ခင်ပွန်းကြီး (၁၀) ပါး ကန်တော့နည်း

ခင်ပွန်းကြီး (၁၀) ပါး ကန်တော့နည်း

ဘုရားတပည့်တော်သည် သံသရာအစမှစ၍ ယနေ့တိုင်အောင်

(၁) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးတို့အပေါ်၌လည်းကောင်း

(၂) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါအရှင် ကိုယ်တော်မြတ်ကြီးတို့အပေါ်၌လည်းကောင်း

(၃) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော အဂ္ဂသာဝက၊မဟာသာဝက ရဟန္တာအရှင်မြတ်ကြီးတို့အပေါ်၌လည်းကောင်း

(၄) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရဟန္တာအရှင်မြတ်ကြီး တို့အပေါ်၌လည်းကောင်း

(၅) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မိခင်တို့အပေါ်၌လည်းကောင်း

(၆) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ဖခင်တို့အပေါ်၌လည်းကောင်း

(၇) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော လိမ္မာစေရန်ကျိုးကြောင်းပြ၍ ဆုံးမတတ်သော ဆရာသမားတို့၏ အပေါ်၌လည်းကောင်း

(၈) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော သီလဂုဏ်၊သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို ဆည်းပူးဖြည့်ကျင့်လျက်ရှိကြကုန်သော လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်၊အရိယာပုဂ္ဂိုလ် ၊မိမိထက် သိက္ခာအရွယ်ကြီးမားသူတို့၏အပေါ်၌လည်းကောင်း

(၉) ဂုဏ်ကျေးဇူးကြီးမားကြကုန်သော တရားဓမ္မတို့ကို ဟောပြောပြသ ဆုံးမတတ်သော ဆရာသမားတို့၏အပေါ်၌ လည်းကောင်း

(၁၀) ထမင်းတစ်လုပ်၊ရေတစ်မှုတ်စသည်ဖြင့် ပေးကမ်းချီးမြှင့်ထောက်ပံ့ဖူးသော ကျေးဇူးရှင် ပုဂ္ဂိုလ်တို့၏အပေါ်၌လည်း
ကောင်း

ကာယကံ၊ ဝစီကံ၊ မနောကံ သုံးပါးသော ကံတို့ဖြင့် ပြစ်မှားမိခဲ့သည် ရှိခဲ့ပါသော် ထိုအပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ရိုသေမြတ်နိုးလက်စုံမိုး၍ ရှိခိုးပါ၏ဘုရား။

ဤသို့ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ရသော ကောင်းမှုကံစေတနာတို့ကြောင့် အလုံးစုံသော ဘေးရောဂါ အန္တရာယ် အပေါင်းတို့မှ ကင်းဝေးပြီးလျှင် မြတ်စွာဘုရားရှင်ဟောကြားတော်မူသော သစ္စာလေးပါး မြတ်တရားကိုကောင်းစွာ သိမြင်၍ နိဗ္ဗာန်သို့ ဝင်နိုင်သောကိုယ် ဖြစ်ရပါစေသားအရှင်ဘုရား။

အလုံးစုံသောလောကီမင်္ဂလာ အဖြာဖြာတို့သည်လည်း စိတ်ကြံတိုင်းတောင့်တတိုင်း လွယ်ကူလျင်မြန်စွာ ပြည့်စုံ၍၊ နှလုံးစိတ်ဝမ်း အေးချမ်းရပါစေသားအရှင်ဘုရား ။

Zawgyi

ခင္ပြန္းႀကီး (၁၀) ပါး ကန္ေတာ့နည္း

ဘုရားတပည့္ေတာ္သည္ သံသရာအစမွစ၍ ယေန႔တိုင္ေအာင္

(၁) ဂုဏ္ေက်းဇူးႀကီးမားၾကကုန္ေသာ ျမတ္စြာဘုရားရွင္ ကိုယ္ေတာ္ျမတ္ႀကီးတို႔အေပၚ၌လည္းေကာင္း

(၂) ဂုဏ္ေက်းဇူးႀကီးမားၾကကုန္ေသာ ပေစၥကဗုဒၶါအရွင္ ကိုယ္ေတာ္ျမတ္ႀကီးတို႔အေပၚ၌လည္းေကာင္း

(၃) ဂုဏ္ေက်းဇူးႀကီးမားၾကကုန္ေသာ အဂၢသာဝက၊မဟာသာဝက ရဟႏၲာအရွင္ျမတ္ႀကီးတို႔အေပၚ၌လည္းေကာင္း

(၄) ဂုဏ္ေက်းဇူးႀကီးမားၾကကုန္ေသာ ရဟႏၲာအရွင္ျမတ္ႀကီး တို႔အေပၚ၌လည္းေကာင္း

(၅) ဂုဏ္ေက်းဇူးႀကီးမားၾကကုန္ေသာ မိခင္တို႔အေပၚ၌လည္းေကာင္း

(၆) ဂုဏ္ေက်းဇူးႀကီးမားၾကကုန္ေသာ ဖခင္တို႔အေပၚ၌လည္းေကာင္း

(၇) ဂုဏ္ေက်းဇူးႀကီးမားၾကကုန္ေသာ လိမၼာေစရန္က်ိဳးေၾကာင္းျပ၍ ဆုံးမတတ္ေသာ ဆရာသမားတို႔၏ အေပၚ၌လည္းေကာင္း

(၈) ဂုဏ္ေက်းဇူးႀကီးမားၾကကုန္ေသာ သီလဂုဏ္၊သမာဓိဂုဏ္၊ ပညာဂုဏ္တို႔ကို ဆည္းပူးျဖည့္က်င့္လ်က္ရွိၾကကုန္ေသာ လူပုဂၢိဳလ္၊ ရဟန္းပုဂၢိဳလ္၊အရိယာပုဂၢိဳလ္ ၊မိမိထက္ သိကၡာအ႐ြယ္ႀကီးမားသူတို႔၏အေပၚ၌လည္းေကာင္း

(၉) ဂုဏ္ေက်းဇူးႀကီးမားၾကကုန္ေသာ တရားဓမၼတို႔ကို ေဟာေျပာျပသ ဆုံးမတတ္ေသာ ဆရာသမားတို႔၏အေပၚ၌ လည္းေကာင္း

(၁၀) ထမင္းတစ္လုပ္၊ေရတစ္မႈတ္စသည္ျဖင့္ ေပးကမ္းခ်ီးျမႇင့္ေထာက္ပံ့ဖူးေသာ ေက်းဇူးရွင္ ပုဂၢိဳလ္တို႔၏အေပၚ၌လည္း
ေကာင္း

ကာယကံ၊ ဝစီကံ၊ မေနာကံ သုံးပါးေသာ ကံတို႔ျဖင့္ ျပစ္မွားမိခဲ့သည္ ရွိခဲ့ပါေသာ္ ထိုအျပစ္တို႔ကို ေပ်ာက္ပါေစျခင္း အက်ိဳးငွာ ႐ိုေသျမတ္ႏိုးလက္စုံမိုး၍ ရွိခိုးပါ၏ဘုရား။

ဤသို႔ ရွိခိုးပူေဇာ္ ဖူးေျမာ္မာန္ေလ်ာ့ ကန္ေတာ့ရေသာ ေကာင္းမႈကံေစတနာတို႔ေၾကာင့္ အလုံးစုံေသာ ေဘးေရာဂါ အႏၲရာယ္ အေပါင္းတို႔မွ ကင္းေဝးၿပီးလွ်င္ ျမတ္စြာဘုရားရွင္ေဟာၾကားေတာ္မူေသာ သစၥာေလးပါး ျမတ္တရားကိုေကာင္းစြာ သိျမင္၍ နိဗၺာန္သို႔ ဝင္ႏိုင္ေသာကိုယ္ ျဖစ္ရပါေစသားအရွင္ဘုရား။

အလုံးစုံေသာေလာကီမဂၤလာ အျဖာျဖာတို႔သည္လည္း စိတ္ႀကံတိုင္းေတာင့္တတိုင္း လြယ္ကူလ်င္ျမန္စြာ ျပည့္စုံ၍၊ ႏွလုံးစိတ္ဝမ္း ေအးခ်မ္းရပါေစသားအရွင္ဘုရား ။

Leave a Reply

Your email address will not be published. Required fields are marked *