သေမင်းနဲ့အသက်လုခဲ့ရတဲ့ အဲရစ်ဆင်ရဲ့ ထိတ်လန့်ဖွယ်ညတစ်ည (ရုပ်သံ)

သေမင်းနဲ့အသက်လုခဲ့ရတဲ့ အဲရစ်ဆင်ရဲ့ ထိတ်လန့်ဖွယ်ညတစ်ည (ရုပ်သံ)

မနေ့ညက ကစားခဲ့တဲ့ ဒိန်းမတ်နဲ့ဖင်လန်တို့ရဲ့ပွဲမှာ ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင် ကွင်းထဲရုတ်တရက် လဲကျသွားခဲ့ပြီး ကွင်းအတွင်းကပရိသတ်တွေကိုသာမက တစ်ကမ္ဘာလုံးက ပရိသတ်တွေကို တုန်လှုပ်သွားစေခဲ့ပါတယ်။ကင်မရွန်းကစားသမား ဗီဗီယန်ဖိုး အခုလိုကွင်းအတွင်းလဲကျသေဆုံးခဲ့ဖူးတာကြောင့်ဘောလုံးကမ္ဘာကြီးတစ်ခုလုံး အဲရစ်ဆင်အတွက် အစိုးရိမ်ပိုခဲ့ကြရပါတယ်။

ဒိန်းမတ်နဲ့ပိုလန်တို့ကိုပင်ဟေဂင်ကွင်းကြီးထဲမှာကစားနေစဉ် ပထမပိုင်းပြီးခါနီးမှာ အဲရစ်ဆင်ဟာ ကွင်းအတွင်း ရုတ်တရက် အရုပ်ကြိုးပြတ် လဲကျသွားခဲ့ပါတယ်။အင်္ဂလန်ဒိုင်လူကြီး အန်တိုနီတေလာဟာ ပွဲကို ချက်ချင်း ရပ်တန့်ခဲ့ပြီး နှစ်သင်းစလုံးက ဆေးအကူတွေကို အလျင်အမြန် လာရောက်ဖို့ညွှန်ကြားခဲ့ပါတယ်။

ဆေးအကူတွေမရောက်ခင် ဒိန်းမတ်အသင်းခေါင်းဆောင် ဆိုင်မွန်ကေဂျာဟာ ရှေးဦးသူနာပြုစုနည်းနဲ့အဲရစ်ဆင်ကို ပုံမှန်အနေအထားဖြစ်ဖို့ကြိုးစားပြုစုပေးခဲ့ပါတယ်။ဆေးအဖွဲ့တွေရောက်လာချိန်မှာတော့ နှလုံးခုန်ရပ်နေတဲ့ အဲရစ်ဆင်ကို CPR ပေးပြီးလျင်အမြန်ကုသပေးခဲ့ပါတယ်။ဆေးအဖွဲ့ကုသနေစဉ်အတွင်း ဒိန်းမတ် အဖွဲ့သားတွေဟာကင်မရာတွေရဲ့မြင်ကွင်းကနေကာကွယ်ပေးဖို့ အဲရစ်ဆင်ရဲ့ဘေးမှာစက်ဝိုင်းသဖွယ်လက်ချင်းယှက်ကာ နေပေးခဲ့ကြပါတယ်။

သူတို့အားလုံးရဲ့မျက်လုံးတွေကနေမျက်ရည်တွေကျနေခဲ့ပြီးအသင်းဖော်ပြန်နိုးမလာတော့မှာကို စိုးရိမ်နေခဲ့ကြပါတယ်။ပွဲကြည့်စင်ပေါ်ကနေခင်ပွန်းသည်ကိုအားပေးနေတဲ့အဲရစ်ဆင်ရဲ့ဇနီးဟာလည်း မျက်ရည်စက်လက်နဲ့ကွင်းအတွင်းဝင်ရောက်လာခဲ့ပြီးအဲရစ်ဆင်တစ်ခုခုဖြစ်သွားမှာစိုးရိမ်နေခဲ့ပါတယ်။ကံကောင်းစွာပဲဆေးအဖွဲ့ရဲ့ကြိုးစားကုသမှုတွေ၊ကမ္ဘာကြီး တစ်ခုလုံးရဲ့ဆုတောင်းသံတွေကြောင့်အဲရစ်ဆင် သတိပြန်ရလာခဲ့ပြီးဆေးရုံကိုဘေးကင်းစွာ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

အဲရစ်ဆင်ရဲ့မတော်တဆဖြစ်ရပ်ကြောင့်ယူအီးဖက်အေဟာ ပွဲကိုရွှေ့ဆိုင်းဖို့ဆုံးဖြတ်ခဲ့ပေမယ့် ဆေးရုံမှာအခြေအနေတွေပြန်လည်တည်ငြိမ်လာပြီးစကားပြန်ပြောလာနိုင်တဲ့အဲရစ်ဆင်က ပွဲကိုဆက်ကစားဖို့တောင်းဆိုခဲ့တာကြောင့် ဒိန်းမတ်နဲ့ဖင်လန်ပွဲကိုဆက်ကစားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ပွဲပြီးသွားတဲ့အချိန်ဒိန်းမတ်အသင်းသားတွေဟာ ဖင်လန်ကို (၁)ဂိုးဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့ပေမယ့် ယူအီးဖက်အေဟာပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုအဲရစ်ဆင်ကို ဂုဏ်ပြုပေးအပ်ခဲ့ပါတယ်။

Zawgyi

ေသမင္းနဲ႔အသက္လုခဲ့ရတဲ့ အဲရစ္ဆင္ရဲ႕ ထိတ္လန္႔ဖြယ္ညတစ္ည (႐ုပ္သံ)

မေန႔ညက ကစားခဲ့တဲ့ ဒိန္းမတ္နဲ႔ဖင္လန္တို႔ရဲ႕ပြဲမွာ ဒိန္းမတ္ကြင္းလယ္လူ အဲရစ္ဆင္ ကြင္းထဲ႐ုတ္တရက္ လဲက်သြားခဲ့ၿပီး ကြင္းအတြင္းကပရိသတ္ေတြကိုသာမက တစ္ကမာၻလုံးက ပရိသတ္ေတြကို တုန္လႈပ္သြားေစခဲ့ပါတယ္။ကင္မ႐ြန္းကစားသမား ဗီဗီယန္ဖိုး အခုလိုကြင္းအတြင္းလဲက်ေသဆုံးခဲ့ဖူးတာေၾကာင့္ေဘာလုံးကမာၻႀကီးတစ္ခုလုံး အဲရစ္ဆင္အတြက္ အစိုးရိမ္ပိုခဲ့ၾကရပါတယ္။

ဒိန္းမတ္နဲ႔ပိုလန္တို႔ကိုပင္ေဟဂင္ကြင္းႀကီးထဲမွာကစားေနစဥ္ ပထမပိုင္းၿပီးခါနီးမွာ အဲရစ္ဆင္ဟာ ကြင္းအတြင္း ႐ုတ္တရက္ အ႐ုပ္ႀကိဳးျပတ္ လဲက်သြားခဲ့ပါတယ္။အဂၤလန္ဒိုင္လူႀကီး အန္တိုနီေတလာဟာ ပြဲကို ခ်က္ခ်င္း ရပ္တန္႔ခဲ့ၿပီး ႏွစ္သင္းစလုံးက ေဆးအကူေတြကို အလ်င္အျမန္ လာေရာက္ဖို႔ၫႊန္ၾကားခဲ့ပါတယ္။

ေဆးအကူေတြမေရာက္ခင္ ဒိန္းမတ္အသင္းေခါင္းေဆာင္ ဆိုင္မြန္ေကဂ်ာဟာ ေရွးဦးသူနာျပဳစုနည္းနဲ႔အဲရစ္ဆင္ကို ပုံမွန္အေနအထားျဖစ္ဖို႔ႀကိဳးစားျပဳစုေပးခဲ့ပါတယ္။ေဆးအဖြဲ႕ေတြေရာက္လာခ်ိန္မွာေတာ့ ႏွလုံးခုန္ရပ္ေနတဲ့ အဲရစ္ဆင္ကို CPR ေပးၿပီးလ်င္အျမန္ကုသေပးခဲ့ပါတယ္။ေဆးအဖြဲ႕ကုသေနစဥ္အတြင္း ဒိန္းမတ္ အဖြဲ႕သားေတြဟာကင္မရာေတြရဲ႕ျမင္ကြင္းကေနကာကြယ္ေပးဖို႔ အဲရစ္ဆင္ရဲ႕ေဘးမွာစက္ဝိုင္းသဖြယ္လက္ခ်င္းယွက္ကာ ေနေပးခဲ့ၾကပါတယ္။

သူတို႔အားလုံးရဲ႕မ်က္လုံးေတြကေနမ်က္ရည္ေတြက်ေနခဲ့ၿပီးအသင္းေဖာ္ျပန္ႏိုးမလာေတာ့မွာကို စိုးရိမ္ေနခဲ့ၾကပါတယ္။ပြဲၾကည့္စင္ေပၚကေနခင္ပြန္းသည္ကိုအားေပးေနတဲ့အဲရစ္ဆင္ရဲ႕ဇနီးဟာလည္း မ်က္ရည္စက္လက္နဲ႔ကြင္းအတြင္းဝင္ေရာက္လာခဲ့ၿပီးအဲရစ္ဆင္တစ္ခုခုျဖစ္သြားမွာစိုးရိမ္ေနခဲ့ပါတယ္။ကံေကာင္းစြာပဲေဆးအဖြဲ႕ရဲ႕ႀကိဳးစားကုသမႈေတြ၊ကမာၻႀကီး တစ္ခုလုံးရဲ႕ဆုေတာင္းသံေတြေၾကာင့္အဲရစ္ဆင္ သတိျပန္ရလာခဲ့ၿပီးေဆး႐ုံကိုေဘးကင္းစြာ ပို႔ေဆာင္ေပးႏိုင္ခဲ့ပါတယ္။

အဲရစ္ဆင္ရဲ႕မေတာ္တဆျဖစ္ရပ္ေၾကာင့္ယူအီးဖက္ေအဟာ ပြဲကိုေ႐ႊ႕ဆိုင္းဖို႔ဆုံးျဖတ္ခဲ့ေပမယ့္ ေဆး႐ုံမွာအေျခအေနေတြျပန္လည္တည္ၿငိမ္လာၿပီးစကားျပန္ေျပာလာႏိုင္တဲ့အဲရစ္ဆင္က ပြဲကိုဆက္ကစားဖို႔ေတာင္းဆိုခဲ့တာေၾကာင့္ ဒိန္းမတ္နဲ႔ဖင္လန္ပြဲကိုဆက္ကစားဖို႔ဆုံးျဖတ္ခဲ့ပါတယ္။ပြဲၿပီးသြားတဲ့အခ်ိန္ဒိန္းမတ္အသင္းသားေတြဟာ ဖင္လန္ကို (၁)ဂိုးဂိုးမရွိနဲ႔ရႈံးနိမ့္ခဲ့ေပမယ့္ ယူအီးဖက္ေအဟာပြဲရဲ႕အေကာင္းဆုံးကစားသမားဆုကိုအဲရစ္ဆင္ကို ဂုဏ္ျပဳေပးအပ္ခဲ့ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *