ဦးဖြိုးမင်းသိန်းကို တပ်မတော်ရိပ်သာတွင် ကောင်းမွန်စွာ ထိန်းသိမ်းထားရှိကြောင်း စစ်ကောင်စီပြန်ကြားရေးပြော
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို တပ်မတော်ရိပ်သာတစ်ခုမှာ ကောင်းမွန်စွာထိန်းသိမ်း ထားရှိတယ်လို့ စစ်ကောင်စီရဲ့ ဒုတိယပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါစစ်ကောင်စီ အာဏာသိမ်းယူပြီးနောက် ပြုလုပ်တဲ့ ခြောက်ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ယခုလို ပြောဆိုခဲ့ခြင်းဖြစ်ပြီး၊ မည်သည့် နေရာမှာဆိုတာကိုတော့ အသေးစိတ် ထည့်သွင်းပြောကြားသွားတာမျိုး မရှိပါဘူး။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရ လက်ထက်မှာ ဖွဲစည်းခဲ့တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေကိုလည်း တပ်မတော်ရိပ်သာတစ်ခုမှာ ကောင်းမွန်စွာထားရှိတယ်လို့ လည်း ဆိုပါတယ်“အကုန်လုံးက အင်းစိန်ထောင်ထဲမှာ မဟုတ်ပါဘူး တစ်ချို့သူတွေဟာ ကျွန်တော်ပြောခဲ့သလိုဘဲ တပ်မတော်ရိပ်သာတွေမှာ ရှိပါတယ်။ တပ်မတော်ရိပ်သာတွေမှာ ကောင်းမွန်စွာထားပါတယ်။
ယခင် UEC(ရွေးကောက်ပွဲကော်မရှင်အဖွဲ့)တွေကိုလည်း တပ်မတော်ရိပ်သာမှာဘဲ ကောင်းမွန်စွာထားရှိပါတယ်။” လို့သူက တဆက်တည်း ပြောပါတယ်ဦးဖြိုးမင်းသိန်းဟာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား အမေရိကန်ဒေါ်လာနဲ့ အခေါက်ရွှေချောင်းအချို့ကို ရန်ကုန်ဒေသကြီးအတွင်းမှာရှိတဲ့ စီမံကိန်းအချို့နဲ့ ပတ်သက်ပြီး လာဘ်ထိုးခဲ့တယ်လို့ ထွက်ဆိုထားတဲ့အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူဖို့ရှိ/မရှိကို အလဲဗင်း မီဒီယာက မေးမြန်းခဲ့ရာမှာ ဥပဒေအတိုင်းသာ ဖြစ်စေရမယ်လို့သာ ပြန်လည်ဖြေကြားခဲ့ပါတယ်။
“ ဝန်ကြီးချုပ်များနဲ့ ပတ်သက်ပြီး စစ်ဆေးမေးမြန်းနေတာတွေရှိပါတယ်။ ထုတ်ပြန်နေတာတွေလည်း ရှိပါတယ် စစ်ဆေးမေးမြန်းစဉ်ကာလနဲ့ စစ်ဆေးမမေးမြန်းစဉ်ကာလမှာတော့ ကြိုတင်ပြောလို့ မရပါဘူး။ ကျွန်တော်တို့ တွေ့ရှိချက်တွေကို ထုတ်ပြန်သွားပါမယ်။ ဝန်ကြီးချုပ်တိုင်းလည်း အရေးယူတာမဟုတ်ပါဘူး။ အရေးယူခဲ့တဲ့ ဝန်ကြီးချုပ်တွေက ဘာ့ကြောင့် အမှုဖွင့်ခဲ့တယ် ဘာ့ကြောင့် အရေးယူခဲ့တယ် ဆိုတာကို ကျွန်တော်တို့က ပွင့်လင်းမြင်သာစွာထုတ်ပြန်မယ်ဆိုတာကို ပြောလိုပါတယ်။” လို့ ဆိုပါတယ်။
ထိန်းသိမ်းခံနေရသည့် ဦးဖြိုးမင်းသိန်းကို ဘာကြောင့် အမှုဖွင့် အရေးမယူလဲလို့ အလဲဗင်းသတင်းထောက်က ထပ်ကာထပ်ကာ မေးရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းကရယ်ပြီး “ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် အလဲဗင်းက ဘာဖြစ်နေလဲ ” လို့ မေးခွန်းပြန်မေးခဲ့ပါတယ်။
Zawgyi
ဦးၿဖိဳးမင္းသိန္းကို တပ္မေတာ္ရိပ္သာတြင္ ေကာင္းမြန္စြာ ထိန္းသိမ္းထားရွိေၾကာင္း စစ္ေကာင္စီျပန္ၾကားေရးေျပာ
ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းကို တပ္မေတာ္ရိပ္သာတစ္ခုမွာ ေကာင္းမြန္စြာထိန္းသိမ္း ထားရွိတယ္လို႔ စစ္ေကာင္စီရဲ႕ ဒုတိယျပန္ၾကားေရးဝန္ႀကီး ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဒီကေန႔ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုခဲ့တာပါစစ္ေကာင္စီ အာဏာသိမ္းယူၿပီးေနာက္ ျပဳလုပ္တဲ့ ေျခာက္ႀကိမ္ေျမာက္ သတင္းစာရွင္းလင္းပြဲမွာ ယခုလို ေျပာဆိုခဲ့ျခင္းျဖစ္ၿပီး၊ မည္သည့္ ေနရာမွာဆိုတာကိုေတာ့ အေသးစိတ္ ထည့္သြင္းေျပာၾကားသြားတာမ်ိဳး မရွိပါဘူး။
ဒါ့အျပင္ ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္တဲ့ အရပ္သားအစိုးရ လက္ထက္မွာ ဖြဲစည္းခဲ့တဲ့ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ တာဝန္ရွိသူေတြကိုလည္း တပ္မေတာ္ရိပ္သာတစ္ခုမွာ ေကာင္းမြန္စြာထားရွိတယ္လို႔ လည္း ဆိုပါတယ္“အကုန္လုံးက အင္းစိန္ေထာင္ထဲမွာ မဟုတ္ပါဘူး တစ္ခ်ိဳ႕သူေတြဟာ ကြၽန္ေတာ္ေျပာခဲ့သလိုဘဲ တပ္မေတာ္ရိပ္သာေတြမွာ ရွိပါတယ္။ တပ္မေတာ္ရိပ္သာေတြမွာ ေကာင္းမြန္စြာထားပါတယ္။
ယခင္ UEC(ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕)ေတြကိုလည္း တပ္မေတာ္ရိပ္သာမွာဘဲ ေကာင္းမြန္စြာထားရွိပါတယ္။” လို႔သူက တဆက္တည္း ေျပာပါတယ္ဦးၿဖိဳးမင္းသိန္းဟာ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္အား အေမရိကန္ေဒၚလာနဲ႔ အေခါက္ေ႐ႊေခ်ာင္းအခ်ိဳ႕ကို ရန္ကုန္ေဒသႀကီးအတြင္းမွာရွိတဲ့ စီမံကိန္းအခ်ိဳ႕နဲ႔ ပတ္သက္ၿပီး လာဘ္ထိုးခဲ့တယ္လို႔ ထြက္ဆိုထားတဲ့အတြက္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒနဲ႔ အေရးယူဖို႔ရွိ/မရွိကို အလဲဗင္း မီဒီယာက ေမးျမန္းခဲ့ရာမွာ ဥပေဒအတိုင္းသာ ျဖစ္ေစရမယ္လို႔သာ ျပန္လည္ေျဖၾကားခဲ့ပါတယ္။
“ ဝန္ႀကီးခ်ဳပ္မ်ားနဲ႔ ပတ္သက္ၿပီး စစ္ေဆးေမးျမန္းေနတာေတြရွိပါတယ္။ ထုတ္ျပန္ေနတာေတြလည္း ရွိပါတယ္ စစ္ေဆးေမးျမန္းစဥ္ကာလနဲ႔ စစ္ေဆးမေမးျမန္းစဥ္ကာလမွာေတာ့ ႀကိဳတင္ေျပာလို႔ မရပါဘူး။ ကြၽန္ေတာ္တို႔ ေတြ႕ရွိခ်က္ေတြကို ထုတ္ျပန္သြားပါမယ္။ ဝန္ႀကီးခ်ဳပ္တိုင္းလည္း အေရးယူတာမဟုတ္ပါဘူး။ အေရးယူခဲ့တဲ့ ဝန္ႀကီးခ်ဳပ္ေတြက ဘာ့ေၾကာင့္ အမႈဖြင့္ခဲ့တယ္ ဘာ့ေၾကာင့္ အေရးယူခဲ့တယ္ ဆိုတာကို ကြၽန္ေတာ္တို႔က ပြင့္လင္းျမင္သာစြာထုတ္ျပန္မယ္ဆိုတာကို ေျပာလိုပါတယ္။” လို႔ ဆိုပါတယ္။
ထိန္းသိမ္းခံေနရသည့္ ဦးၿဖိဳးမင္းသိန္းကို ဘာေၾကာင့္ အမႈဖြင့္ အေရးမယူလဲလို႔ အလဲဗင္းသတင္းေထာက္က ထပ္ကာထပ္ကာ ေမးရာတြင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကရယ္ၿပီး “ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ႏွင့္ အလဲဗင္းက ဘာျဖစ္ေနလဲ ” လို႔ ေမးခြန္းျပန္ေမးခဲ့ပါတယ္။