒါက္တာေဇာ္ေဝစိုးရဲ႕ အေကာင့္ကို report အႀကိမ္ႀကိမ္ထုၾကဖို႔ ျပည္ထဲေရးလက္ေအာက္ခံ ဝန္ထမ္းေတြကို viber group ထဲမွာ ၫႊန္ၾကားေနတာျဖစ္ပါတယ္။
အဆိုပါ အသံဖိုင္ကို ဂ်ာနယ္လစ္တစ္ဦးျဖစ္တဲ့ Mratt Kyaw Thu ရဲ႕ facebook page ျဖစ္တဲ့ Mratt’s Channel ကေန တင္ထားတာ ေတြ႕ရပါတယ္။
“သူ႔ရဲ႕ ေအးစက္စက္အသံႀကီးက အရမ္းေၾကာက္ဖို႔ေကာင္းတယ္”
ေဒၚနီလာစိန္အသံဖိုင္ – အပိုင္း (၂)
ဒီအသံဖိုင္မွာေတာ့ ေဒါက္တာေဇာ္ေဝစိုးကို ျပည္ထဲေရးဝန္ႀကီးဌာန အုပ္စုအေနနဲ႔ ေဖ့စ္ဘြတ္မွာ ရီပို႔ထုဖို႔ ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိုးထြဋ္ရဲ႕ ဇနီး ေဒၚနီလာစိန္က Viber ဂ႐ုထဲ ၫႊန္ၾကားေနတာ ၾကားရပါတယ္။
သူ႔စကားထဲက စကားအသြားအလာအရ ဒီဂ႐ုထဲမွာ လူဦးေရ ၂၀၀ ဝန္းက်င္ရွိတယ္လို႔ ယုံၾကည္ရပါတယ္။